သူမရဲ့ အလှူအတွက် ရင်ထဲက ခံစားချက်ကို ပြောပြလာပါတယ်။

ခိုင်နှင်းဝေကတော့ COVID-19 ကာလမှာ စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ အနုပညာလောကသားတွေအတွက် စားနပ်ရိက္ခာနဲ့ ငွေကြေးတို့ကို လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။ 

သရုပ်ဆောင်ခိုင်နှင်းဝေကတော့ ဆင်းရဲနွမ်းပါး အနုပညာလောကသားတွေအတွက် စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့တာ နေတယ်လို့သိရပါတယ်။ ဒီနေ့ ဧပြီလ (၈) ရက်နေ့မှာတော့ ဇာတ်ပို့သရုပ်ဆောင် နွယ်နီ၊ ကိုမွန်ကြီး၊ သက်ကြီး လူရွှင်တော်တွေဖြစ်တဲ့ ဦးဧရာ၊ ဦးတိမ်ညွှန့် ၊ ဦးမောင်မျိုးသန့် တို့အတွက် လှူဒါန်းခဲ့တယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။ 



“လူဆိုတာကတော့ တစ်နေ့ သေကြမှာပဲလေ။ သေရမှာလည်း ကြောက်ကြသူတွေချည်းပါပဲ။ ဒါပေမယ့် တကယ့်တကယ် အိမ်ထဲမှာနေပေမယ့် စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့သူတွေကို ကြည့်လိုက်ရင် မနေနိုင်ဘူး။ ဒါကြောင့် အသက်ကို ဉာဏ်စောင့်တယ် ဆိုတဲ့အတိုင်း ကျန်းမာရေးကောင်းအောင်နေတယ်။ လက်သန့်စင်တယ်။ အစ်မမှာလည်း ကလေးအယောက်(၃၀) ရှိပါတယ်။ ဒါပေမယ့် ကိုယ်ကလည်း မနေတတ်ဘူးလေ။ ဒါကြောင့် လိုက်လှူဖြစ်တာပါ” လို့ ဧပြီလ ၈ ရက်နေ့ မနက်ပိုင်းက သူမရဲ့ အလှူမှာ ဖြေဆိုခဲ့တာပါ။ 

ခိုင်နှင်းဝေဟာ ဇာတ်ပို့သရုပ်ဆောင်တွေ၊ သက်ကြီးလူရွှင်တော်ကြီးတွေအတွက် တစ်ဦးလျှင် ဆန်တစ်အိတ်၊ ဆီ (၂) ပိဿ၊ ငွေကျပ်(၁)သိန်းနဲ့ ပရိတ်ကြီး(၁၁)သုတ် တရားစာအုပ်တွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဒီအလှူမှာ သရုပ်ဆောင် ခင်လှိုင်ကလည်း ဆန်(၅) ပြည်နဲ့ ဆီ(၅၀)သား ပါဝင်လှူဒါန်းခဲ့သေးတယ်လို့ ခိုင်နှင်းဝေက ဆက်လက် ပြောပြလာပါတယ်။ 

ကမ္ဘာအနှံ့အပြားမှာ ဖြစ်ပေါ်နေတဲ့ COVID-19 ကြောင့် သေဆုံးသွားတဲ့ လူဦးရေတွေက အများကြီးရှိလို့နေပါပြီ။ မြန်မာနိုင်ငံမှာလည်း COVID-19 ကူးစက်ခံနေရသူ (၂၂) ဦးရှိပြီး သေဆုံးသူ (၃) ယောက်ရှိသွားပြီဖြစ်ပါတယ်။ လက်ရှိမှာတော့ လူစုလူဝေးအများအပြားနဲ့ ပြုလုပ်ရတဲ့ အကယ်ဒမီပေးပွဲ၊ သင်္ကြန်ပွဲတွေ လုပ်ခွင့်မရတော့သလို ရုပ်ရှင်ရုံတွေလည်း ယာယီပိတ်ထားရတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ အနုပညာရှင် တော်တော်များများကလည်း COVID-19 ကူးစက်ရောဂါနဲ့ ပတ်သက်ပြီး ကျန်းမာရေး ဂရုစိုက်ကြဖို့ တစ်ဖက်တစ်လမ်းက တိုက်တွန်းနေကြတာကိုလည်း တွေ့ရပါတယ်။ 

ခိုင်နှင်းဝေ(Khine Hnin Wai )ဟာ လက်ရှိမှာတော့ စွန့်ပစ်ခံ မိဘမဲ့ ကလေးအယောက် (၃၀) ကို မွေးစားထားတာ ဖြစ်ပါတယ်။ ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ သရုပ်ဆောင် တစ်ယောက်လည်းဖြစ်သလို ဆင်းရဲသားပြည်သူတွေကိုလည်း တစ်ဖက် တစ်လမ်းက ကူညီစောင့်ရှောက် ပေးသူတစ်ယောက်ပါ။သူမဟာ ထိုင်းနိုင်ငံ ခိုလမြို့မှာရှိတဲ့ ခိုင်နှင်းဝေ ပရဟိတအသင်းသားတွေနဲ့ အတူတူ ပရဟိတအလုပ်တွေနဲ့ အလှူအတန်းတွေ သွားရောက်လုပ်ကိုင် ဆောင်ရွက်ပေးဖြစ်တယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

က္က