သူ့ရဲ့ ခံစားချက်တွေကို ပြောပြလာပါတယ်။

နိုင်လူကတော့ လူကြမ်းသရုပ်ဆောင် ဘဝတုန်းက ကြုံတွေ့ခဲ့ရတဲ့ အမှတ်တရတွေကို အခုလို ပြောပြလာပါတယ်။ 

Photo: Naing Lu



လူကြမ်းသရုပ်ဆောင်အဖြစ် ပရိသတ်တွေ သိခဲ့ကြတဲ့ သရုပ်ဆောင် နိုင်လူကတော့ သူ့ရဲ့ လူကြမ်းဘဝ ဖြတ်သန်းခဲ့ရတဲ့ အကြောင်းတွေကို အခုလို ပြောပြခဲ့ပါတယ်။ ပရိသတ်တွေကလည်း အပြင်မှာတွေ့ရင် ရှောင်ဖယ် ရှောင်ဖယ် လုပ်ကြတယ်လို့ Duwun ကို ပြောလာပါတယ်။ 

“ အရင်တုန်းကဆိုရင် ကိုယ့်ကို လူနဲ့ နာမည်နဲ့ တွဲပြီး မသိကြဘူး။ နောက်ကျတော့မှ လူနဲ့ ရုပ်ကို တွဲသိလာကြပြီးတော့ ရုပ်ရှင်ထဲမှာပါတဲ့ လူဆိုပြီးတော့ လူတွေက သိလာကြတာ။ အပြင်သွားရင်တောင် ကောင်မလေးတွေက ကိုယ့်ဘက်ခြမ်းကနေ လျှောက်နေရင်းက ကိုယ့်ကိုမြင်တော့ ဟိုဘက်လမ်းကူးသွားတာတို့၊ ထီးနဲ့ကွယ်ပြီးတော့ သွားတာတို့၊ ခရီးသွားရင်တောင် ကိုယ်နဲ့ခုံအတူတူထိုင်မိတဲ့ မိန်းကလေးတစ်ယောက်က ကိုယ့်ကိုကြည့်ပြီး မျက်စိမျက်နှာတွေ ပျက်ပြီး ကြောက်နေတာမျိုးတွေ ကြုံခဲ့ဖူးတယ်။ ကိုယ့်ကိုမြင်တာနဲ့ ကြောက်သွားတဲ့ လူတွေ ကြုံခဲ့ရတယ်” လို့ သူက ဆိုပါတယ်။ 

Photo: Naing Lu

နိုင်လူကိုယ်တိုင်ကလည်း အနုပညာလောကထဲကို စဝင်လာကတည်းက ရိုက်ခဲ့ရတဲ့ ဇာတ်ကားတွေမှာ ကောင်းတဲ့ လူအဖြစ် သရုပ်ဆောင်ခဲ့ရတာ မဟုတ်ဘူးလို့ စိတ်မကောင်းစွာနဲ့ ပြောပြခဲ့ပြန်ပါသေးတယ်။ 

“ ကိုယ်က အနုပညာသက်တမ်းနုသေးတဲ့ အချိန်တုန်းက ခံတော့ ခံစားရတာပေ့ါနော်။ တစ်ခါတလေ ရိုက်ကွင်းပေါ်မှာ မင်းသားက ကိုယ့်ကို ထိုးလိုက်တယ်ဆိုရင် အစ်ကို့ကို ထိသွားပေမယ့်လည်း ပရိသတ်တွေက မင်းသားကို လက်နာသွားလားတို့၊ ဘာတို့ ရှိကြတယ်ဆိုတော့ စိတ်မကောင်းလေး ဖြစ်မိပါတယ်။ အားငယ်မိတယ်။ ဇာတ်ကားတွေ အများကြီးရိုက်ရင်းနဲ့ ဒဏ်ရာတွေလည်း အများကြီး ရခဲ့ပါတယ်။ ကိုယ်ပါဝင်ရတဲ့ ဇာတ်ဝင်ခန်းတွေကလည်း မင်းသား၊ မင်းသမီးတွေကို ဒုက္ခပေးရင်ပေး၊ မဟုတ်ရင် တစ်ခုခုကို ဒုက္ခပေးရတဲ့ ဇာတ်ဝင်ခန်းတွေမှာပဲ ပါရတာလေ။ ကောင်းတဲ့ ဇာတ်ကားတွေလည်း တစ်ခါမှ မရိုက်ခဲ့ရပါဘူး” လို့ သူက ဆိုပါတယ်။ 

Photo: Naing Lu

သရုပ်ဆောင်နိုင်လူကိုတော့ လူကြမ်းသရုပ်ဆောင် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း နှစ် ၂၀ ကျော်ခဲ့ပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ ချစ်ရတဲ့ ဇနီး၊ ချစ်ရတဲ့ သမီးလေး နဲ့ အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို တည်ထောင်နေတာဖြစ်ပါတယ်။ လက်ရှိမှာလည်း နိုင်လူက အနုပညာအလုပ်တွေ လုပ်တာ သိပ်မတွေ့ရတော့ပါဘူး။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က