ဟန်မဆောင်တတ်ဘူးတဲ့။

စပွန်ဆာတွေကြောင့် ပြောင်းလဲသွားတယ်ဆိုတဲ့ အပြောတွေအပေါ် ခြူးလေးက ပြန်လည်ချေပလိုက်တာ ဖြစ်ပါတယ်။ဝေဖန်သူတွေရဲ့ ကြားထဲမှာ ကိုယ့်ရဲ့ အနေမှန်မှုကို ပြလိုက်ရင် အားလုံးငြိမ်သွားမှာပါလို့ သူမက ဆိုပါတယ်။

Photo : ခြူးလေး

သရုပ်ဆောင် ခြူးလေးရဲ့ ပြောင်းလဲလာမှုတွေက အကုန်လုံးကို အံ့အားသင့်စေခဲ့ပါတယ်။ အရင်ကထက်အများကြီး ပိုလှလာသလို အရင်ကထက်လည်း ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့် ဖြစ်လို့နေပါတယ်။ ၂၀၁၉ခုနှစ် နှစ်စလောက်ကတည်းက တဖြည်းဖြည်း ပြောင်းလဲလာခဲ့တဲ့ ခြူးလေးက အရင်က ခြူးလေးနဲ့ အရမ်းကို ကွာခြားသွားခဲ့တဲ့အပေါ် မလိုသူတွေရဲ့ ဝေဖန်မှုတွေလည်း ရှိလို့လာခဲ့ပါတယ်။ အဲဒီ ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး ခြူးလေးကတော့ ယခုလို ပွင့်ပွင့်လင်းလင်း ပြန်လည်ဖြေရှင်းခဲ့ပါသေးတယ်။

“အခုလို ပြောင်းလဲသွားတာ စပွန်ဆာတွေကြောင့်လို့ ပြောကြတယ်။ အဲ့ဒါကလေ ဘယ်လိုပြောရမလဲ ခြူးလေးရဲ့ မျက်လုံးကိုပဲ ကြည့်ပါလို့ ပြောချင်တယ်။ အဲ့လိုမေးလိုက်တဲ့အချိန်မှာ ပြန်ဖြေလိုက်တဲ့ မျက်လုံးက ဘယ်လောက် ထိ လိပ်ပြာသန့်လဲဆိုတာ ကြည့်တာနဲ့ သိမှာပါ။ ခြူးလေးက ဟန်မှမဆောင်တတ်တာ။ အစောကြီးကတည်းက ပြုပြင်ပြောင်းလဲမယ်ဆိုပြီး မနှစ်ကတည်းက ကြွေးကြော်ထားတာ။ ပြောတဲ့အတိုင်းပဲ ပြုပြင်ပြောင်းလဲလာတယ်။ လူတွေပြောချင်တာ ကြိုက်သလို ပြောလို့ရတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ အနေမှန်မှုနဲ့ ပြလိုက်ရင် အကုန်လုံး ငြိမ်သွားမှာပါ။ ခြူးလေး ဘယ်လောက်ထိ လိပ်ပြာသန့်လည်းဆိုတာ ခြူးလေး မျက်လုံးမှာ ရှိပါတယ်” ဆိုပြီး ဇူလိုင်(၁၈) ရက်နေ့က ပြုလုပ်တဲ့ JCGV ရုပ်ရှင်ရုံဖွင့်ပွဲမှာ ပြောပြခဲ့တာပါ။

Photo : ခြူးလေး

သရုပ်ဆောင်ခြူးလေးတစ်ယောက် သူ့ရဲ့ အပြောအဆို၊ အပြုအမူကအစ အများကြီး ပြောင် းလဲလာတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီလို ပြောင်းလဲသွားတာကလည်း ပရိသတ်ကို ပေးထားတဲ့ ကတိအတိုင်း ပြောင်းလဲလိုက်တာပါလို့ Duwun Media ကနေပြောပြလာပါတယ်။

