ဗိုလ်လုပွဲအတွင်းမှာပဲ ဖြစ်ပွားခဲ့တာပါ။

စပိန်အမျိုးသမီးအသင်း အမျိုးသမီးကမ္ဘာ့ဖလားမှာ ဗိုလ်စွဲခဲ့တဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေကတော့ မပြီးဆုံးနိုင်ဖြစ်နေရပါတယ်။ စပိန်ဟာ အင်္ဂလန်ကို ဗိုလ်လုပွဲမှာ တစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရဗိုလ်စွဲသွားခဲ့တာပါ။



ဒါဟာ စပိန်အမျိုးသမီးလက်ရွေးစင်အသင်းအတွက် အမျိုးသမီးကမ္ဘာ့ဖလားမှာ ပထမဆုံးအကြိမ် ဗိုလ်စွဲခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါပွဲအပြီး ဆုပေးပွဲမှာ စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ရူဘီရာလက်စ်က အမျိုးသမီး ကစားသမား ဟာမိုဆိုကို စင်ပေါ်မှာ နှုတ်ခမ်းချင်း တေ့နမ်းခဲ့ပါတယ်။

ဒီဖြစ်ရပ်အတွက် ဟာမိုဆိုကိုယ်တိုင်က မနှစ်မြို့ကြောင်း ဖွင့်ဟဝန်ခံခဲ့သလို ပရိသတ်တွေကလည်း ရူဘီရာလက်စ်ရဲ့ လုပ်ရပ်အပေါ် ဝေဖန်ခဲ့ပါတယ်။ အခုချိန်မှာတော့ နောက်ထပ် အမှုတစ်ခုကလည်း ဗိုလ်လုပွဲအတွင်း ဓာတ်ပုံမှတ်တမ်းတွေအရ ထပ်မံပေါ်ပေါက်လာခဲ့ပါတယ်။

စပိန်အမျိုးသမီးအသင်း အနိုင်ဂိုးရသွားချိန်မှာ နည်းပြ ဂျော့ချ်ဗီလ်ဒါက သူ့ရဲ့နည်းပြအဖွဲ့ဝင်အမျိုးသမီးရဲ့ ရင်သားကို ကိုင်တွယ်ခဲ့ပါတယ်။ ကနဦးမှာတော့ ဗီလ်ဒါက အဆိုပါအမျိုးသမီးရဲ့ ပခုံးကို ဖက်ထားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူ့ရဲ့ ဘယ်ဘက်လက်နဲ့ နည်းပြအဖွဲ့ဝင်ရဲ့ ရင်သားကို ကိုင်တွယ်နေခဲ့တာပါ။

ဒီဖြစ်ရပ်က အချိန်အနည်းငယ်သာ ကြာမြင့်ခဲ့ပေမယ့် ဗီလ်ဒါကိုလည်း ဝေဖန်မှုတွေရှိနေပါတယ်။ ဗီလ်ဒါအနေနဲ့ ဒါကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့တာ ဟုတ်၊ မဟုတ် မသေချာသေးပေမယ့် ပရိသတ်တွေကတော့ ဒီနည်းပြကို ပွဲပယ်ပြစ်ဒဏ်ချမှတ်ဖို့အတွက် တိုက်တွန်းနေကြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က