ပရက်စ်နယ် ကင်ပန်ဘီဟာ ၎င်းရဲ့နေရာမှာ ခီလီယန် အမ်ဘာပေကို ဒုတိယအသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် လူသိရှင်ကြားထုတ်ဖော်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ပီအက်စ်ဂျီနောက်ခံလူဟာ ဒဏ်ရာကြောင့် အနားယူနေခဲ့ရသူဖြစ်ပြီး အရင်တုန်းက ဘရာဇီးလ်ကွင်းလယ်ကြယ်ပွင့် မာကင်ညို့စ်ပြီးရင် ဒုတိယအသင်းခေါင်းဆောင်အဖြစ် ကစားပေးခဲ့သူ ဖြစ်ပါတယ်။ မာကို ဗာရက်တီက မာကင်ညို့စ်နဲ့ ကင်ပန်ဘီပြီးရင် တတိယအသင်းခေါင်းဆောင်ဖြစ်ပေမယ့်လည်း ပီအက်စ်ဂျီနည်းပြ ခရစ္စတိုဖီ ဂဲလ်တီယာက အံ့အားသင့်ဖွယ် အပြောင်းအလဲကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အမ်ဘာပေဟာ တနင်္လာနေ့က ပေးစ်ဒီကက်ဆဲလ်ကို ၇-၀ နဲ့ အပြတ်အသတ် ချေမှုန်းခဲ့တဲ့ ပြင်သစ်ဖလား ၃၂ သင်းအဆင့်ပွဲစဉ်မှာ အသင်းခေါင်းဆောင်လက်ပတ်ကို ဝတ်ဆင်ကစားခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းခေါင်းဆောင် မာကင်ညို့စ်က အရန်ခုံကနေ အမ်ဘာပေ တစ်ဦးတည်း ၅ ဂိုးထိ သွင်းယူခဲ့တာကို ထိုင်ကြည့်ခဲ့ရပြီး ပွဲအပြီးမှာ နည်းပြ ဂဲလ်တီယာက ပြင်သစ်တိုက်စစ်မှူးဟာ ရာသီအစကတည်းက ဒုတိယအသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရတာဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။

"ရာသီအစကတည်းက သူက ဒုတိယအသင်းခေါင်းဆောင်အဖြစ် ကျွန်တော် ဆုံးဖြတ်ခဲ့တယ်။ သူက မာကင်ညို့စ် မရှိတဲ့အချိန်မှာ ဒီလက်ပတ်နဲ့ ထိုက်တန်ပါတယ်။ ဘာလို့လဲဆိုတော့ သူ ဆက်နေဖို့ ဆုံးဖြတ်ခဲ့လို့ပါ။ သူက ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း ၅၆ ဂိုးသွင်းခဲ့တယ်။ သူက ကမ္ဘာ့အဆင့်တိုက်စစ်မှူးတွေထဲက တစ်ဦး၊ ကမ္ဘာပေါ်ကအကောင်းဆုံးကစားသမားတွေထဲကတစ်ဦးပါ။ သူက အဲဒါကို နှစ်သက်တယ်။ သူက ဂိုးတွေသွင်းယူဖို့ ပုံစံထုတ်ထားတဲ့သူပါ။ သူက အလွဲသုံးစားမလုပ်ဘဲ ဂိုးတွေက ပေါင်းစပ်ကစားပြီးနောက်မှာ သဘာဝအတိုင်း ရောက်လာခဲ့တာပါ"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။


ကင်ပန်ဘီဟာ ဂဲလ်တီယာက ခီလီယန် အမ်ဘာပေကို ဒုတိယအသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့တဲ့အပေါ်မှာ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပြီး အင်စတာဂရမ်မှာ စာရေးသားခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ် ပြင်သစ်နောက်ခံလူဟာ နည်းပြရဲ့ဆုံးဖြတ်ချက်ကို လေးစားရမှာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ထွက်ပေါ်နေတဲ့ကောလာဟလသတင်းတွေကို ငြင်းပယ်ခဲ့ပါတယ်။ 

"ပြီးခဲ့တဲ့နာရီအနည်းငယ်အတွင်းမှာ ကျွန်တော့်အကြောင်းနဲ့ပတ်သက်တဲ့သတင်းတွေကို အများကြီး ကြားခဲ့၊ ဖတ်ခဲ့ရပါတယ်။ အမ်ဘာပေကို ဒုတိယအသင်းခေါင်းဆောင်အဖြစ် ခန့်အပ်တာနဲ့ပတ်သက်ပြီး သတင်းမှားတွေ ဆက်ပြန့်နေတာကို ရှောင်လွှဲနိုင်ဖို့အတွက် ကျွန်တော် အရာအားလုံးကို ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင် လုပ်ချင်ပါတယ်။ ကျွန်တော် ဒီဆုံးဖြတ်ချက်ချခဲ့တာကို မသိခဲ့ဘူးဆိုတာက လုံးဝကို မှားပါတယ်။ ဒီလို ပြောပေမယ့်လည်း ကျွန်တော် အမြဲတမ်းအသင်းရဲ့ ဆုံးဖြတ်ချက်ကို လေးစားသွားမှာပါ"လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က