ကိုယ်တိုင်လည်း ချစ်တဲ့သူတွေအတွက် အသက်ရှင်ရမယ်တဲ့။

COVID-19 ကျန်းမာရေးနဲ့ ပတ်သက်ပြီး သရုပ်ဆောင်နိုင်းနိုင်းက ပရိသတ်တွေကို ဂရုတစိုက်နေထိုင်ကြပါလို့ ပြောပါတယ်။ 

Photo: Actor 99



သရုပ်ဆောင် နိုင်းနိုင်းကတော့ COVID-19 ရောဂါ မကူးစက် မပြန့်ပွားစေဖို့အတွက် ပရိသတ်တွေကို ကျန်းမာရေးဂရုစိုက်ဖို့ ပြောလာပါတယ်။ 

"အခုအချိန်မှာ အရေးကြီးဆုံးက.. ကျန်းမာရေးပါ။ ကျန်းမာရင် ဘာမဆို ပြန်စလို့ရပါတယ်။ ကိုယ့်ကိုကိုယ် ကာကွယ်ခြင်းက တစ်လောကလုံးကို ကူညီရာရောက်ပါတယ်။ ကျွန်တော်လဲ ချစ်သောသူများအတွက် အသက်ရှင်သန်နေရပါဦးမည်" ဆိုပြီးတော့ ဧပြီလ ၂၂ ရက်နေ့ ည ၇နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။ 

Photo: Actor 99

နိုင်းနိုင်းဟာ လက်ရှိမှာတော့ COVID-19 ကြောင့် အနုပညာအလုပ်တွေ ခဏတာ ရပ်နားထားတာ တွေ့ရပါတယ်။ အခုဆိုရင်တော့ COVID-19 ရောဂါ ကူးစက်ခံရသူ (၁၂၇) ဦးရှိလာပြီဖြစ်ပါတယ်။ ဒီရောဂါကြောင့် စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ မိသားစုတွေအတွက် ကျန်းမာရေးဝန်ကြီးဌာန နဲ့အတူ အနုပညာရှင်များစွာကလည်း စားနပ်ရိက္ခာ ထောက်ပံ့မှုတွေ ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ 

Photo: Actor 99

နိုင်းနိုင်းက အခုဆိုရင်တော့ သမီး ၃ ယောက်၊ သားတစ်ယောက် တို့ရဲ့ ဖေဖေ ဖြစ်လို့နေပါပြီ။ ဇနီးဖြစ်သူ စန္ဒီချိုနဲ့ အိမ်ထောင်သက်တမ်းကလည်း အခုဆိုရင် (၁၂) နှစ်ကျော်လာပြီဖြစ်ပါတယ်။ နိုင်းနိုင်းဟာ မော်ဒယ်တစ်ယောက်အဖြစ်နဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေ၊ ဂျာနယ် နဲ့ သတင်းစာ မျက်နှာဖုံးတွေကနေတဆင့် ပရိသတ်တွေ သိရှိခဲ့တာပါ။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း နှစ် ၂၀ ကျော်ရှိပြီဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

က္က