အလှူရှင်တွေရဲ့ ကိုယ်စား အဘိုးအဘွားတွေဆီကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပေးခဲ့တဲ့ သူမရဲ့ ပုံရိပ်လေးတွေ ကြည့်ပြီး ပရိသတ်တွေက ပီတိဖြစ်လို့နေပါတယ်.
Photo : ခိုင်နှင်းဝေ FB
ပရဟိတမင်းသမီးလေး ခိုင်နှင်းဝေက ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ ရှိတဲ့ ကျန်းမာရေးမကောင်းတဲ့ ဘိုးဘွားတွေ၊ မပြည့်စုံတဲ့ ဘိုးဘွားတွေဆီသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ပါတယ်။ နေဝင်ချိန်ကို စောင့်နေရတဲ့ အဘိုးအဘွားတွေဆီ ယခုလို သွားရောက်လှူဒါန်းခွင့်ရလို့လည်း သူမအနေနဲ့ အရမ်းကို ကြည်နူးမိတယ်လို့ ဆိုပါတယ်။
“အသက်အရွယ်ကြီးလာတဲ့ သားသမီး များရဲ့ အပယ်ခံဘဝတွေဖြစ်တဲ့ "အိုပယ်" ဘဝ နဲ့ နေဝင်ချိန်စောင့်နေရတဲ့ အဘိုးတွေအဘွားတွေအတွက် ကျမသွားတော့ ပျော်လိုက်ကြတာ.တဒင်္ဂလေး စိတ်ချမ်းသာသွားရင်ပဲ ကျမကိုလှူထားတဲ့ အလှူရှင်တွေအပါအဝင် ကျမကိုယ်တိုင်လဲ ကြည်နူးရသလို ကုသိုလ်လဲရပါတယ်ရှင်..ပုတီးတွေထည့်လှူလိုက်တော့ပျော်နေကြတယ်.အဘိုးအဘွားတွေသက်ရှည်ကျန်းမာကြပါစေ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဒီဇင်ဘာ(၂၀) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။
Photo : ခိုင်နှင်းဝေ FB
ကျန်းမာရေးအကောင်းတဲ့ အဘိုးအဘွားတွေနဲ့ မပြည့်စုံတွဲ အဘိုးအဘွားတွေအတွက် အလှူရှင်တွေ လှူဒါန်းပေးတဲ့ အစားအသောက်တွေ၊ အနွေးထည်၊ စောင်၊ ပုတီးများနဲ့ အလှူငွေများကို ခိုင်နှင်းဝေက သွားရောက်လှူဒါန်းပေးခဲ့တာပါ။
အလှူရှင်တွေရဲ့ အလှူဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခဲ့တဲ့အတွက် သူမကိုယ်တိုင်လည်း ဝမ်းသာနေသလို ပရိသတ်တွေကလည်း သူမပြုလုပ်တဲ့ အလှူဒါနကိုကြည့်ပြီး ဝမ်းသာပီတိဖြစ်လို့နေပါတယ်။
Photo : ခိုင်နှင်းဝေ FB
ခိုင်နှင်းဝေဟာ ကိုယ်ကျိုးအတွက် ငှဲ့မတွက်ဘဲ အများအတွက် စဉ်းစားပြီး ပရဟိတအလုပ်တွေ လုပ်နေသူပါ။ နာမည်ကြီးချင်လို့ ပရဟိတအလုပ်ကို လုပ်တာမျိုးမဟုတ်ဘဲ တကယ်လိုအပ်တဲ့သူတွေအတွက ်ကူညီပေးနေသူ တစ်ဦးဖြစ်ပါတယ်။
ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ ဆင်းရဲသားပြည်သူတွေကိုလည်း တစ်ဖက် တစ်လမ်းက ကူညီစောင့်ရှောက် တတ်သလို ဘုရား၊ တရားကိုလည်း မမေ့မလျှော့ ဆောင်ရွက်တတ်သူတစ်ဦးပါ။ ဘာသာရေး၊ သာသနာရေး တွေလည်း အဆက်မပြတ်ဆောင်ရွက်လေ့ရှိပါတယ်။
Photo : ခိုင်နှင်းဝေ FB
ခိုင်နှင်းဝေတို့ ပရဟိတအသင်းဟာ ကရင်ပြည်နယ်ဘက်မှာ ရေကြီးနေတဲ့ ရွာတွေကို တစ်ရွာပြီး တစ်ရွာ သွားလှူနေတာတွေ့ရပါတယ်။ ခိုင်နှင်းဝေဟာ ပရဟိတအလုပ်တွေနဲ့ ပတ်သက်လာရင် စွမ်းစွမ်းတမံဆောင်ရွက်နေသူတစ်ဦးပါ။ United Act ရဲ့ ကလေး သူငယ် လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ အထူးသံတမန် ခန့်အပ်ခြင်း ခံရတဲ့ ခိုင်နှင်းဝေက အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် အားတက်သရော ပါဝင်ကူညီ ဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။