ပိုင်တံခွန်ကတော့ သူ့ရဲ့ မိဘတွေ အပေါ် ထားရှိတဲ့ သားတစ်ယောက်ရဲ့ ဆန္ဒလေးကို အခုလို ပြောပြခဲ့ပါတယ်။
photo: Pain TaKon
ပိုင်တံခွန်ဟာ မိဘအပေါ် အင်မတန် သိတတ်လိမ္မာတဲ့ သားတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ သူကိုယ်တိုင်လည်း ကုသိုလ်ကောင်းမှုလေးတွေ လုပ်ဖြစ်သလို မိဘတွေကိုလည်း ကုသိုလ်ကောင်းမှုလေးတွေ လုပ်ဖို့ တိုက်တွန်းလေ့ရှိတယ်လို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့် ဖြေဆိုခဲ့ပါတယ်။
“ ကျွန်တော်ကလေ ကိုယ့်အတွက် ဆိုတာထက် မိဘတွေ အတွက်ကို ပိုစိတ်ပူတယ်။ ငါ့ မိဘတွေ တစ်ခုခု ဖြစ်ခဲ့လို့ ရှိရင် သူတို့ရဲ့ ဘဝမှာ ကောင်းမှု၊ မကောင်းမှုတွေက မိဘတွေရဲ့ အနောက်ကိုပါမှာလေ။ သေခြင်းတရားဆိုတာ တစ်နေ့ လူတိုင်း ကြုံတွေ့ရမှာပါပဲ။ ဒီတော့ ငါ့မိဘတွေ ကောင်းမှု ကုသိုလ်တွေ လုပ်ချင်စိတ်ဖြစ်အောင် ဘယ်လို နှိုးဆွရမလဲ ဆိုတဲ့ ခံစားချက်ရှိတယ်။ အရင်တုန်းကတော့ ငါ့မိဘကို ပိုက်ဆံ ဘယ်လောက်ပေးလိုက်ရမှ ဆိုတာတွေရှိခဲ့ဖူးတယ်။ ဒါတွေက သေရင် ထားခဲ့ရမှာပဲလေ။ နောက်ဘဝကို ပါမှာက ကုသိုလ်ကောင်းမှုပဲလေ” လို့ သူက ဆိုပါတယ်။
photo: Pain TaKon
ပိုင်တံခွန်ဟာ ဖခင်ဖြစ်သူရဲ့ စီးပွားရေး အတွက် ကားတစ်စီးဝယ်ပေးခဲ့သလို မိဘနှစ်ပါး နေထိုင်ဖို့ အတွက် တိုက်အိမ် ကောင်းကောင်း တစ်လုံး ဝယ်ပေးခဲ့တာ ဖြစ်ပါတယ်။ သူ့ အနေနဲ့ အခုလို ဝယ်ပေးတာတွေထက် မိဘကို စိတ်ချမ်းသာအောင် ထားနိုင်ဖို့က ပိုအရေးကြီးတယ်လို့ သူက ဆိုပါတယ်။
“ လောကမှာ မိဘကို လုပ်ပေးတယ်ဆိုတာ ပစ္စည်းရဲ့ တန်ကြေးမဟုတ်ဘူး။ ငွေကြေးတွေရဲ့ တန်ကြေးလည်း မဟုတ်ဘူး။ ဘာပဲပြောပြော ကိုယ့်မိဘတွေက ဘာလိုအပ်တယ်ဆိုတာ ကိုယ်အသိဆုံးကိုး။ ကျွန်တော်က နိုင်ငံခြားသွားတဲ့ အချိန် (၁) လလောက်ကြာရင်ဖြစ်ဖြစ်၊ ရန်ကုန်မှာ ရှိရင်လည်း မိသားစုအတူတူ စုံဖြစ်တဲ့ အချိန်ဆိုတာ ရှားတယ်။ သို့သော်လည်း အဖေ နဲ့ အမေ့ကို အမြဲတမ်း စိတ်ချမ်းသာအောင် ထားတယ်။” ဆက်လက် ပြောပြလာပါတယ်။
photo: Pain TaKon
ပိုင်တံခွန်ဟာ အနုပညာလောကထဲကို မော်ဒယ်လ် တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ သူဟာ နိုင်ငံတကာမှာရှိတဲ့ အနုပညာရှင်တွေနဲ့လည်း လက်တွဲအလုပ်လုပ်နေရသူ တစ်ယောက်ဖြစ်ပါတယ်။ သူက မော်ဒယ်လ်အလုပ်သာမက သရုပ်ဆောင်တစ်ယောက်အဖြစ် ရုပ်ရှင်ကားကြီးတွေလည်း ရိုက်ကူးနေရပြီဖြစ်သလို ဂီတဘက် ကိုလည်း ဝါသနာပါတာကြောင့် သူ့ရဲ့ တစ်ကိုယ်တော် Mini Album လေးဖြစ်တဲ့ "ချစ်သူ" ဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ က ထွက်ရှိခဲ့ပါသေးတယ်။