ဒါ ပထမဆုံး အတူတွဲသီဆိုဖြစ်တာပါတဲ့။

ကြက်ဖနဲ့ စန္ဒီမြင့်လွင်တို့အတူတွဲပြီး သီချင်းအသစ်တစ်ပုဒ် ဖန်တီးနေတယ်လို့ သိရပါတယ်။ စန္ဒီမြင့်လွင်တစ်ယောက် ကိုယ်ဝန်လွယ်ထားရပေမယ့်လည်း သူတတ်နိုင်သလောက် ဂီတအလုပ်တွေ လုပ်နေတာဖြစ်ပါတယ်။

Photo: Sandy Myint Lwin

ဂီတမောင်နှမတွေဖြစ်တဲ့ အဆိုတော် ကြက်ဖနဲ့ အဆိုတော် စန္ဒီမြင့်လွင်တို့ရဲ့ သီချင်းအသစ်လေးကို မကြာခင်ပရိသတ်တွေရှေ့ရောက်ဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။

‘’ ဆယ်စုနှစ်ကာလတစ်ခုအတွင်း ကိုကြက်နဲ့ပထမဆုံး အတူတွဲလုပ်ဖြစ်တဲ့ သီချင်းတစ်ပုဒ်’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၄ရက်နေ့ နေ့လည် ၁ နာရီခွဲက သူ့ရဲ့ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားထားတာ တွေ့ရပါတယ်။ ဒီသီချင်း အသစ်လေးကို မျှော်လင့်နေတဲ့အကြောင်း ပရိသတ်တွေကလည်း Comment ကနေတဆင့် ပြောပြထားပါတယ်။

Photo: Sandy Myint Lwin

စန္ဒီမြင့်လွင်ရဲ့ ကိုယ်ဝန်ဟာ အခုဆိုရင်တော့ ၃ လကျော်လို့ ၄ လထဲကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ သူ့ရဲ့ ပထမဆုံးရင်သွေးလေးကတော့ သမီးမိန်းကလေးဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂီတအလုပ်တွေကို သူတတ်နိုင်သလောက် လုပ်နေတုန်းပါ။

Photo: Sandy Myint Lwin

ကြက်ဖကတော့ လက်ရှိမှာ ကိုယ်တိုင်သီချင်းရေး၊ ကိုယ်တိုင် သီချင်းဆိုနေတာကို တွေ့ရပါတယ်။ ၂၀၁၈ ခုနှစ်မှစပြီး ဂီတအလုပ်တွေကို ဖြေးဖြေးနဲ့ မှန်မှန် ဆောင်ရွက်လာတဲ့ ကြက်ဖရဲ့ သီချင်းအသစ်တွေကိုလည်း ပရိသတ်တွေက စောင့်မျှော်လို့နေပါတယ်။

 စန္ဒီမြင့်လွင်ကတော့ ခင်ပွန်းဖြစ်သူ ကိုသီဟလွင်နဲ့ ၂၀၁၈ ခုနှစ် မတ်လ ၄ ရက်နေ့က မင်္ဂလာလက်မှတ် ရေးထိုးခဲ့တာဖြစ်ပြီး မတ်လ ၁၁ ရက်နေ့မှာတော့ မင်္ဂလာဧည့်ခံပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အိမ်ထောင်ပြုပြီး နောက်မှာလည်း ဂီတအလုပ်တွေ ဆက်လက်လုပ်ကိုင်နေတာကို တွေ့ရပါတယ်။

Share

Loading Next Article...
က္က