ဝတ်မှုံရွှေရည်ဟာ စားဝတ်နေရေးအဆင်မပြေမှုတွေကြောင့် မဖြစ်မနေ အပြင်ထွက်အလုပ်လုပ်နေ ရသူတွေအတွက် စားနပ်ရိက္ခာနဲ့ ငွေကြေးတချို့ကို လှူဒါန်းခဲ့တာ တွေ့ရပါတယ်။
Photo: Wutt Hmone Shwe Yi
သရုပ်ဆောင် ဝတ်မှုံရွှေရည်ကတော့ COVID-19 ကြောင့် အိမ်ထဲမှာနေလို့မရပဲ တစ်နေ့စာဝမ်းရေးအတွက် မဖြစ်မနေ ရုန်းကန်လှုပ်ရှားနေရသူတွေအတွက်စားနပ်ရိက္ခာနဲ့ ငွေကြေးတချို့ကို လှူဒါန်းခဲ့တာ တွေ့ရပါတယ်။
Photo: Wutt Hmone Shwe Yi
သူမဟာ ပရဟိတအဖွဲ့အစည်း၊ ဆေးရုံ ဆေးခန်း၊ ဘုန်းတော်ကြီးကျောင်းတွေမှာ လှူဒါန်းတာ မဟုတ်ပဲ လမ်းမပေါ်တစ်လျှောက် ကားမောင်းရင်း လမ်းမှာတွေ့တဲ့ သက်ကြီးရွယ်အို၊ စည်ပင်ဝန်ထမ်း၊ နေ့စားလုပ်သားတွေ၊ သီလရှင်တွေ ကို အလှူပစ္စည်းတွေ ဝေမျှ ခဲ့တာဖြစ်ပါတယ်။ သူမရဲ့ အလှူကြောင့်လည်း ဝမ်းသာမျက်ရည်ကျခဲ့သူတွေလည်းရှိခဲ့ပါတယ်။ ဝတ်မှုံရွှေရည်ရဲ့ အလှူဒါနအတွက် ပရိသတ်တွေကလည်း သာဓု ၃ ကြိမ်ခေါ်ဆိုခဲ့ကြပါသေးတယ်။ ဝတ်မှုံရွှေရည်ဟာ မနက် မိုးလင်းကနေ မိုးချုပ်တဲ့အထိ အလှူတွေလုပ်ခဲ့တာ ဖြစ်ပါတယ်။
Photo: Wutt Hmone Shwe Yi
ကမ္ဘာအနှံ့အပြားမှာ ဖြစ်ပေါ်နေတဲ့ COVID-19 ကြောင့် သေဆုံးသွား တဲ့ လူဦးရေတွေက အများကြီးရှိ လို့နေပါပြီ။ မြန်မာနိုင်ငံအတွင်းမှာတော့ လူစုလူဝေးအများအပြားနဲ့ ပြုလုပ်ရတဲ့ အကယ်ဒမီပေးပွဲ၊ သင်္ကြန်ပွဲတွေ လုပ်ခွင့်မရတော့သလို ရုပ်ရှင်ရုံတွေလည်း ယာယီ ပိတ်ထားရတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ အနုပညာရှင် တော်တော် များ များကလည်း အဆိုပါ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကျန်းမာရေး ဂရုစိုက်ကြဖို့ တစ်ဖက်တစ်လမ်းက တိုက်တွန်းနေကြတာကို တွေ့ရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနကလည်း မလိုအပ်ပဲ အပြင်မထွက်ကြဖို့ ကြေညာချက်ထုတ်ပြန်ထားတာလည်း တွေ့ရပါတယ်။
Photo: Wutt Hmone Shwe Yi
ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ခုနှစ်မှာ "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၄ခုနှစ်မှာတော့ " နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။ သူမကို ချစ်တဲ့ ပရိသတ်တွေ ကလည်း အများကြီးရှိပါတယ်။ အခုချိန်မှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက် ရိုက်ကူးနေရတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ သူမကိုတော့ Kanebo ကြော်ငြာနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့ပါတယ်။