‘’ ခြူးလေးပြောထားတဲ့ ကတိအတိုင်းပါပဲ။ ၂၀၁၉ ထဲမှာ ပရိသတ်တွေကို အရင်တုန်းကနဲ့မတူတဲ့ ခြူးလေး အဖြစ်နဲ့ပြောင်းလဲသွားပါ့မယ်ဆိုတဲ့ ကတိအတိုင်း ခြူးလေး ပြောင်းလဲလိုက်တာပါ။ ပေါ့ပါးသွားတယ် Confidence ပိုရှိသွားတယ်။ အရင်လိုမျိုး ကြောက်ကြောက်လန့်လန့်နဲ့ ပွဲလာရင် ပြီးရင် ကုတ်ချောင်း ကုတ်ချောင်းနဲ့ ပြန်ပြေးသွားတဲ့ ကောင်မလေးတစ်ယောက်တော့ မဟုတ်တော့ဘူးပေါ့နော်။ စိတ်ကလည်း အရေးကြီးပါတယ်၊ အဲဒီ စိတ်ကြောင့်မို့လို့ လူက ပိုပြီးတော့ ပွင့်လင်းသွားတာပေါ့နော်’’ လို့ သူက ယခင်က အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါသေးတယ်။

Photo : ခြူးလေး

အရင်တုန်းက ခြူးလေးနဲ့ အခု ခြူးလေး မတူတော့တဲ့အကြောင်းကိုလည်း ပြောပြလာပါသေးတယ်။ ပရိသတ်တွေကိုလည်း မာနကြီးတယ်လို့ မထင်ရအောင် သူမကိုယ်တိုင် ပြောင်းလဲ လာတဲ့အပိုင်းတွေ အများကြီးပါတဲ့။

‘’အရင်တုန်းက လူကြောက်တတ်တယ်၊ အားငယ်တတ်တယ်၊ သိမ်ငယ်တတ်တယ်။ အဲဒီစိတ်နဲ့ပဲ နေရင်းနဲ့ ချေသလိုလို၊ မာနကြီးသလိုလိုဆိုပြီးတော့ လူတွေပြောတာ ခံရဖူးတယ်။ အဲဒီအတွက် ကိုယ်က ချေတဲ့လူတစ်ယောက် မဟုတ်ဘူးဆိုုတာကို ကိုယ့်ကိုယ်ကိုယ် ကင်မရာထောင်ပြီး Til Tok လေးတွေ ရိုက်ပြရတဲ့အထိ ရောက်သွားတာပေါ့နော်။ အဲဒါမှပဲ နားလည်လာကြပါတယ်’’ လို့ ပြဿနာ ရုပ်ရှင်အထူးပြပွဲမှာ ပြောပြခဲ့ပါတယ်။

Photo : ခြူးလေး

ခြူးလေး(Chue Lay) ဟာ MRTV 4 ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်းနဲ့ နာမည်ရလာတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ သူမကို "ထာဝရ မန္တလေး" ရုပ်သံဇာတ်လမ်းတွဲနဲ့ လူသိများလာတာဖြစ်ပြီး အဲဒီနောက်မှာ ဗီဒီယိုတွေလည်း ရိုက်ကူးလာတာကို တွေ့ရပါတယ်။၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက ရိုက်ကူးတဲ့ One Night In The Old House ဆိုတဲ့ ဗီဒီယိုကားထဲမှာ ကိုရီးယားရူးမလေးအဖြစ် ပါဝင်ထားတဲ့ အပြင် MRTV 4 မှာ ပြသခဲ့တဲ့ "ပဉ္စလက်ရွာ" ဇာတ်လမ်းတွဲထဲမှာပါလည်း ပါဝင်ထားပါသေးတယ်။အခုနောက်ပိုင်းဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ဆိုသလို ရိုက်ကူးနေရပါပြီ။

Share

Loading Next Article...
က္က