ပွဲအပြီးမှာ အဝတ်လဲခန်းထဲ တန်းဝင်သွားခဲ့တာပါ။

သူ့ရဲ့လုပ်ရပ်ကြောင့် ကလော့ပ်က တော်တော်လေးစိတ်ပျက်ခဲ့ရပြီး ဆီမြွန်နီရဲ့လုပ်ရပ်ဟာ လေးစားမှုကင်းမဲ့တဲ့အပြုအမူတစ်ခုလို့ ဝေဖန်သံတွေထွက်လာခဲ့ပါတယ်။ 


လီဗာပူးလ်ကို အိမ်ကွင်းမှာအရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ အက်သလက်တီကိုမက်ဒရစ်နည်းပြဆီမြွန်နီဟာ ပြိုင်ဘက်နည်းပြကလော့ပ်နဲ့ လက်ဆွဲနှုတ်ဆက်ခြင်းမပြုလုပ်ခဲ့ဘဲ အဝတ်လဲခန်းအတွင်းကို အပြေးဝင်ရောက်သွားခဲ့ပါတယ်။ သူ့ရဲ့လုပ်ရပ်ကြောင့် ကလော့ပ်က တော်တော်လေးစိတ်ပျက်ခဲ့ရပြီး ဆီမြွန်နီရဲ့လုပ်ရပ်ဟာ လေးစားမှုကင်းမဲ့တဲ့အပြုအမူတစ်ခုလို့ ဝေဖန်သံတွေထွက်လာခဲ့ပါတယ်။ 



အဆိုပါပွဲကတော့ ၃-၂ နဲ့ ပြီးဆုံးခဲ့တာဖြစ်ပြီး အပြန်အလှန်သွင်းဂိုးတွေနဲ့ အကြိတ်အနယ်ရှိခဲ့တာဖြစ်ပါတယ်။ ပင်နယ်တီတွေ၊ ပင်နယ်တီငြင်းပယ်ခံရမှုတွေလည်း ရှိခဲ့ပြီး ဆီမြွန်နီက သူ့အသင်း ပင်နယ်တီမရခဲ့တဲ့အပေါ်မှာ ဒေါသထွက်ခဲ့ပြီး အဝတ်လဲခန်းတွင်းကို တိုက်ရိုက်ဝင်ရောက်သွားခဲ့တာဖြစ်ပါတယ်။ ဂရစ်မန်းအနီကတ်ပြသခံခဲ့ရပြီး လီဗာပူးလ်က ပင်နယ်တီကနေ အနိုင်ဂိုးရရှိခဲ့တာလည်းဖြစ်ပါတယ်။

ကလော့ပ်က "ဒီလိုမျိုးကို ကျွန်တော်တို့မနှစ်သက်ပါဘူး၊ အခြေအနေက ရှင်းနေတာပဲ၊ သူနဲ့လက်ဆွဲနှုတ်ဆက်ချင်ခဲံပါတယ်၊ သူ့ရဲ့လုပ်ရပ်ကတော့ မြင်တဲ့အတိုင်းပါပဲ၊ နောက်တစ်ကြိမ်ပြန်တွေ့ရင်တော့ သေချာပေါက်လက်ဆွဲနှုတ်ဆက်သွားမှာပါ၊ ဘာပြသနာမှမရှိပါဘူး၊ သူ ဒေါသထွက်နေတာသေချာပြီး ဒါကကျွန်တော့်အပေါ်တော့မဟုတ်ပါဘူး၊ ပွဲအခြေအနေကိုပါ" လို့ BT Sport ကို ပြောဆိုခဲ့ပါတယ်။

ဆီမြွန်န်ီကတော့ "ပွဲပြီးတိုင်း ကျွန်တော်လက်ဆွဲနှုတ်ဆက်လေ့မရှိပါဘူး၊ ဘာလို့လဲဆိုရင် ကျွန်တော်မနှစ်သက်လို့ပါ၊ အနိုင်ရသူဖြစ်ဖြစ်၊ ရှုံးနိ်မ့်သူဖြစ်ဖြစ် ဒါကြီးကအဆင်မပြေပါဘူး၊ ကျွန်တော်ကတော့ အဲဒီလိုပဲမြင်တယ်၊ ဒါပေမယ့်လည်း အခု သူ့ကို ကျွန်တော်တွေ့တဲ့အခါ ဘာပြသနာမှမရှိဘဲ သူ့လက်ကိုဆွဲပြီး နှုတ်ဆက်လိုက်မှာပါ" လို့ ပြောဆိုသွားခဲ့ပါတယ်။ 


အက်သလက်တီကိုမက်ဒရစ်ဟာ ၂၀၀၉ ဒီဇင်ဘာလက ပေါ်တိုနဲ့ကစားခဲ့တဲ့ပွဲပြီးနောက် ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်တစ်ခုမှာ ပထမဆုံးအကြိမ်အဖြစ် ပေးဂိုး ၃ ဂိုးအထိ ရှိခဲ့တာလည်းဖြစ်ပါတယ်။ 

Share

က္က