ဒါကြောင့် ကာရိုက်တာလက်ခံလိုက်ရင်လည်း ဗီလိန်ဇာတ်ရုပ်ဖြစ်နေတာ။

ရွှေအိမ်စည်ဟာ သူမလက်ခံရိုက်ကူးခဲ့သမျှ ဇာတ်ကားတွေတိုင်းမှာ ကိုယ်ပိုင် ပုံစံနဲ့ လိုက်ဖက်မှုရှိတာမျိုးပဲ လက်ခံရိုက်ကူးဖြစ်တယ်လို့ ဆိုပါတယ်။ 

Photo: Shwe Eain Si



ရွှေအိမ်စည်ကတော့ အခုဆိုရင် သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေထဲမှာမှ သရုပ်ဆောင် တစ်ယောက်အဖြစ် ပရိသတ်တွေ မကြာခဏ မြင်တွေ့ရမှာဖြစ်ပါတယ်။ သူ့အနေနဲ့ လက်ခံရိုက်ကူးခဲ့သမျှ ဇာတ်ကားတွေမှာ ခပ်ဆိုးဆိုး၊ ဂျစ်တစ်တစ် ကာရိုက်တာမျိုးတွေ ရိုက်ကူးလက်ခံဖြစ်တာများတယ်လို့ Duwun Media ကနေ ဖြေဆိုခဲ့ပါတယ်။ 

“ ကိုယ့်စိတ်ထဲမှာ ဘာပဲ ဖြစ်နေ ဖြစ်နေ အဓိက ကတော့ မျက်နှာပေါ့။ ကိုယ့်မျက်နှာပုံစံက အစကတည်းက ဒီအတိုင်းရှိနေတာ ဖြစ်တဲ့အတွက် အရမ်းချစ်စရာကောင်းအောင် လုပ်ပြလို့ရမှာတော့ မဟုတ်ဘူး။ Sweet ဖစ်တယ်ပေါ့။ Sweet ဖြစ်အောင်လည်း တော်တော် လုပ်ယူရလိမ့်မယ် ထင်တယ်။ အိမ်စည်က ကိုယ်စိတ်ဝင်စားလို့ရိုက်မှ ပရိသတ်တွေ ကြည့်တဲ့အခါ အိမ်စည်က တကယ်ကို စိတ်ဝင်တစားနဲ့ ရိုက်ထားတာပါလားဆိုပြီးတော့ ဒီဇာတ်ကားကို စိတ်ဝင်စားမှာလေ” ဆိုပြီးတော့ မတ်လ ၂၁ ရက်နေ့က Shwe Series မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Shwe Eain Si

သူမဟာ 7 Sense ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးမယ့် “ပဲ့တင်သံ” ရုပ်သံဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ဦးမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကို သူမကိုယ်တိုင် စိတ်ဝင်တစားနဲ့ လက်ခံဖြစ်ခဲ့တာလို့လည်း သူက ပြောပါတယ်။ 

“ ပဲ့တင်သံ ဇာတ်လမ်းတွဲထဲမှာ အိမ်စည်က ခပ်ဆိုးဆိုး ကာရိုက်တာ ဗီလိန်ပေါ့။ ဒီဇာတ်ကားကို လက်ခံဖြစ်တာကလည်း နောက်ဆုံးပိုင်းမှာ သူတို့ ပြန်ဖြည်ထားတဲ့ ပုံစံလေးကို သဘောကျလို့ လက်ခံဖြစ်လိုက်တာပါ။ ဒီဇာတ်ကားက Horror ပုံစံပေါ့။ ကိုယ်ရိုက်တဲ့ ဇာတ်ကားတွေမှာလည်း ဒီလိုပုံစံတွေက များနေတယ်။ ဒါလည်း ကိုယ့်ကိုယ်ကိုယ် သတိမထားမိလိုက်တာ တခြားဇာတ်ညွှန်းတွေပြရင် သိပ်ရင်မခုန်ဘူး။ Horror ပုံစံမျိုးသာ လာပြရင်တော့ လုပ်မယ်၊ ရိုက်မယ် ဆိုတာချည်းပဲ။ ဒါကြောင့် ကိုယ်ကြိုက်တာ ကိုယ်ရိုက်တာပေါ့” ဆိုပြီးတော့ ဆက်လက် ပြောပြခဲ့ပြန်ပါသေးတယ်။ 

Photo: Shwe Eain Si

ရွှေအိမ်စည်ဟာ Miss Supranational 2018 ပြိုင်ပွဲကြီးမှာလည်း မြန်မာနိုင်ငံက ပရိသတ်တွေရဲ့အားပေးမှု သူမရဲ့ ကြိုးစားမှုတွေကြောင့် အခြားသော အလှမယ်တွေကြားထဲမှာ မျက်နှာပွင့်လန်းခဲ့ပါတယ်။ သူမက အခုလက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရပြီဖြစ်ပါတယ်။ အဲဒီနောက် တီဗီကြော်ငြာတွေလည်း ရိုက်ကူးနေရတာကိုတွေ့ရပါတယ်။ ရွှေအိမ်စည်က အခုဆိုရင်တော့ အနုပညာနဲ့ ပတ်သက်ပြီး သရုပ်ဆောင်ဘက်ကို တစိုက်မတ်မတ် ဆောင်ရွက်လုပ်ကိုင်နေတာ တွေ့ရပါတယ်။





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က