အိန္ဒိယပရိသတ်တွေက​တော့ အပြိုင်အဆိုင်ကို ချနေကြတာပါ။

အိန္ဒိယနိုင်ငံ၊ ကီရာလာပြည်နယ်မှာ ပေါ်တူဂီနဲ့ ရော်နယ်ဒိုပရိသတ်တွေကတော့ ပွဲကြမ်းလိုက်ပါပြီ။ အမြင့် ၁၂၅ ပေရှိတဲ့ ရော်နယ်ဒိုရဲ့ ပုံတူကားချပ်ကြီးကို စိုက်ထူလိုက်တာပါ။ ခရစ်ကတ်ကြီးစိုးနေတဲ့ အိန္ဒိယမှာ ကီရာလာပြည်နယ်ကတော့ ဘောလုံးကို အရူးအမူးအားပေးကြတဲ့ ပရိသတ်​တွေ အများကြီးရှိနေပြီး အာဂျင်တီးနားနဲ့ ဘရာဇီးလ်ကို အကြီးအကျယ်အားပေးကြတာပါ။ 

ပြီးခဲ့တဲ့ရက်ပိုင်းကမှ နေမာရဲ့ အမြင့်ပေ ၁၀၀ ကျော်တဲ့ ပုံတူကားချပ်ကြီးကို ဘရာဇီးလ်ပရိသတ်တွေက စိုက်ထူပြီး ဂုဏ်ပြုခဲ့ပါသေးတယ်။ အခုကတော့ ရော်နယ်ဒိုကို ဂုဏ်ပြုခဲ့ကြတာဖြစ်ပြီး ပေါ်တူဂီကို အားပေးနေတယ်ဆိုတာကိုပါ ပြသနေတာပါ။ ပြည်နယ်တခုတည်းမှာကိုပဲ ပရိသတ်တွေကြား အားပေးမှုက တော်တော်လေးပြင်းထန်နေပါတယ်။ 

ဘရာဇီးလ်နဲ့ အာဂျင်တီးနားပရိသတ်တွေဆိုလည်း မကြာခဏဆိုသလို ခိုက်ရန်ဖြစ်ပွားတဲ့အထိ အားပေးကြမ်းပါတယ်။ ဒါပေမယ့် ပေါ်တူဂီအားပေးတဲ့ ကီရာလာပြည်နယ်သားတွေကလည်း သူတို့ရှိသေးတယ်ဆိုတာကို ရော်နယ်ဒိုရဲ့ ပုံတူရုပ်ကြီးစိုက်ပြီးတော့ သတိပေးခဲ့ကာ အားကျမခံ သူတို့လည်း လုပ်နိုင်တယ်ဆိုတာကို ပြသသွားခဲ့ပါတယ်။ 

ပေါ်တူဂီကတော့ အုပ်စုပွဲစဉ် ၁ပွဲကစားထားပြီး ဂါနာကို အနိုင်ရထားပါတယ်။ ဒီနေ့မှာ ဥရုဂွေးနဲ့ ကစားသွားရမှာဖြစ်ပြီး အနိုင်ရရင် နောက်တဆင့်ကို တက်ရောက်နိုင်တော့မှာပါ။ ရော်နယ်ဒိုကတော့ အသင်းအတွက် တဂိုးသွင်းယူပေးထားပြီး သူ့ရဲ့ နောက်ဆုံးသော ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းနဲ့အတူ အောင်မြင်မှုရယူနိုင်ဖို့အတွက် အားခဲထားပါတယ်။ 



ရော်နယ်ဒိုက ကမ္ဘာ့ဖလားပြိုင်ပွဲ ၅ ကြိမ်ဆက်တိုက်ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ထားပြီးပါပြီ။ ပေါ်တူဂီနဲ့သာ ကမ္ဘာ့ဖလားရခဲ့မယ်ဆိုရင် ယူရို၊ ကမ္ဘာဖ့လားနဲ့ နေးရှင်းလိဂ်ဖလားဆွတ်ခူးနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာဖို့လည်းရှိနေပါတယ်။

CLEAR Filter ဘောလုံးဂိမ်းကစားပြီး Limited Edition CR7 Signed Golden Bottle ဆုလက်ဆောင်ရယူနိုင်ပါပြီ။ ရော်နယ်ဒိုလို ကျွမ်းကျင်မှုမျိုးပြသပြီး သူ့လက်မှတ်ပါဝင်တဲ့ ဆုလက်ဆောင်ရမယ့် အခွင့်အရေးနော်။ ဂိမ်းကို ပါဝင်ဆော့ကစားဖို့အတွက် ဒီလင့်ခ်လေးကို နှိပ်ပြီး ဝင်ကစားရုံပါပဲ။ 


Share

Loading Next Article...
က္က