အက်ဒရီယန်က ကလော့ပ်နဲ့ ဆန့်ကျင်ဘက်ပြောကြားလိုက်တာပါ။

လီဗာပူးရဲ့အရံဂိုးသမား အက်ဒရီယန်က လီဗာပူးကစားသမားတွေဟာ (၂၀၁၈) ချန်ပီယံလိဂ်ဗိုလ်လုပွဲ ရှုံးကြွေးကို ပြန်ဆပ်ဖို့ တော်တော်လေး ဆန္ဒပြင်းပြနေတယ်လို့ ပြောကြားလိုက်ပါတယ်။ ကိဗ်မှာ ကစားခဲ့တဲ့ အဲ့ဒီပွဲတုန်းက လီဗာပူးဂိုးသမား ကာရီးယပ်စ်ရဲ့ အမှားအယွင်းတွေနဲ့အတူ လီဗာပူးတို့ ရီးရဲလ်မက်ဒရစ်ကို ၃-၁ ဂိုးနဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့တာပါ။



အခု ဒီနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာတော့ ဒီနှစ်သင်း ပြန်လည်ထိပ်တိုက်တွေ့နေပြီး လီဗာပူးရဲ့ အဓိက,ကစားသမား ဆာလာကစလို့ ရီးရဲလ်မက်ဒရစ်ကို လက်စားချေလိုစိတ်ပြင်းထန်နေတာကို ဆိုရှယ်မီဒီယာပေါ်မှာ ဖွင့်ဟထားပါတယ်။ ကလော့ပ်ကတော့ လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ်အကြား ဆက်ဆံရေးအားလုံးကောင်းမွန်ကြောင်း၊ လက်စားချေတယ်ဆိုတဲ့ကိစ္စတွေကိုလည်း အယုံအကြည်မရှိကြောင်း ပြောဆိုထားပါတယ်။

ဒါပေမယ့် လီဗာပူးအရံဂိုးသမား အက်ဒရီယန်ကတော့ “အသင်းမှာ ကလဲ့စားချေလိုစိတ်တွေ အများကြီးရှိနေပါပြီ။ ကျနော် လီဗာပူးကို ကိဗ်ဗိုလ်လုပွဲပြီးမှ ရောက်ခဲ့တာပါ။ ဒါပေမယ့် ခင်ဗျားအနေနဲ့ အဲ့ဒီပွဲပြီးပြီးချင်း အသင်းမှာ ခံစားနေရတဲ့ စိတ်ဆန္ဒတွေကို သိရှိနိုင်ပါလိမ့်မယ်။ ဆာလာက အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ဒဏ်ရာရခဲ့ပါတယ်”

“ဒါပေမယ့် အခုတော့ သူက ဗိုလ်လုပွဲကစားဖို့ စောင့်နေပါပြီ။ သူက နည်းနည်းလေး မသက်မသာ ခံစားခဲ့ရပေမယ့် သူ့ကိုယ်သူ ဂရုစိုက်ခဲ့ပါတယ်။ ဆာလာက အရင်ထက် အများကြီး ပိုမိုပြင်ဆင်ထားပြီး ကြောက်စရာကောင်းတဲ့ ပုံစံမျိုးတောင် ရှိနေပါပြီ” လို့ ပြောကြားသွားခဲ့ပါတယ်။

(၂၀၁၈) ချန်ပီယံလိဂ်ဗိုလ်လုပွဲတုန်းက ဆာလာဟာ ပထမပိုင်းမှာတင် ရီးရဲလ်မက်ဒရစ် အသင်းခေါင်းဆောင် ရာမို့စ်ရဲ့ ပြစ်ဒဏ်ဘောကျူးလွန်မှုကြောင့် ပခုံးဒဏ်ရာရရှိပြီး စောစောစီးစီး လူစားလဲခဲ့ရပါတယ်။ အဲ့ဒီနောက် (၂၀၁၈) ကမ္ဘာ့ဖလားမှာတောင် ဆာလာတယောက် ကြံ့ခိုင်မှုမပြည့်ခဲ့ဘဲ ဆာလာအတွက်၊ ရှုံးပွဲအတွက် လီဗာပူးက လက်စားချေလိုစိတ်ပြင်းပြနေတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က