မွေးနေ့အလှူလေးက ကြည်နူးဖို့ ကောင်းလိုက်တာ။
 

ဒီနေ့(ဇွန်လ၂၂ရက်)က သရုပ်ဆောင် စမိုင်းလ်ရဲ့ အသက်(၃၄)နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့လေးမှာ လှိုင်သာမြို့နယ်ရှိ သစ်တံခါးဘုန်းကြီးကျောင်းမှာ မွေးနေ့အလှူ ပြုလုပ်နေတာ တွေ့ရပါတယ်။ သစ်တံခါးကျောင်းမှာ သက်ကြီးရွယ် အို (၁၂၀)အား နေ့လည်စာနဲ့ အလှူငွေတွေ ပေးအပ်လှူဒါန်းနေတာ ဖြစ်တယ်လို့ သိရပါတယ်။သက်ကြီးရွယ်အိုများအတွက် ကျွေးမွေးပြီးသွားရင်လည်း စတုဒီသာအနေနဲ့ ထမင်းနဲ့ ဟင်းများ ထပ်ပြီးကျွေးမွေးခဲ့ပါသေးတယ်။

စမိုင်းလ်ဟာ မွေးနေ့မရောက်ခင်ရက်ပိုင်းအလိုလောက်ကတည်းက အလှူတွေ ဆက်တိုက်ဆိုသလို လုပ်ဖြစ်နေပါတယ်။ ဇွန်လ(၂၁)ရက်နေ့ ပန်းပျိုးလက် ပရဟိတကျောင်းမှာ ရှိတဲ့ မိဘမဲ့ ကလေး အယောက်(၄၃၀)အတွက် နေ့လည်စာလှူဒါန်းခဲ့သလို ဇွန်လ(၂၀)ရက်နေ့က မှော်ဘီမြို့ အောင်ဇမ္ဗူတောရကျောင်းမှာ နေ့ဆွမ်းနဲ့အတူ သင်္ကန်များ ဆပ်ကပ်လှူဒါန်းခဲ့သလို ရွှေစင်(၄)ကျပ်ခွဲသား တန်ဖိုးရှိတဲ့ စိတ်ပုတီးလေးကိုလည်း လှူဒါန်းခဲ့ပါသေးတယ်။

 

အောင်ဇမ္ဗူကျောင်းမှာ အလှူသွားလုပ်ခဲ့တဲ့ စမိုင်းလ်တို့မိသားစု 

အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတတ်တဲ့ စမိုင်းလ်တို့မိသားစုဟာ ပရိသတ်တွေ အားကျရတဲ့ မိသားစုလေး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကလည်း ဆေးကုသမှု ခံယူနေရတဲ့ သရုပ်ဆောင် ကစ်ကစ်အတွက် အလှူငွေ (၁၀)သိန်း သွားရောက် လှူဒါန်းပေးခဲ့ပါသေးတယ်။ စမိုင်းလ်တို့ ဇနီးမောင်နှံဟာ အလှူအတန်းတွေလည်း ပြုလုပ်သလို တစ်ခါတလေမှာသူတို့ရဲ့ စိတ်ကူး အိမ်မက် လေးတွေကိုလည်း ရိုမန့်တစ်ဆန်ဆန် အကောင်အထည်ဖော်တတ်သူတွေ ဖြစ်ပါတယ်။

 

စမိုင်းလ်က ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ခင်ပွန်းဆီက သိန်း(၈၀၀၀)တန် ကားကို မွေးနေ့ လက်ဆောင်အနေနဲ့ ရခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူက စမိုင်းလ်အတွက် မွေးနေ့လက်ဆောင်ကားကို မြန်မာပလာဇာ promotion area မှာ Surprise လုပ်ပြီးပေးခဲ့တာပါ။

သရုပ်ဆောင် စမိုင်းလ်တို့ ဇနီးမောင်နှံဟာ ကိုယ်ပိုင်စီးပွားရေးတွေလည်း အများကြီးပိုင်ဆိုင်ထားသလို ကိုယ်ပိုင်ရုပ်ရှင် ထုတ်လုပ်ရေး ကိုလည်း စီစဉ်ဆောင်ရွက်နေသူတစ်ဦးပါ။ ဒီလိုပိုင်ဆိုင်မှုတွေ ရှိလာနိုင်အောင်လည်း ခင်ပွန်းဖြစ်သူက အလုပ်ကြိုးစားသလို သူကိုယ်တိုင်ကလည်း အိမ်ထောင်မှုကို စနစ်တကျထိန်းသိမ်းခဲ့ရတယ်ဆိုပြီးတော့ Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

 

စမိုင်းလ်ဟာ အခုဆိုရင်တော့ အားကိုးရတဲ့ ခင်ပွန်းရယ်၊ ချစ်စရာကောင်းတဲ့ သမီးလေး ၂ ယောက်ရယ်ကို ပိုင်ဆိုင်ထား တဲ့ အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်လို့နေပါပြီ။

Share

Loading Next Article...
က္က