ဝယ်သူတွေထဲမှာလည်း လိမ်ပြီး ပစ္စည်းမှာကြတာတွေရှိတယ်။

အိအိတုံကတော့ အွန်လိုင်းပေါ်မှာ ဈေးရောင်းရတဲ့အခါ လိမ်လည်ပြီး ပစ္စည်းမှာတဲ့ သူတွေ၊ ကိုယ့်နာမည်သုံးပြီး လိမ်တဲ့သူတွေရှိတာကြောင့် အဆင်မပြေဖြစ်ရတယ်လို့ ဆိုပါတယ်။ 

Photo: Ei Ei Tone



သရုပ်ဆောင် အိအိတုံကတော့ အနုပညာအလုပ်တွေလုပ်နေတာဖြစ်သလို တစ်ဖက်မှာလည်း ဖေ့စ်ဘွတ်ပေါ်ကနေတဆင့် ဈေးရောင်းနေတာ တွေ့ရပါတယ်။ သူမဆီကနေ လိမ်လည်ပြီး ပစ္စည်းမှာတာတွေ ကြုံခဲ့ဖူးတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ဝယ်သူတွေထဲမှာဆိုရင် အယောက်(၁၀၀) မှာ ၁ ယောက်လောက်က ဝယ်တယ် ပြီးရင် အစ်မက ၂၄ နာရီ ပိုက်ဆံ လွှဲခိုင်းတာဆိုတော့ လွှဲဆိုရင် မလွှဲတော့ဘူး။ အဲ့ဒီမှာ Live ထဲမှာ ရောင်းရင်ကုန်မယ့် ပစ္စည်းက သူတို့ကြောင့် တစ်ထည်၊ နှစ်ထည်က အမြဲကျန်တယ်။ တချို့ဆို Live ထဲမှာ ဈေးရောင်းနေရင်းနဲ့ ကိုယ်မထင်ထားတဲ့သူဆို အစ်မက ချက်ချင်းဖုန်းဆက်တာ အဲဒီအခါကျရင် မှာပါတယ်၊ ယူမှာပါဆိုပြီး နောက်တစ်ခေါက် ဆက်တော့ ဆက်ပိတ်သွားတယ်။ တစ်ခါတလေကျရင် ဝယ်ကြတယ် အများကြီး ပြီးရင် ဖုန်းဆက်လိုက်ရင် နံပါတ်က ဆက်သွယ်လို့ မရဘူး” လို့ ဆိုပါတယ်။ 

Photo: Ei Ei Tone

အိအိတုံဟာ လက်ရှိမှာတော့ အမျိုးသမီးဝတ် အထည်တွေ၊ ဝမ်းဆက်တွေကို အဓိက ဦးစားပေး ရောင်းနေတာ ဖြစ်ပါတယ်။ သရုပ်ဆောင်အလုပ်လည်း လုပ်မယ် ဈေးလည်းရောင်းချင်တယ် ဆိုပြီးတော့လည်း Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ အနုပညာအလုပ်တွေ ပါးတဲ့အချိန်မှာ မိသားစု စီးပွားရေး တစ်ခုအနေနဲ့ ဈေးရောင်းရတာ ပျော်ဖို့ကောင်းတယ်လို့လည်း သူကဆိုပါတယ်။ 

Photo: Ei Ei Tone

အိအိတုံဟာ သူမရဲ့ နာမည်နဲ့ ဝယ်သူတွေအပေါ် လိမ်လည်သူတွေ ရှိနေတယ်လို့လည်း သတိပေးစကား ပြောလာပါသေးတယ်။ သူမ ကိုယ်တိုင် ဖုန်းဆက်မှသာ ယုံကြည်ပေးကြပါလို့လည်း သူကပြောပါတယ်။ 

“အိအိတုံ Online Shop က အိအိတုံ တစ်ယောက်တည်း ပိုင်ရှင်၊ အလုပ်သမား၊ ပို့တဲ့သူ၊ ပါကင်ထုပ်တဲ့သူ။ ကိုယ့်နာမည်နဲ့ လိမ်တဲ့သူကလည်း ရှိသေးတယ်။ Live ထဲမှာ ဈေးရောင်းတာတောင် မပြီးသေးဘူး အိအိတုံ Online Shop ကပါ မမက ဒီဖုန်းနံပတ်ကို ငွေလွှဲပေးပါလို့ ပြောခိုင်းလို့ပါဆိုတာတွေ လာတာ။ အစ်မက မသိပေမယ့် ဝယ်သူတွေက သိတော့ အစ်မကို လာပြောတယ်။ ကိုယ်ဖုန်းဆက်တော့ အသံက မိန်းမအသံ ဖုန်းချက်ချင်းချသွားတယ်။ အစ်မ အသံ မဟုတ်ရင် မယုံပါနဲ့ ဆိုတာတွေကို ဖေ့စ်ဘွတ်မှာ Status တင်ထားရတယ်။ ဒါတောင် ၂ ယောက် ကြုံလိုက်သေးတယ်” ဆိုပြီးတော့ မတ်လ ၂၈ ရက်နေ့က ရုပ်ရှင်အစည်းအရုံးက ပြုလုပ်တဲ့ အလှူကို လာရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Ei Ei Tone

ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင် အိတုံတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာပါ။ သူမရဲ့ခင်ပွန်းဖြစ်သူ ကို နေမျိုးကလည်း တစ်ချိန်က ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ကိုနေမျိုးဟာ အနုပညာအလုပ်တွေ လုပ်ကိုင်တာ မတွေ့ရတော့ပါဘူူး။ အိတုံကတော့ လက်ရှိမှာ ဇာတ်ကားရိုက်ကူးမှု နည်းနေတာကြောင့် online shopping လုပ်နေတာလည်း တွေ့ရပါတယ်။


 


ဆက်စပ်အကြောင်းအရာများ

Share

က္က