လူအများမျှော်လင့်သလို မဟုတ်တဲ့အတွက် ဝမ်းနည်းပါတယ်တဲ့။

ကိုယ်စောင့်နတ် ရုပ်ရှင်ဇာတ်ကားဟာဆိုရင် ရုံမတင်သေးခင်ကတည်းက ပိုစတာတွေကြောင့် ပရိသတ်တွေကြား ရေပန်းစားနေတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။


လူငယ်သရုပ်ဆောင်များစွာ ပါဝင်ထားတဲ့ ကိုယ်စောင့်နတ် ရုပ်ရှင်ကားရဲ့ Family Show ကို ဒီဇင်ဘာလ ၁၇ ရက်နေ့က Junction City မှာပြုလုပ်ခဲ့ပါတယ်။ အဲဒီကားထဲမှာ အဓိကသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ လွှမ်းပိုင်က ဇာတ်ကားနဲ့ ပတ်သက်ပြီး လူတွေအထင်မြင်လွဲနေတဲ့ ထွန်းထွန်းနဲ့ ပိုစတာပုံအကြောင်းကို Duwun Media ကနေတဆင့် ပရိသတ်ကို ရှင်းပြခဲ့ပါတယ်။

"အမှန်က အဲဒါ ဘာမှမဟုတ်ပါဘူး။ ကျွန်တော်တို့ အဲဒီကားတင်တော့ အခုက Boy Love တွေကလည်း အရမ်းခေတ်စားနေတော့ Boy Love ကားလား ဘာလားညာလား အဲဒီလိုတွေ ထင်ကုန်ကြတယ်။ အမှန်တော့ Boy Love ကား မဟုတ်ပါဘူး။ ဒီထဲက ဇာတ်ဝင်ခန်းတစ်ခန်းမှာ အဲဒီလိုလေးပါ" လို့ လွှမ်းပိုင်က ရှင်းပြခဲ့တာပါ။

Photo - ကိုယ်စောင့်နတ် ရုပ်ရှင်ဇာတ်ကားကြီး Facebook Page

“Share တဲ့အတွက်တော့ ကျေးဇူးတင်ပါတယ်။ တော်တော်များများက Boy Love ကားဆိုရင် ကောင်းမယ်လို့ ပြောကြတယ်။ Boy Love ကား မဟုတ်တာတော့ ဝမ်းနည်းပါတယ်”လို့ လွှမ်းပိုင်က ဆိုရင်း ကိုယ်စောင့်နတ် ရုပ်ရှင်ကားမှာ လွှမ်းပိုင်က သရုပ်ဆောင်တစ်ယောက်ထက်ပိုတဲ့ ပါဝင်ခွင့်ကို ရခဲ့တဲ့အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်.

"ပရိုဂျူဆာပိုင်းမှာလည်း ကျွန်တော်ပါတယ်။ အများကြီးပါပဲ။ အရမ်းလည်း အတွေ့အကြုံတွေ အများကြီးရတယ်" လို့ လွှမ်းပိုင်က ပြောပါတယ်။

Photo - ကိုယ်စောင့်နတ် ရုပ်ရှင်ဇာတ်ကားကြီး Facebook Page

လူငယ်ကျောင်းသား ဟာသရုပ်ရှင်ကားဖြစ်တဲ့ ကိုယ်စောင့်နတ် ရုပ်ရှင်ကားကို ဒါရိုက်တာ ဝင်းလွင်ထက် ရိုက်ကူးထားပြီး ကျော်သူ၊ ရန်အောင်၊ ထွန်းထွန်း၊ လွှမ်းပိုင်၊ ထူးအောင်၊ ဆန်းထွဋ်၊ အောင်ရဲထွေး၊ သုတဇော်၊ မျိုးဇော်၊ ခင်ဝင့်ဝါ၊ မေသဉ္ဇာဦး၊ ခိုင်သဇင်ငုဝါ၊ ချောကလျာ၊ စုလင်းရှိန်၊ စူးရှခင်၊ နန်းချစ်၊ ခွန်းချို၊ ကင်းကောင်၊ ဇင်မျိုး၊ တက္ကသိုလ်ဂွမ်းပုံ စတဲ့ သရုပ်ဆောင် များစွာ ပါဝင်ထားပါတယ်။

ဒါ့အပြင် ဒီကားမှာ ဧည့်သည်သရုပ်ဆောင်များအဖြစ် သင်ဇာဝင့်ကျော်၊ ခေးဆက်သွင်နဲ့ မြန်မာ့လက်ရွေးစင်ေ ဘာလုံးသမားဟောင်း မျိုးလှိုင်ဝင်းတို့လည်း ပါဝင်ထားတယ်လို့ သိရပါတယ်။



Share

Loading Next Article...
က္က