Lose To Win With Andy Season (2) ရဲ့ Winnerပါ။

သရုပ်ဆောင် မိုးယုစံရဲ့ မောင်လေး ဆန်းလင်းထွန်းဟာ Lose To Win With Andy Season (2) ရဲ့ Winner ဖြစ်ပါတယ်။ ယခင်က ကိုယ်အလေးချိန် ၃၀၁ ပေါင်ရှိခဲ့ရာမှ ပြိုင်ပွဲဝင်နေတုန်း ၁၅၉ ပေါင်အထိ လျှော့ချနိုင်ပြီး Winner ဆုကို ရရှိခဲ့သူပါ။

Photo : မိုးယုစံ FB



ဒီနေ့(ဇန်နဝါရီ၂၈ရက်)က မိုးယုစံရဲ့ မောင်လေး ဆန်းလင်းထွန်းရဲ့ မွေးနေ့ပါ။ ကိုယ်အလေးချိန် ပေါင် ၁၄၀ကျော် အထိလျှော့ချနိုင်ခဲ့တဲ့ မောင်လေးအတွက် မိုးယုစံက ဂုဏ်ယူနေသလို မောင်လေးအတွက် မွေးနေ့ဆုတောင်း စကားလေးကိုလည်း ယခုလို ပြောထားတာတွေ့ရပါတယ်။

Happy birthday Mg lay ဒီနှစ်မွေးနေ့ကတော့ အဓိပ္ပာယ်ရှိမယ်လို့ ထင်ပါတယ် သူ့ကြိုးမှုကြောင့် ခုလို လှပပြီးကျန်းမာတဲ့ ခန္ဓာကိုယ်နဲ့ ဘဝသစ်စနိုင်သလို ကြိုးစားမှုကရတဲ့ ဆုကြေးငွေနဲ့ ဘုရားသွားကောင်းမှုလုပ် အိမ်မှာ ဘုန်းကြီးဆွမ်းကပ် လယ်တီစံသာသနာ့ရိပ်သာတွက် အလှုငွေ ၅ သိန်း လှူဒါန်းခဲ့ပါတယ်။ အခုကစပြီး ဘဝတစ်လျှောက်လုံး အောင်မြင်တိုးတတ်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာခြင်းတွေပြည့်စုံပါစေ မိတ်ဆွေကောင်းတွေနဲ့တွေ့ပြီး မိဘအပေါ်သိတတ်လိမ္မာတဲ့ သားတစ်ယောက်ဖြစ်ပါစေ ဘဝခရီးလမ်းတစ်လျှောက် ကောင်းမွန်မှန်ကန်ပြီး အခက်ခဲမရှိလျှောက်လှမ်းနိုင်ပါစေလို့ ချစ်အမကဆုတောင်းပေးပါတယ်” ဆိုပြီး ဇန်နဝါရီ(၂၈) ရက်နေ့ ညနေပိုင်းက မိုးယုစံရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။

Photo : My Dream

မွေးနေ့ဆုတောင်းစကားလေး ပြောရင်း မောင်လေးနဲ့ ရိုက်ထားတဲ့ အလှဓာတ်ပုံလေးတွေကိုလည်း တင်ထားပါသေးတယ်။ မိုးယုစံအနေနဲ့ မောင်လေးရဲ့ ကြိုးစားအားထုတ်မှုနဲ့ ပတ်သက်ပြီး ဂုဏ်ယူနေသူတစ်ဦးပါ။ မိုးယုစံဟာ မောင်လေးနဲ့အတူ အင်တာဗျူးတွေ တော်တော်များများဖြေဆို ဖြစ်နေတာလည်း တွေ့ရပါတယ်။

သူ့အနေနဲ့ အခုလိုမျိုး မောင်လေးနဲ့အတူ အင်တာဗျူးတွေ အတူတူလုပ်ရမယ်လို့ တစ်ခါမှ မထင်ထားဘူးဆိုပြီး သူ့ရဲ့ ဖေစ့်ဘွတ်မှာ ပြောခဲ့ဖူးပါတယ်။ မိုးယုစံရဲ့မောင်လေး ဆန်းလင်းထွန်းဟာ အနုပညာအလုပ်တွေ လုပ်သွားဖို့ရှိတယ်လို့လည်း သိရပါတယ်။

Photo : My Dream

မိုးယုစံဟာ လက်ရှိမှာ မိသားစုကို အချိန်ပေးဖြစ်နေပါတယ်။ မိသားစုဘဝကို အချိန်ပေးရင်း သူမချစ်တဲ့အနုပညာအလုပ်တွေနဲ့ နည်းနည်း အလှမ်းဝေးကွာနေပေမယ့်လည်း သူမရွေးချယ်ခဲ့တဲ့လမ်းဟာ အခုချိန်ထိ အဖုအထစ်မရှိတဲ့အတွက် သူမပျော်နေရတယ်လို့ ဆိုပါတယ်။

“အနုပညာအလုပ်ကို အိမ်ရှင်မအလုပ်နဲ့ လဲလိုက်ရတာ တန်တယ်လို့ ထင်လားဆိုတော့ တန်ပါတယ်။ ဘာလို့လည်း ဆိုတော့ ညီမရွေးချယ်လိုက်တဲ့လမ်းဟာ အခုချိန်ထိ ဘာအဖုအထစ်မှ မရှိဘူး။မရှိတဲ့အတွက် ညီမရွေးချယ်တဲ့လမ်းမှန်တယ်။ အဲ့အတွက် အခုချိန်ထိ စိတ်ချမ်းသာတယ်။ ပျော်တယ်။ တန်တယ်လို့ ထင်ပါတယ်။” ဆိုပြီး Shwe FM (9) နှစ်ပြည့်ပွဲမှာ Duwun Media သို့ ပြောပြခဲ့ပါတယ်။

Photo : My Dream

မိုးယုစံရဲ့ မင်္ဂလာပွဲကို ၂၀၁၆ ခုနှစ် အောက်တိုဘာ၂၉ရက်နေ့က Melia ဟိုတယ်မှာ ကျင်းပခဲ့တာဖြစ်ပြီး မင်္ဂလာညစာစားပွဲကိုတော့ အောက်တိုဘာ(၃၁)ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ မိုးယုစံတို့ ဇနီးမောင်နံှရဲ့ မင်္ဂလာပွဲတွေက တော့ ပရိသတ်တွေအားကျခဲ့ရတဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။ အဲ့ဒီနောက် မိုးယုစံက သူမတို့ရဲ့ သားဦးလေး Austin ကို ၂၀၁၇ ခုနှစ် သြဂုတ် ၂၁ ရက်မှာ အောင်မြင်စွာ မွေးဖွားခဲ့ပါတယ်။ သားလေးAustin(ခ) ကောင်းသိင်္ခမိုးသူ ကလည်း ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားသူလေးပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က