ရှရူးဘူရီနည်းပြကတော့ ညည်းတွားမှုတွေပြုလုပ်သွားခဲ့ပါတယ်။

ရှရူးဘူရီကွင်းမှာ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့ပြီးနောက် အန်ဖီးလ်မှာ ပြန်ကစားရမယ့်ပွဲကို ကလော့ပ်က လူငယ်အသင်းနဲ့ကစားဖို့သာ ဆုံးဖြတ်ခဲ့ပါတယ်။ 


လီဗာပူးလ်အသင်းနဲ့ အက်ဖ်အေဖလားပြန်ကန်ပွဲကစားရမယ့် ရှရူးဘူရီအသင်းဟာ နည်းပြယာဂင်ကလော့ပ်ရဲ့ ဆုံးဖြတ်ချက်ကြောင့် ပေါင်ခြောက်သိန်းအထိ နစ်နာနိုင်တဲ့အနေအထားတွေမှာရှိနေတယ်လို့သိရပါတယ်။ ရှရူးဘူရီကွင်းမှာ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့ပြီးနောက် အန်ဖီးလ်မှာ ပြန်ကစားရမယ့်ပွဲကို ကလော့ပ်က လူငယ်အသင်းနဲ့ကစားဖို့သာ ဆုံးဖြတ်ခဲ့ပါတယ်။ 

လီဗာပူးလ်ကတော့ ပြီးခဲ့တဲ့စနေနေ့မှာ ဆောက်သမ်တန်ကို ဂိုးပြတ်အနိုင်ယူခဲ့ပြီး ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ ပွဲကစားဖို့မရှိဘဲ အနားရမှာဖြစ်ပါတယ်။ ဒါပေမယ့် ကလော့ပ်က ပထမအသင်းသားအားလုံးကို အနားယူချိန်လုံလုံလောက်လောက်ပေးဖို့ ဆုံးဖြတ်ခဲ့ပြီး ဒီအပေါ်မှာ ရှရူးဘူရီနည်းပြဆမ်ရစ်ကတ်းက ပြိုင်ဘက်ကို လေးစားမှုရှိဖို့လည်း သတိပေးပြောဆိုခဲ့ပါတယ်။

လီဗာပူးလ်အနေနဲ့ ယူ၂၃ အသင်းနဲ့ ကစားမှာဖြစ်တာကြောင့် ဒီပွဲကို ကြည့်ရှုမယ့်ပရိသတ်နည်းပါးဖွယ်ရှိနေပြီး တိုက်ရိုက်ထုတ်လွှင့်မှုကနေလည်း စောင့်ကြည့်မယ့်ပရိသတ်က နည်းပါးနိုင်ပါတယ်။ ကွင်းအတွင်းလာရောက်ကြည့်ရှုမယ့်ပရိသတ်ဦးရေလည်း လျော့နည်းလာနိုင်တာကြောင့် ဒီပွဲစဉ်ကနေ ရှရူးဘူရီအသင်းရရှိမယ့် ငွေကြေးအကျိုးအမြတ်က နည်းပါးလာမှာဖြစ်တယ်လို့ Standard သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ 

"ကျွန်တော်သာဆိုရင်တော့ ဒီလိုမျိုးဘယ်တော့မှလုပ်မှာမဟုတ်ပါဘူး၊ တကယ်လို့ လီဗာပူးလ်က ပထမအသင်းနဲ့ကစားခဲ့မယ်ဆိုရင် ကျွန်တော်တို့ ပေါင်လေးသိန်း၊ ငါးသိန်း၊ ခြောက်သိန်းအထိ ရနိုင်ပါတယ်၊ ဒါပေမယ့် အခုတော့ ပေါင်တစ်သိန်း၊ တစ်သိန်းခွဲလောက်ပဲ ရနိုင်တော့မှာပါ၊ ဒါက ကျွန်တော်တို့လို အသင်းမျိုးအတွက်တော့ တစ်ပဲနိကအစ ရေတွက်နေရတာပါ၊ ကျွန်တော်တို့အတွက်လည်း အရမ်းစိတ်ပျက်စရာပါပဲ" လို့ ဆမ်ရစ်ကတ် ညည်းတွားပြောဆိုသွားခဲ့ပါတယ်။ 

Share

က္က