ဒဏ်ရာကြောင့် ဒီဇင်ဘာလကုန်ထိ အနားယူရတော့မှာပါ။

လီဗာပူးလ်အသင်းရဲ့ တောင်ပံကစားသမား လူးဝစ်ဒီယက်ဇ်ကတော့ ဒူးဒဏ်ရာကြောင့် ဒီဇင်ဘာလကုန်အထိ အနားယူရတော့မယ်လို့ သိရပါတယ်။ ဒါဟာ ရလဒ်တွေဆိုးရွားနေပြီး ပရီးမီးယားလိဂ်မှာ အဆင့် ၁၀ နေရာရပ်တည်နေတဲ့ လီဗာပူးလ်အတွက် သတင်းဆိုးဖြစ်လာခဲ့ပြီး ဖိအားတွေရှိနေတဲ့ နည်းပြကလော့ပ်အတွက်လည်း စိတ်ပျက်စရာကောင်းတဲ့ သတင်းဖြစ်ခဲ့ရပါတယ်။ 

ဒီရာသီမှာ လီဗာပူးလ်အတွက် ခြေစွမ်းပြနေတဲ့ ကစားသမားအနည်းငယ်ထဲက တဦးဖြစ်တဲ့ ဒီယက်ဇ်က အာဆင်နယ်ကိုအရေးနိမ့်ခဲ့တဲ့ပွဲမှာ ဒီဒဏ်ရာကို ရရှိခဲ့တာပါ။ အာဆင်နယ်နဲ့ပွဲမှာလည်း ဒီယက်ဇ်က ခြေစွမ်းပြနေပြီး အာဆင်နယ်ခံစစ်ကို အခက်တွေ့အောင် မွှေနှောက်နိုင်ခဲ့သူပါ။ သူ ခြေစွမ်းပြနေချိန်မှာပဲ ဒဏ်ရာကြောင့် လူစားလဲခဲ့ရပြီး လီဗာပူးလ်တိုက်စစ်လည်း အားနည်းခဲ့ရပါတယ်။ 

ဒီယက်ဇ်အနေနဲ့ အသင်းအတွက် ပွဲစဉ်ပေါင်း ၁၀ ပွဲခန့်အထိကို လွဲချော်တော့မှာဖြစ်ပြီး ကလော့ပ်ကတော့ တော်တော်လေးဦးနှောက်ခြောက်နေရပြီဖြစ်ပါတယ်။ ဒီရာသီမှာ ဒဏ်ရာပြသနာတွေကြောင့်လည်း အခက်တွေ့နေခဲ့ရပြီး ရုန်းကန်နေရတဲ့ လီဗာပူးလ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်နေရာကို ရယူနိုင်ဖို့အတွက်တောင် တော်တော်လေးကို အားထုတ်မှရတော့မှာဖြစ်ပါတယ်။ 

လီဗာပူးလ်ကွင်းလယ်လူဟောင်း ဒီဒီဟာလန်းက ကလော့ပ်ရဲ့ လီဗာပူးလ်ခေတ်က မကြာခင်မှာ အဆုံးသတ်တော့မယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ အသက် ၄၉ နှစ်အရွယ် ဟာမန်းက "လက်ရှိအခြေအနေမှာ နည်းပြနဲ့ပတ်သက်​ပြီး ကျနော်တို့ ဆွေးနွေးရတော့မယ်ထင်ပါတယ်၊ ကလော့ပ်ကတော့ သူက အသင့်တော်ဆုံးလို့ အခုထိထင်နေတုန်းပါ၊ ဒါပေမယ့် ဟန်ဒါဆန်က သူ့ကိုလူစားလဲမယ့်အချိန်မှာ လက်ပတ်ကို မချွတ်ချင်သလိုလုပ်ပြီး ခေါင်းယမ်းနေပြီ"

"ဒါမျိုးကို လီဗာပူးလ်မှာ မတွေ့ရတာ ၅ နှစ်လောက်ရှိနေပါပြီ၊ လူတွေက အသင်းနဲ့ ဒါမှမဟုတ် နည်းပြနဲ့ ပြသနာရှိနေတယ်ဆိုတဲ့ လက္ခဏာလို့လည်း မြင်နိုင်ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ ကလော့ပ်ကတော့ သူ ကိုင်တွယ်ခဲ့ဖူးတဲ့ မိန့်ဇ်၊ ဒေါ့မွန်တို့မှာ ၇ နှစ်ပြည့်ပြီဆို အထုတ်ခံရတဲ့ အစဉ်အလာရှိပြီး လက်ရှိမှာ လီဗာပူးလ်နည်းပြအဖြစ် ၇ နှစ်မြောက်ကိုင်တွယ်နေတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က