အဆိုတော် ပိုပိုက စိတ်ကူးအိမ်မက်တွေကို အကောင်အထည်ဖော်နိုင်တော့မှာ ဖြစ်လို့ ပျော်နေတာတွေ့ရပါတယ်။ ပိုပိုက ကိုယ်ပိုင် Studio တစ်ခု ဆောက်လုပ်ဖို့အတွက် ပြင်ဆင်နေတာပါ။
Photo : ဝတ်ရည်မိုး FB
ပိုပိုက လက်ရှိမှာ ကိုယ်ပိုင် Studio တစ်ခု ဆောက်ဖို့အတွက် ပြင်ဆင်နေပါတယ်။ Studio ဆောက်လုပ်နေချိန်တော့ သီချင်းလုပ်တာတွေကို ခဏရပ်ထားမယ်ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။
“A Million Dream Studio ဆောက်ပါတော့မည် တစ်လ ကျော်ကျော်လောက်ဆို Studio ပြီးရင် စိတ်ကြိုက်အချိန်ယူပြီး တီး ဆို သွင်း လို့ရပါပြီ ဒန့်တန့်တန်” ဆိုပြီး ဒီဇင်ဘာ(၂၇) ရက်နေ့က ရေးသားထားတာပါ။
Photo : ဝတ်ရည်မိုး FB
ပိုပိုဟာ လက်ရှိမှာ ဖျော်ဖြေပွဲတွေ လည်း ဆက်တိုက်ဆိုသလို ပါဝင်ဖျော်ဖြေပေးနေတာ တွေ့ရပါတယ်။ ဖက်ရှင် ဒီဇိုင်းတွေအမြဲလန်းနေတဲ့ အဆိုတော်မလေး ပိုပို က သူမရဲ့ Super Power ကို ထုတ်ပြလိုက်ပါပြီ. လက်ရှိ ပိုင်ဆိုင်ထားတဲ့ ဆံပင်အရောင် ကြောင့်လည်း ဝေဖန်ကြတဲ့ပရိသတ်တွေရှိတယ်လို့ ဆိုပါတယ်.
''အင်း My Super Power ကဘာလုပ်လုပ် Hot နေတာ ဆံပင်လေး အရောင်ဆိုးတာတောင် Hot တယ်. ငါလေးဟာ သိပ်ဂေါ် လွန်းပါတယ်လေ. ဆဲ ရင်းနဲ့ အကုသိုလ် ယူကြတဲ့ ချိဖ ချိမ တို့လဲ ကျန်းမာချမ်းသာကြပါစေ . ဆဲတာကို ပြန်ရိုင်းစိုင်း နိုင်လား ? လွယ်လွန်းတယ် ယဉ်ယဉ်ကျေးကျေး နဲ့ သည်းခံပြီး ပြုံးနေနိုင်မလား? Whatever you say I D G A F .HaHaHa'' ဆိုပြီးတော့ ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေ ၆နာရီ က သူ့ရဲ့ ဖေ့ဘွတ် စာမျက်နှာမှာ ရေးသားခဲ့ပါတယ်.
Photo : ဝတ်ရည်မိုး FB
ပိုပိုဟာ Harley Quinn ဇာတ်ကောင်ထဲကလို ဆံကေသာအရောင်လေး ကို မကြာခင်က ပြောင်းလဲခဲ့တာဖြစ်ပါတယ်. ထူးခြားတဲ့ ဆံပင်အရောင်လေး တွေကလည်း သူမနဲ့ လိုက်ဖက်လွန်းတာကို တွေ့ရပါတယ်. ဒီ ဆံပင်အရောင်လေးကြောင့်လည်း အားပေးချစ်ခင်မှု ပိုလာတဲ့ ပရိသတ်ရှိသလို ဝေဖန် ပြောဆိုလာတဲ့ ပရိသတ်တွေလည်း ရှိခဲ့ပါသေးတယ်.
Photo : ဝတ်ရည်မိုး FB
ပိုပိုရဲ့ နောက်ဆုံးထွက်ရှိခဲ့တဲ့ Master Piece တစ်ကိုယ်တော် MTV အခွေလေးကို စက်တင်ဘာလ ၉ ရက်နေ့က The Sun Music Production ကနေ ထုတ်လုပ်ဖြန့်ချီခဲ့တာဖြစ်ပါတယ်။ ဒီ MTV မှာ အောင်ရဲလင်းက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး အမိုက်စားတင်ဆက်မှုတွေနဲ့ ရိုက်ကူးထားတာဖြစ်တဲ့အတွက် ပရိသတ်အားပေးမှုအများကြီး ရရှိခဲ့တာဖြစ်ပါတယ်။