အမိမြန်မာနိုင်ငံတော်လေ ကိုယ့်မိဘ အိမ်ပြန်လာတာပါပဲ။

သန်းသန်းစိုးကတော့ ပြည်ပကနေ ပြန်ရောက်လာမယ့် မြန်မာလူမျိုးတွေကို အချင်းချင်းကြိုဆိုပေးသင့်တယ်လို့ ဆိုလာပါတယ်။ 

Photo: Than Than Soe



သရုပ်ဆောင် သန်းသန်းစိုးကတော့ ကမ္ဘာအနှံ့အပြားမှာ ဖြစ်ပေါ်နေတဲ့ COVID-19 ကူးစက်ရောဂါကြောင့် စိုးရိမ်စိတ်တွေများနေတဲ့ ပြည်ပရောက်မြန်မာလူမျိုးတွေရဲ့ ခံစားချက်ကို နားလည်တယ်လို့ ဆိုပါတယ်။ ပြည်တွင်းကလည်း ကိုယ့်လူမျိုးအချင်းချင်း ကူညီသင့်တယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ အနွေးထွေးဆုံးနဲ့ အငြိမ်းချမ်းဆုံးရင်ခွင်က အမေ့ရဲ့ ရင်ခွင်ပဲလေ၊ ကိုယ့်အမိနိုင်ငံကို ပြန်လာချင်ကြမှာပဲ။ တခြားနိုင်ငံကို အလုပ်သွားလုပ်ေ နကြတာကလည်း ပျော်လို့ သွားလုပ်နေကြတာ တစ်ယောက်မှ မရှိပါဘူး။ ကိုယ့်ရဲ့ မိသားစု စားဝတ်နေရေး အဆင်ပြေဖို့အတွက် သွားကြရတယ်။ ဒါကြောင့် အမိမြန်မာနိုင်ငံတော်ဆိုတာလည်း ကိုယ့်ရဲ့ အမေ အိမ်လိုပဲဆိုတော့ ပြန်လာချင်ကြမှာပေါ့။ ဒါကြောင့် ကြိုဆိုပေးကြပါ။ ပြန်လာတဲ့ လူတွေကလည်း ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းအတိုင်းနေဖို့ပါပဲ” လို့ ဆိုပါတယ်။ 

Photo: Than Than Soe

ပြည်ပက ပြန်လာတဲ့ မြန်မာလူမျိုးတွေအနေနဲ့ COVID-19 ရောဂါပြန့်ပွားမှု မရှိစေဖို့အတွက် ကာကွယ်မှု အပြည့်ရှိနေဖို့လည်း လိုအပ်တယ်လို့ မသန်းသန်းစိုးက ပြောပြခဲ့ပါသေးတယ်။ 

“ ရောဂါ ဆိုတာကတော့ ကူးစက်တတ်တဲ့ ရောဂါဖြစ်တဲ့အတွက် ကူးစက်မှာပဲလေ။ ဒါကြောင့် ကိုယ့်မိသားစုကို မကူးစက်အောင်၊ နောက်ထပ် လူတွေကို မကူးစက်အောင်၊ မပြန့်ပွားအောင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကအစ ဘယ်လို လက်ဆေးရမယ် ဆိုတာကို လုပ်ပြပေးထားတာပဲ။ လိုက်နာပါ၊ ကျင့်သုံးပါ၊ မှတ်သားပါ။ ကျန်းမာရေးဝန်ကြီးဌာနက ပြောထားတဲ့အတိုင်း တသွေမတိမ်းလိုက်နာပါ ဒါဆိုရင်တော့ အန္တရာယ်ကင်းမှာပါ” ဆိုပြီးတော့ မတ်လ ၂၈ ရက်နေ့က ရုပ်ရှင်အစည်းအရုံးက အလှူမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။ 

Photo: Than Than Soe

မြန်မာနိုင်ငံအတွင်းမှာလည်း COVID-19 ကူးစက်ခံရသူ (၈) ဦး တွေ့ရှိထားပြီးဖြစ်တယ်လို့ သတင်းတွေအရ သိရပါတယ်။ ဒါကြောင့် လူစု လူဝေးပွဲတွေဖြစ်တဲ့ အကယ်ဒမီပေးပွဲ၊ Star Awards ဆုချီးမြှင့်ပွဲ၊ Sai Sai Birthday Show အပြင် နောက်ထပ် ဂီတ ဖျော်ဖြေပွဲများ၊ စာနယ်ဇင်းမိတ်ဆက်ပွဲတွေလည်း ရက်တွေ ရွှေ့ဆိုင်းထားခဲ့ရတယ်လို့ သိရပါတယ်။ မင်္ဂလာပွဲများ၊ ရှင်ပြု အလှူများ နဲ့ လူစုလူဝေးဖြစ်စေမယ့် အရာမှန်သမျှကိုလည်း မကျင်းပဖို့ သက်ဆိုင်ရာက တားမြစ်ထားတာကိုလည်း တွေ့ရပါတယ်။ အနုပညာရှင်များ အနေနဲ့ ရိုက်ကူးရေးတွေလည်း ရပ်နားထားရတယ်လို့ ပြောလာပါတယ်။  

သရုပ်ဆောင် သန်းသန်းစိုးဟာ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်သူတစ်ဦး ဖြစ်ပါတယ်။ အနုပညာသက်တမ်း ၃၅ နှစ် အတွင်းမှာလည်း ပရိသတ်အားပေးချစ်ခင်မှုကို အခိုင်အမာရရှိထားသူပါ။ သူ့အနေနဲ့ ဟစ်တိုင်ရုပ်ရှင်ကားမှာ သရုပ်ဆောင်ရင်း ပရိသတ်အတွက် ဘယ်လိုရသမျိုးတွေ ပေးနိုင်မလဲဆိုတာ စောင့်မျှော်ရမှာဖြစ်ပါတယ်။ လက်ရှိမှာလည်း သူမဟာ ရုပ်ရှင်ကားကြီးတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေ အဆက်မပြတ်ရိုက်ကူးနေရသူ တစ်ယောက်ပါ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က