စွယ်စုံရ မင်းသားတစ်ယောက်ပဲနော်။ တော်လိုက်တာ...

နေတိုးဟာ ပြဿနာရုပ်ရှင်ဇာတ်ကားထဲမှာ ဇာတ်ဝင်တေးကို ကိုယ်တိုင်ပါဝင်သီဆိုဖြစ်တဲ့အကြောင်းပြောပြလာပါတယ်။ သူဟာ သီချင်းဆိုရာမှာသာမက အသံတုလုပ်တဲ့နေရာမှာလည်း တစ်ကယ့်ကို ပါရမီရှင်တစ်ယောက်ဖြစ်ပါတယ်။

Photo: Golden Hope



ပရိသတ်အချစ်တော် နေတိုးဟာ သရုပ်ဆောင်အပိုင်းမှာသာမက သီချင်းဆိုတဲ့အပိုင်းမှာလည်း ကျွမ်းကျင်တဲ့သူတစ်ယောက်ပါ။ မေလ ၉ ရက်နေ့မှာ ရုံတင်ပြသမယ့် ပြဿနာရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း ဇာတ်ဝင်တေးကို နေတိုးကိုယ်တိုင် သီဆိုထားတယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’လိုအပ်ရင်တော့ ကျွန်တော်တို့ အနေနဲ့ ကြိုးစားခွင့်လည်းရှိမယ်၊ ကိုယ်နဲ့လည်း အံဝင်ဂွင်ကျဖြစ်မယ့် ဟာမျိုးကိုတော့ သီဆိုဖြစ်တယ်။ ကိုယ် မဆိုဖြစ်တဲ့ ဇာတ်ကားတွေလည်း ရှိပါတယ်။ အဓိကကတော့ ပရိသတ်အတွက်၊ ကာရိုက်တာအတွက် လိုအပ်မယ်ဆိုရင်တော့ ဆိုဖြစ်တာများပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Golden Hope

နေတိုးဟာ သီချင်းသီဆိုတက်ရုံသာမကပဲ အသံတု ပြောတဲ့နေရာမှာလည်း ကျွမ်းကျင်ပိုင်နိုင်သူ တစ်ဦးပါ။ ဒီလို အသံတု ပြောတတ်ဖိုု့ကလည်း သူကိုယ်တိုင် ကြိုးစားဖြစ်ခဲ့တဲ့ အကြောင်းတွေ ပြောပြခဲ့ပါတယ်။

‘’အလုပ်ကပဲ ပြန်သင်ပေးသွားတာပေါ့နော်။ အမြဲတမ်းကတော့ ကြိုးစားနေရတာပေါ့။ ဘာကြောင့်လဲ ဆိုတော့ ကိုယ့်ဆီကို ရောက်လာမယ့် အခွင့်အရေးက ဘယ်လိုပုံစံမျိုးနဲ့ ရောက်လာမယ်၊ ဘယ်လို အနုပညာစိန်ခေါ်မှုမျိုး ကိုယ့်ဆီရောက်လာမယ်ဆိုတာကို မသိနိုင်ဘူး။ ဘဝမှာ ဖြတ်သန်းနေတဲ့အချိန်တိုင်း ကိုယ်က လေ့လာနေရတာပေါ့။ အဓိကကတော့ ဘဝဖြတ်သန်းမှုကနေ သင်ကြားတာပေါ့နော်။ ဝါသနာပေါ်မှာ အခြေခံတဲ့ ပါရမီကြောင့့်လည်း ပါမယ်လို့ ထင်ပါတယ်ခင်ဗျ’’ ဆိုပြီးတော့ ပြဿနာရုပ်ရှင်ကားကြီး အထူးပြပွဲမှာ ဖြေဆိုခဲ့တာပါ။


Photo: Golden Hope

ပြဿနာရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း ဦးဇာဂနာနဲ့ အတူ ရုပ်ရှင်ဇာတ်ဝင်တေးသီချင်း သီဆိုဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း နေတိုးက ပြောပြလာပါတယ်။

‘’ဒါက ကိုယ်ကြိုက်တဲ့ ကောင်မလေးကို လာပြီးတော့ ပိုးတဲ့အချိန်မှာ သီချင်းဆိုတဲ့ ဇာတ်ဝင်ခန်းလေးတစ်ခုပေါ့နော်။ ဒါလေးက အဖေရယ်၊ သမီးရယ်၊ ကိုယ့်ချစ်သူရယ် သုံးယောက် Playback ပုံစံမျိုးနဲ့ ဒါရိုက်တာကလည်း လုပ်ချင်တယ်ဆိုတာနဲ့ ဒီသီချင်းကို ကြက်ဖက သီချင်းရေးပေးဖြစ်တာပေါ့။ ကိုယ်ကိုယ်တိုင် ဆိုဖြစ်တာကလည်း ဇာတ်ကားထဲမှာ ကိုယ်တိုင်ဆိုရမယ့် ကာရိုက်တာဖြစ်လို့ ဆိုဖြစ်တာပါ’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။


Photo: Golden Hope

နေတိုးဟာ ၂၀၀၁ ခုနှစ်မှစပြီး ခေါင်းဆောင်မင်းသားနေရာကနေ ဇာတ်ကားတွေရိုက်ကူးခဲ့တဲ့ တာဖြစ်ပါတယ်။ သူ့ကိုတော့ ၁၉၈၁ ခုနှစ် စက်တင်ဘာ(၉)ရက်နေ့က ရခိုင်ပြည်နယ် မာန်အောင်မြို့မှာ မွေးဖွားခဲ့တဲ့ ရခိုင်တိုင်းရင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။ ၁၉၉၉ခုနှစ်မှာ YIIK Modeling Agency မှာ သင်တန်းတက်ရောက်ခဲ့ကာ အဆိုပိုင်းနဲ့ပတ်သက်ပြီး ဦးစောနုဆီမှာ သင်ယူခဲ့ပါတယ်။

အခုဆိုရင်တော့ နေတိုးရဲ့ အနုပညာသက်တမ်းဟာ နှစ်ပေါင်း ၂၀ရှိလို့နေပါပြီ။ ဒီအတောအတွင်းမှာလည်း သူဟာ သရုပ်ဆောင် အလုပ်ကိုလည်း တစ်စိုက်မတ်မတ်ဆောင်ရွက်သူဖြစ်သလို ဂီတနဲ့ ပတ်သက်ပြီးတော့လည်း သီချင်းတွေ သီဆိုရေးဖွဲ့ ခဲ့သူပါ။သူ သီဆိုထားတဲ့ သီချင်းလေးတွေကလည်း ပရိသတ်တွေ အကြိုက်နဲ့ ထပ်တူကျခဲ့တာကြောင့်အောင်မြင်မှုတစ်ခုကို ထပ်မံရရှိခဲ့ပြန်ပါသေးတယ်။

နေတိုး(Nay Toe)က အကယ်ဒမီဆုများစွာ ပိုင်ဆိုင်ထားပြီး ဂုဏ်သတင်းကောင်းများနဲ့ ရပ်တည်နေတဲ့ ထိပ်တန်း မင်းသားတစ်လက် ဖြစ်ပါတယ်။ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) စတဲ့ ရုပ်ရှင်ဇာတ်ကား(၃) ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Cult Critic Movie Award နိုင်ငံတကာ ရုပ်ရှင်ပွဲတော် က ချီးမြငိ့တဲ့ The Best Actor ဆုကို မဟူရာ ရုပ်ရှင်ရုံ ရုပ်ရှင်ကားနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က