ယူနိုက်တက်ကွင်းမှာ ကစားခဲ့တုန်းက ဖြစ်ပွားခဲ့တာပါ။

လီဗာပူးနည်းပြ ကလော့ပ်ရဲ့လက်ထဲကို ယူနိုက်တက်ဘက်က စာချုပ်တစ်စောင် ရောက်ရှိသွားခဲ့ကြောင်း သိရှိရပါတယ်။ ဒီဖြစ်ရပ်ကတော့ ယူနိုက်တက်နဲ့ လီဗာပူးတို့ရဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲအပြီးမှာ ဖြစ်ပွားခဲ့တာပါ။



အဆိုပါပွဲမှာ ယူနိုက်တက်က လီဗာပူးကို အချိန်ပိုမိနစ် (၁၂၀) အထိ ကစားခဲ့ရပြီးနောက် ၄-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ချိန်မှာတော့ ကလော့ပ်ရဲ့ ထိုင်ခုံပေါ်မှာ ယူနိုက်တက်ဘက်က စာချုပ်တစ်စောင် ရောက်ရှိနေခဲ့တာပါ။


ဘယ်သူ တင်သွားလဲ မသိရပေမယ့် ကလော့ပ်ရောက်ရှိလာချိန်မှာတော့ ဒီစာချုပ်ကို ကောက်ကိုင်ကာ မီဒီယာတွေထံ ပြသခဲ့ပါသေးတယ်။ ဒါပေမယ့် ဒီစာချုပ်ကလည်း အတုကြီးသာဖြစ်ပြီး တစ်စုံတစ်ယောက်က စနောက်လိုတဲ့စိတ်နဲ့ ကလော့ပ်ထိုင်မယ့် စားပွဲမှာ အခုလိုမျိုး ယူနိုက်တက်ရဲ့ စာချုပ်ကို တင်သွားခဲ့တာ ဖြစ်နိုင်ပါတယ်။

ကလော့ပ်ဟာ ရာသီကုန်မှာ လီဗာပူးနဲ့ လမ်းခွဲတော့မယ်လို့ ကြေညာထားပြီးဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း သူ့ကို ယူနိုက်တက်ဘက်က ကမ်းလှမ်းသယောင်ယောင်နဲ့ တစ်စုံတစ်ယောက်က နောက်ပြောင်ခဲ့တာမျိုး ဖြစ်နိုင်ပါတယ်။

ယူနိုက်တက်ဟာ မနေ့က ဆိုရှယ်အင်ဖလူရန်ဇာတစ်ယောက်ဖြစ်တဲ့ စပိဒ်ကို ဖိတ်ခေါ်ကာ စာချုပ်အတုနဲ့ လက်မှတ်ထိုး စာချုပ်ချုပ်ဆိုခဲ့ပါသေးတယ်။ အဲ့ဒီနောက် ကျောနံပါတ် (၇) နဲ့ စပိဒ်နာမည်ပါ ဂျာစီတစ်ထည်နဲ့ အဝတ်လဲခန်းအတွင်း Locker တစ်ခုကိုပါ စပိဒ်အတွက် ပေးအပ်ခဲ့တာကို ပရိသတ်တွေ မြင်တွေ့ခဲ့ရပါတယ်။

Share

Loading Next Article...
က္က