ကလော့ပ်က ရာသီကုန်မှာ လီဗာပူးကနေ ထွက်ခွာတော့မှာပါ။

ယူနိုက်တက်နည်းပြ တန်ဟက်ခ်က လီဗာပူးနည်းပြ ကလော့ပ်တစ်ယောက် ရာသီကုန်မှာ အသင်းနဲ့ လမ်းခွဲတော့မယ့်အပေါ် မှတ်ချက်ပေးလာခဲ့ပါတယ်။ ကလော့ပ်ဟာ ဒီဆုံးဖြတ်ချက်ကို မနေ့က အံ့အားသင့်ဖွယ် ကြေညာခဲ့ပြီး ဒါက ဘောလုံးလောကတစ်ခုလုံးကို ရိုက်ခတ်ခဲ့ပါတယ်။



ကလော့ပ်ဟာ လီဗာပူးနဲ့အတူ (၉) နှစ်တာ အချိန်ကာလကို ဖြတ်သန်းခဲ့ပြီး အခုချိန်မှာ သူ့အတွက် ခွန်အားတွေ မရှိတော့ဘူးလို့လည်း ကလော့ပ်က ပြောခဲ့ပါတယ်။ ဂျာမနီလူမျိုးနည်းပြကြီးဟာ လီဗာပူးနဲ့အတူ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်အပါအဝင် အဓိကဆုဖလားအားလုံးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒီလိုမျိုး ကလော့ပ်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ တန်ဟက်ခ်က “ကျွန်တော် ကလော့ပ်ရဲ့ အဖြစ်ကို နားလည်နိုင်ပါတယ်။ (၉) နှစ်ဆိုတဲ့ အချိန်ကာလက ရှည်လျားပြီး ဒီကာလအတွင်း အသင်းကို တည်ဆောက်ပြီး အောင်မြင်မှုတွေကို ရယူဖို့ အချိန်ကာလတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီကာလအတွင်း အထိုင်ကျဖို့လည်း လိုအပ်ပြီး ခက်ခဲတဲ့ အချိန်ကာလတွေလည်း ရှိမယ်ထင်ပါတယ်”

“ပရီးမီးယားလိဂ်က အရမ်းကို ခက်ခဲပြင်းထန်တဲ့ပြိုင်ပွဲတစ်ခုပါ။ ဥရောပဘောလုံးလောကကိုပါ ပေါင်းစပ်လိုက်မယ်ဆိုရင် (၉) နှစ်ဆိုတဲ့ အချိန်ကာလက အရမ်းကို ရှည်လျားပါတယ်။ ကလော့ပ်ဆီမှာ ခွန်အားတွေ ကုန်ခမ်းသွားပြီဆိုတာကို ကျွန်တော် နားလည်ပေးနိုင်ပါတယ်။ သူ့အတွက် စိတ်တစ်ထစ် လျှော့လိုက်တာပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီးတော့လည်း တန်ဟက်ခ်က “ဒါက ပရီးမီးယားလိဂ်အတွက် မကောင်းပါဘူး။ သူက ဒီမှာ ခေတ်တစ်ခုနဲ့ အသင်းကို တည်ဆောက်ခဲ့တယ်။ လီဗာပူးက သူတို့ရဲ့နေရာကို ပြန်ရောက်လာခဲ့တယ်။ ဒီအတွက် ဂုဏ်ပြုရပါမယ်။ သူက လီဗာပူးမှာ အံ့အားသင့်ဖွယ်ရာတွေကို စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က