in-display fingerprint စနစ် သုံးထားပါတယ်။

OPPO Find X ကစပြီး high-end ဖုန်းတွေ ထုတ်လာတဲ့ OPPO ဟာ နောက်ဆုံးပေါ် နည်းပညာတွေ ပါဝင်တဲ့ OPPO R17 Pro ကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။



oppo-r17-pro_1.jpg

Photo: YugaTech

 

OPPO R17 Pro ရဲ့ ထူးခြားမှုက Find X ရဲ့ သြဇာကနေ လုံးဝ လွတ်ကင်းနေတာပါ။ ကင်မရာ ၊ ဒီဇိုင်း ၊ သုံးထားတဲ့ မှန်ပြင်ကအစ ဘက်ထရီအားသွင်းစနစ်အထိ OPPO R17 Pro ဟာ တကယ့်ကို အသစ်ဖြစ်နေပါတယ်။ OPPO R17 Pro ဟာ OPPO ရဲ့ ကိုယ်ပိုင် notch ဒီဇိုင်းသစ်ဖြစ်တဲ့ waterdrop screen ဒီဇိုင်းသစ်ကို သုံးထားတာပါ။

မျက်နှာပြင်အရွယ်အစား ၆.၄ လက်မဟာ 2340 x 1080pixel ရုပ်ထွက်ပါတဲ့ AMOLED display နဲ့ထွက်လာပြီး waterdrop notch ကြောင့် မှန်ပြင်နဲ့ကိုယ်ထည်ရဲ့ အချိုးအစားဟာ ၉၁.၅% အထိ ရှိလာပါတယ်။ ထူးခြားတာက လက်ရှိ Gorilla Glass 5 ထက် ၂ ဆ ပိုပြီး အကြမ်းခံတယ်ဆိုတဲ့ Corning ရဲ့ Gorilla Glass 6 အုပ်ထားတာပါ။

 

ဒီမှန်ပြင်အောက်မှာတော့ ခေတ်ပေါ် လက်ဗွေစနစ်ဖြစ်တဲ့ in-display fingerprint နည်းပညာ ထည့်သွင်းထားပါတယ်။ OPPO R17 Pro ဟာ high-end မော်ဒယ် ဖြစ်ပေမယ့် ပရီမီယံ mid-range processor ဖြစ်တဲ့ Snapdragon 710 SoC သစ်ကိုRAM 8GB / Adreno 616 GPU တို့နဲ့တွဲ သုံးသွားတာပါ။ 128GB storage နဲ့လာပြီး dual SIM သုံးနိုင်တဲ့ ဖုန်းလည်း ဖြစ်ပါတယ်။

ကျောဘက်ကင်မရာ ဖွဲ့စည်းမှုရဲ့ ထူးခြားချက်က Huawei P20 pro စတိုင် triple lens သုံးထားတာပါပဲ။ OPPO R17 Pro ကတော့ 20MP ပင်မကင်မရာ ၊ 12MP အရန် ကင်မရာနဲ့AR features တွေ ပံ့ပိုးပေးမယ့်3D စတီရီယို ကင်မရာတစ်ခု ပါရှိပါတယ်။ 3D စတီရီယိုကင်မရာကတော့ 3D ပုံ ရိုက်ကူးဖို့အပြင် ကိုယ်အိမ်ထဲက တီဗွီနဲ့ချိတ်ပြီး ဂိမ်းစက်အဖြစ် ပြောင်းတဲ့အထိ သုံးလို့ရမယ်လို့OPPO က ဆိုပါတယ်။

ရှေ့ဘက်မှာတော့ 25MP ဆယ်လ်ဖီကင်မရာနဲ့ထွက်လာတာ ဖြစ်ပါတယ်။ ဘက်ထရီပိုင်းဟာ OPPO R17 Pro ရဲ့ အထူးခြားဆုံး feature တွေထဲက တစ်ခုဖြစ်ပြီး 50W SuperVOOC charging နည်းပညာသုံး 1850mAh ဘက်ထရီ ၂ ခုနဲ့လာတာပါ။ OPPO ရဲ့ luxury မော်ဒယ်ဖြစ်တဲ့ Find X Lamborghini Edition မှာ ပထမဆုံး သုံးပြသွားတဲ့ ဒီနည်းပညာဟာ ၁၀ မိနစ်တည်းနဲ့ဘက်ထရီ ၄၀% အထိ အားခံမယ့် နည်းပညာလည်း ဖြစ်ပါတယ်။

Photo: Android Authority

 

OPPO ရဲ့ ColorOS 5.1 အုပ်ထားပြီး Android 8.1 Oreo စနစ်ပါတဲ့ ဒီဖုန်းဟာ Fog Gradient ဆိုတဲ့ ကာလာဆန်းနဲ့ထွက်လာတာ ဖြစ်ပါတယ်။ ဒီဖုန်းကို တရုတ်ဈေးကွက်မှာ လာမယ့် အောက်တိုဘာလလယ်က စပြီး ၄၂၉၉ ယွမ် (မြန်မာငွေ ၉ သိန်းခွဲ ) ဈေးနဲ့ရောင်းချသွားမှာပါ။ နိုင်ငံတကာ ဈေးကွက် ဖြန့်ချိမယ့် ရက်တော့ မကြေငြာသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က