အရေးယူတာထက် ပိုပြီး ကောင်းမွန်တဲ့ နည်းလမ်းလေးကိုလည်း ပြောပြခဲ့ပါတယ်။

အချုပ်ထဲမှာ ဖြတ်သန်းခဲ့ရတဲ့ ကာလတွေက သူတို့သုံးယောက်စလုံးအတွက် အိပ်မက်ဆိုးတွေပါပဲလို့ ဖြိုးပြည့်စုံက ဆိုပါတယ်။

မူးယစ်ဆေးဝါး သံသယမှုနဲ့ ဖမ်းဆီးစဉ်မှာ မူးယစ်ရဲတပ်ဖွဲ့နှင့်အတူ ပါလာတဲ့ သတင်းပေးတစ်ဦးက တေးရေး ငြိမ်းချမ်းကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေ ရှိခဲ့ပေမယ့်လည်း ခံခဲ့ရသူ ငြိမ်းချမ်းကိုဘက်က တရားပြန်စွဲ သွားမှာ မဟုတ်ဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။တစ်ဦးတစ်ယောက်ကို အရေးယူတာထက် ပိုကောင်းတဲ့ နည်းလမ်းကို ဖြိုးပြည့်စုံက ပြောပြခဲ့ပါတယ်။

“နောက်သတင်းတွေအရ ကိုယ်ထိလက်ရောက်လုပ်သွားတဲ့ သူသည် ရဲလည်းမဟုတ်ဘူး သတင်းပေး တစ်ဦးလို့သာ ကြားရတယ်။ အဲဒီတော့ ဒီပုဂ္ဂိုလ်ကို ပြဿနာ ပြန်ရှာပြီးတော့ တရားစွဲဆိုတာပဲ ဖြစ်ဖြစ် ထောင်ချတာပဲဖြစ်ဖြစ် အဲ့လို လုပ်တာထက် ကျွန်တော်တို့ဆိုလိုချင်တဲ့အဖြေက နောင်နောင်မှာ ဒီလိုကိစ္စတွေနဲ့ တူတဲ့ကိစ္စရပ်တွေမှာ ကျွန်တော်တို့ ပြရုပ်လေး တစ်ခုက သက်သေတစ်ခုအနေနဲ့ မလုပ်သင့်ဘူး။ မလုပ်ရဘူး မလုပ်ဖြစ်ဘူးဆိုတဲ့ အဖြေထိ သွားချင်ပါတယ်။ ခုနက ပြောတဲ့ တစ်ဦးတစ်ယောက်ကို အရေးယူတာထက် ပိုပြီး ကောင်းမွန်တဲ့ နည်းလမ်းလည်း ကျွန်တော်တို့ ထင်ပါတယ်။ ငြိမ်းချမ်းကိုရဲ့ ရင်ထဲမှာလည်း သူခံလိုက်ရပေမယ့် ဒီလိုရလာဒ်မျိုး တိုင်းပြည်အတွက် ကောင်းမွန်တဲ့ အဖြေတစ်ခု ထွက်လာရင်ပဲ သူကျေနပ်မယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ အဆိုတော် ဖြိုးပြည့်စုံက ဒီနေ့(အောက်တိုဘာ၁၅ရက်)မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကို ပြောပြခဲ့တာဖြစ်ပါတယ်။

တေးရေး ငြိမ်းချမ်းကိုအနေနဲ့ကလည်း ဗုဒ္ဓဘာသာ တစ်ယောက်အနေနဲ့ ဝဋ်ကျွေးရှိလို့ ဆပ်ရတယ်လို့ပဲ သဘောထားတယ်လို့ ဆိုပါတယ်။

“ကျွန်တော်ကတော့ ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့ကတော့ အတိတ်ကံ ဝဋ်ကျွေးကြောင့်ပဲ ပေါင်းစပ်လိုက်ရတယ်လို့ မှတ်ယူပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်မကျူးလွန်ထားတဲ့ ကိစ္စကို ဒီလိုအိမ်မက်ဆိုးလို ဖြစ်သွားတော့ စိတ်မကောင်းပါဘူး” လို့ သူက ပြောပါတယ်။

မူးယစ်ဆေးဝါး သံသယမှုနဲ့ ဖမ်းဆီးထိန်းသိမ်း စစ်ဆေးခံခဲ့ရတဲ့ အဆိုတော် ဖြိုးပြည့်စုံ၊ ငြိမ်းချမ်းကိုနဲ့ ရော်နီစန်အောင် တို့ရဲ့ သတင်းစာရှင်းလင်းပွဲကို ဒီနေ့(အောက်တိုဘာ၁၅ရက်)က Orchid hotel မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။သူတို့သုံးဦးအတွက် အချုပ်ခန်းထဲ ရောက်နေတဲ့ နေ့ရက်တွေဟာ အိပ်မက်ဆိုးတွေ မက်နေရသလိုပါပဲလို့ ဆိုပါတယ်။

အဆိုတော် ဖြိုးပြည့်စုံ၊ ငြိမ်းချမ်းကိုနဲ့ ရော်နီစန်းလွင်တို့သုံးဦးဟာ မူးယစ်ဆေးဝါး သံသယရှိမှုနဲ့ အောက်တိုဘာ(၇) ရက်နေ့က ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပြီး အောက်တိုဘာ(၉)ရက်နေ့မှာတော့ သူတို့နဲ့အတူ တွေ့ရှိတဲ့ဆေးပြားတွေဟာ မူးယစ်ဆေးမဟုတ်တာကြောင့် ရဲတပ်ဖွဲ့က ပြန်လွှတ်ပေးခဲ့ပါတယ်။

Share

Loading Next Article...
က္က