ရုရှား OS ကိုလည်း သုံးသွားနိုင်မလား

လာမယ့်အောက်တိုဘာလမှာ Huawei ဟာ OS သစ် သုံးထားတဲ့ စမတ်ဖုန်းတွေကို မိတ်ဆက်သွားမယ်လို့သတင်းထွက်ထားပြီး ဒီ OS သစ်ဟာ Linux အခြေခံ Mobile OS တစ်ခုလည်း ဖြစ်သွားနိုင်တယ်လို့ဆိုပါတယ်။

         အစောပိုင်း သတင်းတွေမှာတော့ Google ဝန်ဆောင်မှုတွေ မရတော့တဲ့ Huawei ထုတ်ကုန်တွေအတွက် Huawei ရဲ့ ကိုယ်ပိုင် Ark OS ( Hongmeng OS) ကို သုံးသွားမယ်လို့ဖော်ပြထားခဲ့ပေမယ့် ရုရှား သတင်းစာ The Bell သတင်းမှာတော့ Sailfish OS ကို ပြုပြင်ထားတဲ့ ရုရှားထုတ် Aurora OS ကို သုံးသွားဖို့စဉ်းစားနေတယ်လို့ဆိုပါတယ်။



Photo: Kenyan Business Feed

         Huawei ရဲ့ CEO Guo Ping ကတော့ Aurora OS ကို Huawei ဖုန်းတွေမှာ သုံးဖို့ဖြစ်နိုင်ခြေကို ရုရှား ဒီဂျစ်တယ် ဖွံ့ဖြိုးရေး ၊ ဆက်သွယ်ရေးနဲ့မီဒီယာဝန်ကြီး ကွန်စတန်တင် နော့စ်ကော့ဗ်နဲ့ဆွေးနွေးထားတယ်လို့သတင်းထွက်နေပါတယ်။ Huawei အနေနဲ့Aurora OS ကို ဖုန်းတွေမှာ pre-install သွင်းပြီး စမ်းသပ်ထားတယ်လို့လည်း ဆိုပါတယ်။ နောက်ထပ် ထူးခြားတာတစ်ခုက Guo Ping အနေနဲ့ရုရှားမှာ စမတ်ဖုန်းနဲ့ချပ်စ်တွေ ပြောင်းရွှေ့ထုတ်လုပ်ဖို့ဖြစ်နိုင်ခြေကိုပါ ဆွေးနွေးခဲ့တယ်ဆိုတာပါပဲ။

         ဖင်လန်ကုမ္ပဏီ Jolla ကနေ ထုတ်ထားတဲ့ Sailfish OS ရဲ့ ရုရှားဗားရှင်းအဖြစ် ရုရှားမှ Open Mobile Platform ကနေ ထုတ်လုပ်ထားတာပါ။ ရုရှားနိုင်ငံပိုင် Rostelecom ဟာ ၂၀၁၈ ထဲမှာ Open Mobile Platfrom ရဲ့ ရှယ်ယာ ၇၅% ဝယ်ယူခဲ့ပါတယ်။ ဒီသတင်းကို Huawei နဲ့ရုရှား ဒီဂျစ်တယ်ဝန်ဆောင်မှုကုမ္ပဏီ Rostelcom တို့က မှတ်ချက်ပြုဖို့ငြင်းဆန်ခဲ့ပေမယ့် mobile solutions လုပ်ဖို့developers တွေနဲ့လက်တွဲ အလုပ်လုပ်နေတယ်လို့ပြောခဲ့ပါတယ်။

Photo: vegard

         Sailfish OS ဟာ Linux အခြေခံ OS ဖြစ်ပြီး Nokia ရဲ့ MeeGo OS ကနေ ခွဲထွက်လာတာပါ။ ဒီ OS ကို Sony Xperia X ၊ Sony Xperia XA2/XA2 Plus နဲ့XA2 Ultra တို့မှာ install သွင်းနိုင်မှာ ဖြစ်ပါတယ်။ Sailfish ဟာ Open-source ဖြစ်ပြီး ဘယ်သူမဆို source code တွေ ရယူနိုင်ပြီး ဆော့ဖ်ဝဲလ်တွေကို customize လုပ်နိုင်မယ့် အားသာချက်တွေ ရှိပါတယ်။ privacy ပိုင်းမှာ သုံးစွဲသူ အသိမပေးဘဲနဲ့thrid party ကုမ္ပဏီတွေကို အချက်အလက် ရောင်းတာတွေမျိုး မရှိသလို အချက်အလက်တွေကိုလည်း users ရဲ့ ခွင့်ပြုချက်ယူပြီးမှ ရယူတာတွေ ရှိပါတယ်။

         Huawei ဖုန်းတွေမှာ ကိုယ်ပိုင် OS နဲ့ထွက်လာဖို့အဆင်သင့်မဖြစ်သေးရင်တော့ Sailfish OS ကို ပြုပြင်ထားတဲ့ Aurora OS နဲ့ပဲ ထွက်လာမလားဆိုတာ စောင့်ကြည့်ရမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က