အခုချိန်မှာတော့ ကလေးအားလုံးကို ပြည့်ပြည့်စုံစုံထားနိုင်နေပါပြီ။

မိဘမဲ့ကလေးတွေကို သားသမီးအရင်းလို စောင့်ရှောက်ပေးနေတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေက သားသမီးတွေအပေါ်ထားတဲ့ သူ့ရဲ့ မေတ္တာတရားနဲ့ ‌ဂေဟာစဖွင့်တဲ့အချိန်က ကြုံခဲ့ရတဲ့ အခက်အခဲကို Duwun ကတစ်ဆင့် ရင်ဖွင့်လာပါတယ်။



"ကလေးအကြီးပိုင်းတွေကိုကျတော့ အစ်မ အဆင်မပြေခင်က တည်းက မွေးခဲ့ရတာမို့လို့ ပိုသနားတာပေါ့နော်။အငယ်ပိုင်း က လေးတွေကျ တော့ ပြည့်ပြပြည့်စုံစုံလေး နဲ့ ဒီ ကျောင်းရောက် တော့မှ မွေးရ တော့သူတို့ အတွက် က သိပ်မပူပင်ရဘူး။သူတို့က ပြည့်စုံတယ်။အကြီးတွေကို တော့ အစ်မပိုချစ်တယ်။ အားလုံးကိုတော့ တန်းတူဆိုပေမယ့် အကြီးတွေတုန်းက နို့မှုန့်ဖိုးမရှိလို့ နို့ဖြတ်ခဲ့ရတဲ့ ကလေးတွေလည်းရှိတယ်။ ၂နှစ် လောက်နဲ့ နို့ဖြတ်လိုက်ရတာ တွေးတွေးပြီး အရမ်းစိတ်မ ကောင်းဖြစ်တယ်" ဆိုပြီး မပြည့်စုံခင်က အချိန် တွေအ ကြောင်းကို စိတ်မကောင်းစွာနဲ့ ရင်ဖွင့် လာတာပဲ ဖြစ်ပါတယ်။ 

ဂေဟာဖွင့်စမှာ အဆင်မပြေမှုတွေ ရှိခဲ့ပေမဲ့ အခုဆိုရင် သရုပ်ဆောင် ခိုင်နှင်းဝေ ရဲ့ ဂေဟာမှာ မိဘမဲ့ကလေး စုစုပေါင်း ၅၈ဦးရှိခဲ့ပြီ ဖြစ်ပြီး တောင်ဒဂုံကဂေဟာမှာ ခမ်းခမ်းနားနားနဲ့ တင့်တင့်တယ်တယ် ထားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။  

"ကလေးတွေက အချော့ကြိုက်တယ်။ အဲဒီအတွက် ချော့တစ်ခါ ခြောက်တစ်လှည့် ထိန်းရတာပေါ့နော်။ ဒါပေမယ့် အစ်မက ဘယ်တော့မှ က လေးတွေကို ရင့်ရင့်သီးသီးမပြောဘူး။ ချော့ပြီးတော့ပဲ ပြောတယ်။ ကလေးတွေက ပြီးတော့အရမ်းသိတတ်လာတယ်။ သူတို့ ငိုလို့ အစ်မက သားလေးတို့သမီးလေးတို့ရယ် မငိုပါနဲ့၊ မေမေ့ကိုမသနားဘူးလားလို့ ပြောလိုက်ရင် သူတို့ သနားတယ်။ အရမ်းလည်းသိတတ်လာတယ်။ အစ်မက ရှုတင် တွေ ရှိတဲ့အချိန်ဆိုရင်တော့ ကလေးတွေဆီ မလာဖြစ်ဘူး။ ၄ရက် တစ်ခါ ၅ရက် တစ်ခါ မှ လာတယ်။ အဲဒီတော့ က လေးတွေက အစ်မကိုလည်း လွမ်းကြတယ်။ မေ မေမပါဘူးလားဆိုပြီး တော့လည်း မေးကြတာမျိုးတွေ ရှိတယ်" ဆိုပြီး သရုပ်ဆောင် ခိုင်နှင်းဝေက ကလေးတွေနဲ့ သူမရဲ့ကြားက သံယောဇဥ််ကို ပြောပြခဲ့ပါတယ်။

 

ခိုင်နှင်းဝေ ရဲ့ ရင်သွေးလေးများရိပ်မြုံမှာ က လေးတွေကို စည်းစနစ် ကျစွာ ထားရှိထားပြီး ယောက်ျား သပ်သပ် မိန်းက လေး သပ်သပ် ခွဲထားတာဖြစ်ပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှု ပေးတဲ့ သူနာပြု ဆရာမ တွေကိုလည်း ထားရှိထားပြီး အလှု ရှင်တွေလည်းများပြားလာတာကြောင့် ဂေဟာမှာရှိတဲ့ ကလေးတွေကို ပိုမိုဂရုစိုက် ထားရှိ နိုင်လာပြီ ဖြစ်ပါတယ်။ 

၁၉၉၉ ခုနှစ်မှာ အနုပညာလောကထဲကိုခြေချပြီးတဲ့နောက် အောင်မြင်ကျော်ကြားမှု ပိုင်ဆိုင်ထားတဲ့ ရုပ်ရှင်မင်းသမီး ခိုင်နှင်းဝေက ၂၀၁၄ ခုနှစ်က စတင်လို့ ပရဟိတလုပ်ငန်းတွေကို တစိုက်မတ်မတ်လုပ်ဆောင်လာကာ ခိုင်နှင်းဝေရင်သွေးလေးများဂေဟာနဲ့ ခိုင်နှင်းဝေပရဟိတအသင်းကို တည်ထောင်ခဲ့ပါတယ်။ ယခင်က ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာက အခက်အခဲပေါင်းများစွာကြားထဲကနေ ကလေးတွေကို ပြုစုစောင့်ရှောက်ထိန်းသိမ်းလာခဲ့ရာကနေ အခုဆိုရင် ကလေးဦးရေ ၅၈ ဦးခန့်ကို အလှူရှင်များအကူအညီနဲ့ ပြည့်ပြည့်စုံစုံ စောင့်ရှောက်နိုင်နေပြီဖြစ်ပါတယ်။ မူလ ခိုင်နှင်းဝေရင်သွေးလေးများဂေဟာကို မြောက်ဒဂုံမြို့နယ်ကနေ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့က တောင်ဒဂုံ မြို့နယ် ၅၆ စျေးအနီးမှာ ပိုမိုကျယ်ဝန်းတဲ့ ရင်သွေးလေးများဂေဟာအသစ်ကို ပြောင်းရွှေ့ဖွင့်လှစ်နိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က