သူမကို ချစ်လို့အားပေးတဲ့ သူတွေ အလိမ်ခံလိုက်ရတယ်လို့ဆိုပါတယ်။

ယွန်းရွှေရည်ကတော့ သူမရဲ့ နာမည်သုံးပြီး ပရိသတ်ကို အွန်လိုင်းကနေတဆင့် ဈေးလိမ်ရောင်းနေတာတွေရှိ တဲ့အကြောင်း ပြောပြလာပါတယ်။ 

Photo: ယွန်းရွှေရည်

သရုပ်ဆောင် ယွန်းရွှေရည်ကတော့ Online ပေါ်ကနေ ဈေးမရောင်းဖြစ်တော့တဲ့ အချိန်မှာ သူမနာမည်ကို သုံးပြီး ပရိသတ်တွေဆီက ငွေလိမ်နေကြသူတွေရှိတယ်လို့ ဆိုပါတယ်။ သူမကို ချစ်တဲ့ ပရိသတ်တွေ သတိထားစေချင်တယ်လို့ Duwun ကနေ ပြောပြလာပါတယ်။ 

“ အခုချိန်မှာ ကိုယ်က အချိန်ပိုင်း Live လေးတွေ လွှင့်ပြီး ဈေးရောင်းနေတာပါ။ ဟိုအရင်တုန်းက Online Shop လုပ်ခဲ့ဖူးတဲ့ ကိုယ့်ရဲ့ Page ကို ခဏနားထားတဲ့ အချိန်မှာ ယွန်းရွှေရည်နာမည်ကို အင်္ဂလိပ်လို ပေါင်းပြီးတော့ ဖွင့်တဲ့ Facebook Page တစ်ခုကပေါ်လာပြီး Online Shop လုပ်တာ။ မသိရင် ကိုယ်ရောင်းနေသလိုပဲ ကိုယ့်ထက် Follower တောင်များနေသေးတာ။ တချို့ဆိုရင် ချစ်တဲ့ စိတ်နဲ့ သွားပြီးတော့ အားပေးတာ အလိမ်ခံလိုက်ရတာတွေရှိတယ်။ အဲဒီ အကောင့်ရော၊ Page ရောက ယွန်းသုံးတာ မဟုတ်ပါဘူးပြောလည်း အခုချိန်ထိ သူတို့က ဆက်လိမ်နေတုန်းပဲ။ ပရိသတ်တွေကို သတိထားစေချင်တယ်”လို့ ဆိုပါတယ်။ 

Photo: ယွန်းရွှေရည်

ယွန်းရွှေရည်ကတော့ သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ် နာမည်ကို မြန်မာလို ယွန်းရွှေရည် လို့သာ ရေးသားထားတာလို့ သိရပါတယ်။ အင်္ဂလိပ်လို ရေးသားထားတဲ့ “Yoon Shwe Yi” ဆိုတဲ့ Facebook Page ဟာ Page အတုသာ ဖြစ်တယ်လို့ ဆိုပါတယ်။ သူမကို ချစ်လို့ ဝယ်ယူအားပေးရင်း ငွေလိမ်ခံလိုက်ရတဲ့ ပရိသတ်တွေအတွက် စိတ်မကောင်းဘူးလို့ သူက ပြောပါတယ်။ 

“ သူက အိမ်ထောင်ပရိဘောဂတွေ ရောင်းတာ၊ ပိုက်ဆံဆိုလည်း (၅)သောင်း အထက်မှာတွေချည်းပဲ။ သူက တော်တော်ကို ပိပိရိရိလိမ်တာ။ ဖုန်းဆိုလည်း ဆက်တယ်၊ ပြီးရင် ယွန်းအသံကို မသိကြတော့ ယွန်းပါ ဆိုပြီးတော့ ပြောတယ်။ ဖုန်းနံပတ်ကလည်း တစ်ယောက်ကို တစ်မျိုးပို့တယ်။ ပြီးတော့ သူက မှတ်ပုံတင်ပါ ပြပြီးတော့ လိမ်တာ မှတ်ပုံတင်မှာ ယွန်းပုံ တပ်ပြီးတော့ ယွန်းရွှေရည်ဆိုပြီးတော့ လုပ်တာ။ အစ်မ တစ်ယောက်ဆိုရင် ပိုက်ဆံလွှဲခိုင်းတာကို မယုံလို့ဆိုပြီး မှတ်ပုံတင်ပြလိုက်တော့ ဒါ အမှန်ပဲဆိုပြီး ငွေလွှဲလိုက်တာ (၃) သိန်းပါသွားတယ်။ ငွေလွှဲပြီးတာနဲ့ သူက စက်ပိတ်လိုက်တာ” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: ယွန်းရွှေရည်

သရုပ်ဆောင် ယွန်းရွှေရည်ကတော့ လက်ရှိမှာ အလုပ်သဘောအရ Online ပေါ်ကနေ အချိန်ပိုင်းနဲ့ Live လွှင့်ပြီး ဈေးရောင်းပေးနေတယ်လို့ ဆိုပါတယ်။ ယွန်းရွှေရည်ကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေး ချစ်ခင်မှုကို ရရှိလာတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ တစ်လကို ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားသာရိုက်ကူးနေတာဖြစ်တယ်လို့ သူကပြောပါတယ်။



Share

Loading Next Article...
က္က