သူကိုယ်တိုင်ကလည်း ကြိုးစားတဲ့သူတစ်ယောက်ပါ။

တိုင်ရွန်ဟာ သူကိုယ်တိုင်အားကျရတဲ့ အရာတိုင်းကို မဖြစ်ဖြစ်အောင် ကြိုးစားရတာ ပိုသဘောကျတယ်လို့ ဆိုလာပါတယ်။ 

photo: Tyron Bejay



တိုင်ရွန်ကတော့ ဝါသနာပါတဲ့ အနုပညာအလုပ်တွေကို တစိုက်မတ်မတ် ကြိုးစားဆောင်ရွက်နေသူဖြစ်ပါတယ်။ ကိုယ့်ထက်သာတဲ့သူတွေကို အားကျပေမယ့် စိတ်ဓာတ်ကျတာမျိုးတွေ မရှိဘူးလို့ ဆိုပါတယ်။ 

"ကျွန်တော့်မှာ ကိုယ့်ထက်သာတဲ့သူတွေကို အားကျတာဘဲရှိမယ်။ စိတ်ဓာတ်ကျတယ်ဆိုတာ မရှိဘူး။ 

သူများနဲ့ယှဉ်လို့ အရပ်ပုတယ်၊ အသားမဲတယ်၊ ရုပ်ဆိုးတယ် ပြောရင် ကျွန်တော် စိတ်မဆိုးဘူး။ ဘာလို့ဆိုတော့ အရပ်ဆိုတာ ဘုရားကပေးတာ ရုပ်ရည်ဆိုတာ သဘာဝကပေးတာ လုပ်ယူလို့မရဘူး။ အဲ့ဒီအတွက် ဝမ်းမနည်းဘူး။ ဒါပေမဲ့ ပိန်လိုက်တာလို့ပြောရင်တော့ ခံစားရမယ်။ ဘာလို့ဆိုတော့ ကျွန်တော် ဝအောင်လုပ်နိုင်ရဲ့သားနဲ့ ကျွန်တော်ပျင်းလို့ ပြောခံရတာ တစ်နေ့ အဲ့ဒီလိုပြောနေတာတွေ ရပ်စေရမယ်။ ဒါအနီးစပ်ဆုံးဥပမာပါ။ ကျွန်တော်လုပ်နိုင်တဲ့အရာတွေအတွက် ကျွန်တော်လုပ်မယ်။လုပ်နိုင်ရဲ့သားနဲ့ မလုပ်ဘူးဆိုတာမရှိအောင်နေမယ်" ဆိုပြီးတော့ ဧပြီလ ၂၄ ရက်နေ့ ည ၇ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

photo: Tyron Bejay

တိုင်ရွန်ဟာ သူကိုယ်တိုင် တွေ့ကြုံဖြတ်သန်းရတဲ့ အရာတွေကို အမြဲတမ်း ရင်ဖွင့်တတ်သူပါ။ အနုပညာအလုပ် တွေ လုပ်နေချိန်မှာ သူ့အပေါ်မှာ ကောင်းတဲ့သူတွေရှိသလို မကောင်းတဲ့ မိတ်ဆွေတွေနဲ့လည်း ကြုံခဲ့ရဖူးတယ်လို့ သူကဆိုပါတယ်။ 

‘’တစ်ခါတလေ ကိုယ့်နားက မကောင်းတာတွေထွက်သွားတဲ့အခါ ကိုယ်က မကောင်းတာတွေကို စွဲလန်းနေတဲ့သူဖြစ်နေရင် ကံဆိုးတယ်လို့ထင်တတ်ကြတယ်။ တကယ်က ကံဆိုးတာ မဟုတ်ဘူး မကောင်းတာတွေ ကိုယ့်နားက ထွက်သွားတာ မခံစားပါနဲ့ ကံကောင်းလာတယ်မှတ်ပါ’’ ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ဖူးပါတယ်။ 

Photo: Bling Bling

တိုင်ရွန်ဟာ ပရိသတ်တွေအတွက် စံပြတစ်ယောက်ဖြစ်အောင် အကောင်းဆုံး ကြိုးစားပြီး နေထိုင်တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ရှေ့ဆက်ပြီးတော့လည်း အနုပညာအလုပ်တွေနဲ့ အတူ ပရဟိတအလုပ်တွေကိုလည်း စွမ်းစွမ်းတမံ ဆောင်ရွက်သွားမယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။သူဟာ အနုပညာလောကထဲကို Model တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ အောင်မြင်တဲ့လူငယ် အနုပညာရှင်တစ်ယောက်ဖြစ်လို့ နေပါပြီ။ သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်လို့တော့ အောက်ခြေသိမ်းကစပြီး ကြိုးစားလာတဲ့ လူငယ်အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

က္က