သူ့ရဲ့ နာမည်နဲ့ အလှူလုပ်တာ ပထမဆုံးအကြိမ်ပါတဲ့။

" ကျွန်တော့်ရဲ့ တစ်သက်မှာ ကျွန်တော့်အတွက် ဆိုပြီးတော့ အလှူကို မိသားစုကလွဲလို့ ဘယ်သူမှ မလုပ်ပေးခဲ့ဖူးပါဘူး။ အခုလို ကျွန်တော်မပါပဲ၊ ကျွန်တော် မသိပဲနဲ့ ကျွန်တော့်အတွက်ဒီလိုအလှူလေးလုပ်ပေးထားတာ ကတော့ ပထမဆုံး Surprise ဖြစ်ပါတယ်" လို့ သူက ဆိုပါတယ်။

Photo: We Love Yangon



မင်းသွေးခန့်ကို ချစ်ကြတဲ့ ပရိသတ်တွေဟာ မေလ (၁၀) ရက်နေ့က We Love Yangonအဖွဲ့မှာ မင်းသွေးခန့် နာမည်နဲ့ အလှူငွေ ( တစ်သိန်း တစ်သောင်း) လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အလှူဟာ သူ့အတွက် မထင်မှတ်ထားတဲ့ အလှူတစ်ခုဖြစ်တာကြောင့် အရမ်းကို အံ့သြခဲ့ရတယ်လို့ ဆိုပါတယ်။

" ကျွန်တော့်ရဲ့ တစ်သက်မှာ ကျွန်တော့်အတွက် ဆိုပြီးတော့ အလှူကို မိသားစုကလွဲလို့ ဘယ်သူမှ မလုပ်ပေးခဲ့ဖူးပါဘူး။ အခုလို ကျွန်တော်မပါပဲ၊ ကျွန်တော် မသိပဲနဲ့ ကျွန်တော့်အတွက်ဒီလိုအလှူလေးလုပ်ပေးထားတာ ကတော့ ပထမဆုံး Surprise ဖြစ်ပါတယ်။ Facebook မှာ လူကလည်း များတယ်။ ပရိသတ်တွေကလည်း များတယ် ဆိုပေမယ့် ကိုယ် သတိထားမိတဲ့ ပရိသတ်တွေက ကိုယ့်အတွက် ရည်ရွယ်ပြီး အလှူလေး လုပ်တယ်၊ သူတို့အတွက် ကိုယ်က ဘာမှ ပြန်မလုပ်ပေးနိုင်ပေမယ့် သူတို့က လှူပေးတဲ့အတွက် တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။ အခုဆို ကျွန်တော့်ရဲ့ ပရိသတ်တွေကို ပိုပြီး သတိထားမိတဲ့ စိတ်မျိုးလေး ဖြစ်တယ်" လို့ သူက Duwun ကိုပြောပါတယ်။

Photo: We Love Yangon

တက်သစ်စ လူငယ်အနုပညာရှင်တွေထဲမှာ မင်းသွေးခန့်ဟာ ပရိသတ်အခိုင်အမာ ရရှိလာတဲ့ မင်းသားချောလေး တစ်ယောက်ဖြစ်ပါတယ်။ ပရိသတ် အသိအမှတ်ပြုလာတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်အောင် ပံ့ပိုးပေးခဲ့ကြသူတွေလည်း ရှိသလို အဲ့လိုလူတွေကိုလည်း သူ့အနေနဲ့ ကျေးဇူးတင်ကြောင်း ဒီအင်တာဗျူးကနေ တစ်ဆင့် ပြောပြခဲ့ပါတယ်။

" ကျွန်တော့်ရဲ့ အနုပညာ အလုပ်တွေမှာ မိဘက ထောက်ပံ့ပေးစရာမလိုခဲ့ပဲနဲ့ ကျွန်တော် အလုပ်တွေ လုပ်ခွင့်ရလာတယ်။အနုပညာအလုပ်တွေ တစိုက်မတ်မတ် လုပ်လာရတယ်ဆိုတာက ပရိသတ်တွေရယ်၊ ဒီလောကထဲက ကျွန်တော့်ဆွဲခေါ်ပေးခဲ့တဲ့ ကြော်ငြာရှင်တွေ၊ ကျွန်တော်နဲ့ ခင်မင်ရင်းနှီးမှု မရှိပဲ ရုပ်ရှင်ကားမှာ ပါဖို့၊ အလုပ်တွေ လုပ်ရင်လည်း ဒီမော်ဒယ်လ်ကို သုံးပါ ဆိုပြီးတော့ ပြောပေးခဲ့ကြတဲ့ သူတွေကို ကျေးဇူးအများကြီး တင်ပါတယ်" လို့ သူကဆိုပါတယ်။ 

Photo: We Love Yangon

 မင်းသွေးခန့်ကိုတော့ အဆိုတော် Ar-T သီဆိုထားတဲ့ " Slient" သီချင်း MTV ၊ " Innocence " ဇာတ်လမ်းတွဲမှာ ပါဝင်သွားမယ့် သရုပ်ဆောင် တစ်ယောက်အဖြစ် ဆယ်ကျော်သက် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း မင်းသွေးခန့်ဟာ TV ကြော်ငြာတွေ ရိုက်ကူးလာရပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ သရုပ်ဆောင် ဘက်ကိုပါ ခြေလှမ်း စတင်လာပြီလို့ သိရပါတယ်။ " Innocence" BL ဇာတ်လမ်းတွဲ ရိုက်ဖို့လည်း ပြင်ဆင်နေပြီလို့ သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က