မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဖလူမင်နိစ်နဲ့ ကစားရမယ့် ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲမတိုင်ခင် အသင်းအနေနဲ့ နောက်တစ်ကြိမ် ဒါမျိုးဗိုလ်လုပွဲကို ရောက်ဖို့ကို မသေချာနိုင်ဘူးလို့ ပြောကြားလိုက်ပါတယ်။ မန်စီးတီးဟာ သမိုင်းတစ်လျှောက် ပထမဆုံးအဖြစ် ဒီဗိုလ်လုပွဲကို ရင်ဆိုင် ကစားရမှာပါ။
ဆီမီးဖိုင်နယ်မှာ အူရာဝါရက်ဒိုင်းမွန်းကို အနိုင်ကန်ခဲ့တဲ့နောက် မန်စီးတီးတို့ ဗိုလ်လုပွဲမှာ ဘရာဇီးကလပ် ဖလူမင်နိစ်နဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။ ဒီပွဲမှာသာ အနိုင်ရရှိခဲ့ရင် မန်စီးတီးတို့ ပထမဆုံးအကြိမ်အဖြစ် ကလပ်ကမ္ဘာ့ဖလား ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်မှာပါ။
ဒီနေ့ညမှာ ကစားမယ့်ပွဲမတိုင်ခင် ဂွါဒီယိုလာက “ဒါက မတူညီတဲ့ပြိုင်ပွဲတစ်ခုဖြစ်ပေမယ့် ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ တွန်းအားဖြစ်စေမှာပါ။ ခရစ္စမတ်ပွဲကျပ်ကာလအတွက် ပိုကောင်းသွားစေမှာ သေချာပါတယ်။ အခုက မတူညီတဲ့ ပတ်ဝန်းကျင်တစ်ခုလည်း ဖြစ်ပါတယ်”