ဖေဖော်ဝါရီ လကုန်ပိုင်းမှာ စတင်ဖော်ပြသွားမှာပါ

Facebook ဟာ ကြော်ငြာ ads အတွက် သုံးစွဲသူရဲ့ အချက်အလက်တွေကို ဘယ်သူတွေ ရယူနေသလဲဆိုတာကို လူမှုကွန်ရက်သုံးသူတွေ လွယ်လွယ်ကူကူ ကြည့်နိုင်မယ့်စနစ်ကို ကျင့်သုံးတော့မှာပါ။

Photo: 9to5mac



         ဖေဖော်ဝါရီလကုန်ပိုင်းကစပြီး Facebook ဟာ သူ့ပလက်ဖောင်းပေါ်မှာ ရှိတဲ့ Why am I seeing this ad? (ဒီကြော်ငြာကို ဘာလို့တွေ့နေရသလဲ) ဆိုတဲ့ နေရာကို ဝင်ကြည့်လိုက်ရင် ကြော်ငြာရှင် ကုမ္ပဏီရဲ့ နာမည်ကို ဖော်ပြပေးတော့မှာပါ။ ကြော်ငြာပစ်မှတ်အတွက် ကိုယ့်ရဲ့ ဖုန်းနံပါတ် ၊ အီးမေးလ်လိပ်စာ စသည်ဖြင့် ကိုယ်ရေးအချက်အလက်တွေကို upload တင်ခွင့်ရတဲ့ ကုမ္ပဏီတွေအကြောင်းကို မြင်ရအောင် လုပ်ထားတာ ဖြစ်ပါတယ် ။

         ဒီကနေ ကိုယ့်ရဲ့ ဆက်သွယ်ရန် အချက်အလက်တွေကို Facebook မှာ ဘယ် brand က ဘယ်နေ့မှာ တင်ခဲ့သလဲဆိုတာ သိရတော့မှာ ဖြစ်သလို ဒီအချက်အလက်တွေကို ဘယ်ကုမ္ပဏီ ဘယ် brand အတွက် ဘယ် အေဂျင်စီကနေ တင်ပေးနေသလဲဆိုတဲ့ အချက်ပါ မြင်ရတော့မှာပါ။

         Facebook ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ ကြော်ငြာအေဂျင်စီနဲ့ဈေးကွက်နည်းပညာသမားတွေအတွက် ဘယ်သူက ကြော်ငြာရှင်ကိုယ်စား အရောင်းမြှင့်တင်ရေးအတွက် ဝယယ်ပေပးနေသလဲဆိုတာကို ပြဖို့နည်းလမ်းတစ်ခု လုပ်ဆောင်ထားပါတယ်။ ၂၀၁၇ ခုနှစ်ကလည်း Facebook ဟာ ads နဲ့ပတ်သက်ပြီး ကန့်သတ်ချက်တွေ လုပ်ထားသလို သုံးစွဲသူများဘက်မှ ကုမ္ပဏီရဲ့ လုံခြုံရေးစည်းများနဲ့ငြိစွန်းနေတဲ့ ဘယ် ads ကို မဆို report တင်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။

Photo: found

         ၂၀၁၈ ခုနှစ်ထဲမှာ အမေရိကန်ကွန်ဂရက်လွှတ်တော်ဟာ ရုရှားအခြေစိုက် အင်တာနက်အေဂျင်စီ IRA မှ Facebook ပေါ်မှာ ads ပေါင်း ၃၅၁၉ ခု ဝယ်ယူခဲ့တယ်လို့ဖွင့်ချခဲ့ပါတယ်။ အမေရိကန်ရွေးကောက်ပွဲအတွင်း သြဇာသက်ရောက်ဖို့ကြိုးစားခဲ့တဲ့ ဒီ ads တွေဟာ အမေရိကန် Facebook users ပေါင်း ၁၁.၄ သန်းဆီ ရောက်ခဲ့တာပါ။

         ဖေဖော်ဝါရီ ၂၈ ရက်နေ့က စပြီး Facebook ကြော်ငြာမှာ ပါတဲ့ "Why am I Seeing This ?" ခလုတ်မှာ drop-down menu တစ်ခု လာပြီး ကြော်ငြာအတွက် ပိုက်ဆံပေးထားတဲ့ ကုမ္ပဏီ နာမည်အပြင် သူတို့ရဲ့ပါတနာစာရင်းတွေ တွေ့ရမှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က