ခီလီယန် အမ်ဘာပေရဲ့ ကိုယ်စားလှယ်တွေဆီကနေ ဖိအားပေးမှုကြောင့် ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

ပြင်သစ်ဘောလုံးဂျာနယ်လစ် ဒန်နီရယ် ရီအိုလိုရဲ့ ပြောကြားချက်အရ ပီအက်စ်ဂျီအသင်းဟာ လိုင်ယွန်တိုက်စစ်ကစားသမား ဟာယန် ရှက်ကီကို ခီလီယန် အမ်ဘာပေကြောင့် ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

ရီအိုလိုဟာ ပီအက်စ်ဂျီအသင်းက အသက် ၁၉ နှစ်အရွယ် ကစားသမားကို အမှန်တကယ် စိတ်ဝင်စားခြင်းမရှိပေမယ့်လည်း ခီလီယန် အမ်ဘာပေရဲ့ ကိုယ်စားလှယ်တွေဆီကနေ ဖိအားပေးမှုကြောင့် ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ ဟာယန် ရှက်ကီဟာ ပြီးခဲ့တဲ့ ရက်ပေါင်းများစွာအတွင်း ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပြီး ခရစ္စတိုဖီ ဂဲလ်တီယာက ၎င်းရဲ့ ကမ္ဘာ့ထိပ်တန်းတိုက်စစ်ကို အကူအညီပေးမယ့် နောက်ထပ် ကစားသမားခေါ်ယူချင်နေတာဖြစ်ပါတယ်။

RMC Sport ကို စကားပြောဆိုရာမှာ ရီအိုလိုက လိုင်ယွန်ကြယ်ပွင့်က ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့အပေါ်မှာ ခီလီယန် အမ်ဘာပေရဲ့ လွှမ်းမိုးမှုက ဘယ်လိုပါဝင်နေလဲဆိုတာကို ပြောကြားခဲ့ပါတယ်။ "ပီအက်စ်ဂျီအသင်းအပေါ်မှာ ဒီကြားခံကနေတဆင့် ကြိုးကိုင်နေပါတယ်။ ကျွန်တော်တို့ ပြောခဲ့သလိုပဲ ရှက်ကီက ပီအက်စ်ဂျီကို သွားတယ်။ ပီအက်စ်ဂျီက ဆွေးနွေးခဲ့တယ်။ ကမ်းပို့စ်က ဒီအပြောင်းအရွှေ့အဆင်ပြေအောင် ကြိုးပမ်းနေတဲ့ အမ်ဘာပေရဲ့ ကိုယ်စားလှယ်အဖွဲ့ဆီကနေ ဖိအားပေးခံထားရတယ်။ ဒါပေမယ့် အဲဒါက ယူရိုသန်း ၃၀ တန်အပြောင်းအရွှေ့ပါ"

"ကမ်းပို့စ်က ဒီအပြောင်းအရွှေ့ကို စိတ်ဝင်စားဖို့ အပြောခံထားရတာကြောင့်သာ စိတ်ဝင်စားနေတာပါ။ ဒီအသင်းမှာ 'ဒီကစားသမားကို စိတ်ဝင်စားလိုက်'လို့ ပြောနိုင်လောက်တဲ့ သြဇာညောင်းမှုမျိုး ရှိတဲ့လူတွေရှိပါတယ်"လို့ ပြောကြားခဲ့ပါတယ်။ ပြင်သစ်ဂျာနယ်လစ်က ခီလီယန် အမ်ဘာပေနဲ့ ၎င်းရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ပီအက်စ်ဂျီအသင်းရဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုတွေအပေါ်မှာ လွှမ်းမိုးမှုရှိတဲ့အကြောင်း ဖွင့်ဟခဲ့ပြီး ဒီလိုအခြေအနေဟာ အလွန်ထူးဆန်းပြီး အသင်းရဲ့လည်ပတ်မှုမှာ ပြဿနာတက်စေနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။


"အမ်ဘာပေက သူမတူဘဲ ထူးခြားပါတယ်။ ဒါပေမယ့် အဲဒါအတွက်နဲ့ သူ့နားမှာ ရှိနေတဲ့လူတွေက ဒီကစားသမားကို ခေါ်ယူဖို့ ပြောနိုင်တဲ့ ပါဝါတွေ ရှိလာရောလား။ လာမယ့်စစ်တမ်းမှာ အမ်ဘာပေရဲ့မိခင်က ပီအက်စ်ဂျီကို သူ တကယ်မလုပ်ချင်ရင်တောင်မှ 'ငါလုပ်ချင်တာ ငါလုပ်မယ်'ဆိုပြီး ပီအက်စ်ဂျီကိုပြောတာကို ခင်ဗျား မြင်ရလိမ့်မယ်။ အဲဒါက ဒီအသင်းရဲ့ စီမံခန့်ခွဲမှုအပိုင်းမှာ ပြဿနာဖြစ်စေမှာပါ။ အဲဒါက ဒီအသင်းဟာ ထူးထူးဆန်းဆန်း အလုပ်လုပ်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ"လို့ ပြောကြားခဲ့ပါတယ်။


ပီအက်စ်ဂျီအသင်းဟာ ယာယန် ရှက်ကီအတွက် ယူရိုသန်း ၃၀ နဲ့ ကမ်းလှမ်းမှုပြုလုပ်ဖို့ ပြင်ဆင်နေပေမယ့်လည်း လိုင်ယွန်ကြယ်ပွင့်ရဲ့ လက်ရှိ ဈေးကွက်ပေါက်ဈေးက ယူရို ၁၈ သန်းသာရှိတယ်လို့ Transfermarkt ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Share

Loading Next Article...
က္က