နေမာကိုယ်တိုင်က ဘာစီလိုနာဆီပြန်သွားဖို့ ဆန္ဒရှိနေခဲ့တာပါ။

ဘာစီလိုနာအသင်းအနေနဲ့ နေမာကို ပြန်လည်ခေါ်ယူနိုင်ရေးအတွက် ပြောင်းရွှေ့ကြေးအပြင် ကော့တင်ဟိုကိုပါ အလိုက်ပေးကမ်းလှမ်းထားတာလည်းဖြစ်ပါတယ်။

အပြောင်းအရွှေ့စျေးကွက်ကာလများတွင် အလှုပ်ခတ်ဆုံးဖြစ်နေခဲ့တဲ့ နေမာကို လာမယ့်အပြောင်းအရွှေ့ကာလ များတွင် ပြန်လည်ခေါ်ယူပေးမယ်လို့ ဘာစီလိုနာအသင်းဥက္ကဋ္ဌရဲ့ ကတိပြုမှတ်ချက်စကားကြောင့်သဘောတူညီ မှုအချို့ရရှိထားခဲ့ပြီးဖြစ်တယ်လို့ as.com က အခိုင်အမာဖော်ပြလာပါတယ်။

နေမာအနေနဲ့ ပီအက်စ်ဂျီအသင်းဆီပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း အဆင်မပြေမှုများရှိခဲ့ပြီး အသင်းကနေထွက်ခွာဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့သလို ပြီးခဲ့တဲ့ အပြောင်းအရွှေ့စျေးကွက်ကာလတွေအတွင်းမှာလည်း ဘာစီလိုနာအသင်း ဆီပြန်ရောက်ဖို့ အနီးစပ်ဆုံးအခြေအနေတစ်ရပ်အထိရှိခဲ့သူလည်းဖြစ်ပါတယ်။



“ ပရိသတ်တွေလိုချင်တဲ့ အရာတစ်ခုကို လုပ်ဆောင်ပေးနိုင်မှာပါ။ နေမာဆိုတဲ့ ကစားသမားကို နျူးကမ့်မှာသေ ချာပေါက်ပြန်ပြီးမြင်တွေ့ခွင့်ရမယ်ဆိုလို့ ဆိုချင်ပါတယ်။ ဒီနှစ်ဒါမှမဟုတ် လာမယ့်နှစ်မှာ နေမာကို ဘာစီလိုနာဂျာ စီဝတ်ပြီး ကစားနေရမယ်လို့ ကတိပေးချင်ပါတယ် ” လို့ ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမြူက အတည်ပြုပြော ဆိုလိုက်တာပါ။

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ဘာစီလိုနာအသင်းအပြင် ရီးရဲလ်အသင်းရဲ့ စိတ်ဝင်စားခြင်းကို ပါခံခဲ့ရတဲ့ နေမာအနေနဲ့ အသင်းပြောင်းရွှေ့ဖို့ အနီးစပ်ဆုံးဖြစ်ခဲ့ပေမယ့် အပြောင်းအရွှေ့စျေးကွက်နောက်ဆုံးပိ တ်သိမ်းတဲ့အထိ ညှိနှိုင်းမှုအဆင်မပြေခဲ့တဲ့အတွက် အပြောင်းအရွှေ့မဖြစ်ပေါ်ခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိသတင်းဖော်ပြမှုတွေအရ ဘာစီလိုနာနည်းပြဆက်တီရန်အနေနဲ့ အသင်းတိုက်စစ်နေရာအတွက် မက်ဆီ၊ ဆွာရက်ဇ်တို့နှစ်ဦးကိုသာ ဆက်ထိန်းထားလိုနေပြီး ဒမ်ဘီလီ၊ ကော့တင်ဟိုတို့ကို လက်လွှတ်ဖို့ရှိနေတဲ့အခြေအ နေကြောင့် နေမာရဲ့အပြောင်းအရွှေ့မှာလည်း ဖြစ်ပေါ်လာနိုင်ခြေအများဆုံးရှိနေကြောင်း သုံးသပ်မှုများလည်းရှိ နေခဲ့ပါတယ်။

Share

Loading Next Article...
က္က