ပွဲပယ်ပြစ်ဒဏ်ချမှတ်ဖို့ ဆန္ဒရှိနေတာပါ။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) ရဲ့ အကြီးအကဲတွေဟာ လီဗာပူးနည်းပြ ကလော့ပ်ကို ပွဲပယ်ပြစ်ဒဏ်ချမှတ်စေဖို့ ဆန္ဒရှိနေကြောင်း သိရှိရပါတယ်။ ကလော့ပ်ဟာ မန်စီးတီးနဲ့ပွဲမှာ စည်းကြပ်ဒိုင်ကို ဒေါသတကြီး စောဒကတက်ခဲ့တာကြောင့် အနီကတ်ပြသခံရပြီး သူ့ရဲ့ လုပ်ရပ်အတွက်လည်း စွဲချက်တင်ခံခဲ့ရပါတယ်။



ဒါပေမယ့် ကလော့ပ်ဟာ ပွဲအပြီးမှာ သူမှားယွင်းကြောင်း ဝန်ခံခဲ့တာကြောင့် စည်းကမ်းထိန်းသိမ်းရေးဘက်က သူ့ရဲ့ ပြစ်ဒဏ်ကို လျှော့ပေါ့ပေးခဲ့ပြီး ပေါင် (၃) သောင်းသာ ဒဏ်ငွေတပ်ရိုက်ခံခဲ့ရပါတယ်။ အားလုံးက ကလော့ပ်ရဲ့ အပြုအမူဟာ ပွဲပယ်ခံရမယ့် အမူအရာလို့ ယုံကြည်ခဲ့ကြပြီး ကလော့ပ်ကတော့ သူ့အမှားကို သူ ဝန်ခံခဲ့တာကြောင့် အပြစ်လွတ်သွားခဲ့တာလည်းဖြစ်ပါတယ်။

ဒီလိုမျိုး အနေအထားတွေနဲ့ ပြဿနာက ပြီးသလောက်ဖြစ်နေပေမယ့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဘက်က အကြီးအကဲတွေကတော့ ကလော့ပ်ရဲ့ အပြုအမူဟာ မှန်ကန်တဲ့အပြုအမူမျိုး မဟုတ်ဘဲ အခြားသော နည်းပြတွေနဲ့ လူငယ်အဆင့် ကစားသမားတွေအပေါ် လွှမ်းမိုးမှုရှိနိုင်တယ်လို့ ယူဆပြီး ကလော့ပ်ကို ပွဲပယ်ပြစ်ဒဏ် ချမှတ်စေလိုကြောင်း သိရှိရပါတယ်။

အဆိုပါပုဂ္ဂိုလ်တွေက ကလော့ပ်ရဲ့ အပြုအမူအတွက် ချမှတ်ခံရတဲ့ ပြစ်ဒဏ်က သေးငယ်လွန်းတယ်လို့ ယူဆနေကြပြီး အယူခံကြားနာမှုမှာ ဒီအကြောင်းအရာကို ကန့်ကွက်သွားဖို့ ရှိနေပါတယ်။ လက်ရှိရာသီ ပရီးမီးယားလိဂ်မှာ လိဒ်စ်နည်းပြ ဂျက်ဆီမာ့ချ်၊ ချဲလ်ဆီးနည်းပြဟောင်း သောမတ်စ်တူဟယ်လ်တို့ဟာ သူတို့ရဲ့ ကွင်းဘေးစည်းက အပြုအမူတွေအတွက် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရဖူးပါတယ်။

ဒါပေမယ့် ကလော့ပ်အလှည့်ကျမှ ဒါမျိုးလွတ်မြောက်နေတာက မှန်ကန်မှုမရှိဘူးလို့ ယုံကြည်နေကြပြီး ပွဲပယ်ပြစ်ဒဏ်ကို ဦးတည်ဖို့ ဆန္ဒရှိနေကြတာပါ။ ကလော့ပ်ဟာ အင်္ဂလန်မှာ နိုင်ငံခြားသား အသင်းပိုင်ရှင်တွေနဲ့ ပတ်သက်လို့လည်း မကြာခဏ ဝေဖန်လေ့ရှိပြီး ဒီအချက်ကြောင့်လည်း အက်ဖ်အေဘက်က ကလော့ပ်ကို အငြိုးထားဖွယ်ရှိတယ်လို့ ပရိသတ်တွေက ယူဆနေပါတယ်။

Share

Loading Next Article...
က္က