နည်းပြဆာရီလက်ထက်မှာ ကျဆင်းလာခဲ့တဲ့ အသင်းရဲ့ ခြေစွမ်းနဲ့ ရလဒ်တွေအပေါ် ပရိသတ်တွေရဲ့ မကျေနပ်မှုက ပိုမိုမြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။
ရာနဲ့ချီရှိတဲ့ ချယ်လ်ဆီးပရိသတ်များဟာ အသင်းရဲ့ တစ်ရာသီစာ လက်မှတ်တွေကို ပြန်လည်ရောင်းချမှုတွေ ပြုလုပ်နေပြီး ချယ်လ်ဆီးအသင်းရဲ့ လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေကို မကြည့်ရှုဖို့အတွက် သပိတ်မှောက်ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။ နည်းပြဆာရီလက်ထက်မှာ ကျဆင်းလာခဲ့တဲ့ အသင်းရဲ့ ခြေစွမ်းနဲ့ ရလဒ်တွေအပေါ် ပရိသတ်တွေရဲ့ မကျေနပ်မှုက ပိုမိုမြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။
ဝုလ်ဗ်နဲ့ ကစားခဲ့တဲ့ အိမ်ကွင်းနောက်ဆုံးပွဲမှာလည်း စတန်းဖို့ဘရစ်ချ်ကွင်းအတွင်းမှာ နေရာလွတ်တွေ အများကြီးရှိနေခဲ့ပြီးတော့ ဘရိုက်တန်၊ ဝက်စ်ဟမ်း၊ ဘန်လေတို့နဲ့ ကစားရမယ့် အိမ်ကွင်းပွဲစဉ်တွေမှာလည်း အလားတူ ထိုင်ခုံနေရာလွတ်တွေ အများအပြား ရှိနေဦးမယ်လို့
မျှော်လင့်ရကြောင်း အင်္ဂလန်သတင်းဌာန Daily Mail က ရေးသားဖော်ပြခဲ့ပါတယ်။
ဆာရီကို ထုတ်ပယ်ဖို့အတွက် အသင်းပရိသတ်များက အသင်းဘုတ်အဖွဲ့ကို ဖိအားပေးနေခဲ့တာဖြစ်ပြီးတော့ တစ်ရာသီစာလက်မှတ်ဝယ်ယူထားတဲ့ ပရိသတ် (၄၀၀)ကျော်ဟာ သူတို့ရဲ့ လက်မှတ်တွေကို ပြန်လည်ရောင်းချဖို့အတွက် အရောင်းစာရင်းတင်ခဲ့ကြတယ်လို့ သိရပါတယ်။ ဝက်စ်ဟမ်းနဲ့ ကစားရမယ့်ပွဲဖြစ်ပြီးတော့ ဧပြီလ (၈)ရက်နေ့မှာ ကစားသွားမှာ ဖြစ်ပါတယ်။
ဘန်လေနဲ့ ကစားရမယ့် ဧပြီလ (၂၂)ရက်နေ့ အဝေးကွင်းပွဲစဉ်အတွက် ပရိသတ်ပေါင်း (၇၀၀)က လက်မှတ်ပြန်လည်ရောင်းချနေကြပြီးတော့ တကယ်လို့ ပြန်လည်ရောင်းချရခြင်းမရှိခဲ့ပါကလည်း အဆိုပါပွဲစဉ်ကို သွားရောက်ကြည့်ရှုခြင်း ပြုလုပ်မှာမဟုတ်ဘူးလို့ Daily Mail ကို ပြောကြားခဲ့ကြောင်း သိရပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ တရားဝင်လက်မှတ်ရောင်းဝယ်ရေးဝန်ဆောင်မှုမှာ အရောင်းစာရင်းတင်နေကြတာလည်း ဖြစ်ပါတယ်။
ချယ်လ်ဆီးကတော့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်ကို ရောက်ရှိနေပြီး ပရီးမီးယားလိဂ်မှာ အဆင့် (၆)နေရာ ရပ်တည်နေတဲ့ အသင်းဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်ရှိနေသေးပြီး ယူရိုပါလိဂ်ဖလားကိုလည်း ဆွတ်ခူးနိုင်ဖို့ အခွင့်အရေးရှိနေသေးပေမယ့် ဆာရီရဲ့ နည်းစနစ်နဲ့ ကစားပုံအပေါ် ပရိသတ်တွေက ပျင်းရိငြီးငွေ့နေခဲ့ပြီး ဆာရီရဲ့ ဆာရီဘောကစားကွက်ကိုလည်း ဆဲဆိုကာ ဝေဖန်ခဲ့ကြပါသေးတယ်။