ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးပေးနိုင်တော့မှာကြောင့်ပါ။

ဂျရတ်ကတော့ လီဗာပူးလ်အသင်းရဲ့ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်ပြီး အသင်းကို ချန်ပီယံလိဂ်ဖလားအပါအဝင် အောင်မြင်မှုတချို့ရယူပေးနိုင်ခဲ့ပါတယ်။


လီဗာပူးလ်အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်းစတီဗင်ဂျရတ်က အသင်းဟောင်းအနေနဲ့ နည်းပြယာဂင်ကလော့ပ်ကို ရုပ်ထုထုလုပ်ပြီး ဂုဏ်ပြုဖို့အတွက် စတင်လုပ်ဆောင်သင့်ပြီလို့ တိုက်တွန်းလိုက်ပါတယ်။ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို နှစ်ပေါင်း ၃၀ အတွင်းမှာ ပထမဆုံးအကြိမ်ဆွတ်ခူးနိုင်တော့မှာဖြစ်ပြီး အဆိုပါအောင်မြင်မှုအတွက် ကလော့ပ်ကို ဂုဏ်ပြုလို့ ဂျရတ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

မကြာခင်မှာ ပရီးမီးယားလိဂ်ပွဲတွေ ပြန်လည်စတင်တော့မှာဖြစ်ပြီး မန်စီးတီးက အာဆင်နယ်နဲ့ ကစားရဖို့ရှိနေတာကာ အဆိုပါပွဲကို မန်စီးတီးအရေးနိမ့်ခဲ့ပြီး အဲဗာတန်ကို လီဗာပူးလ်က အနိုင်ရရှိခဲ့ပါက လီဗာပူးလ်အနေနဲ့ ချန်ပီယံဖြစ်မှာလည်းဖြစ်ပါတယ်။ အသင်းအတွက် အခုလိုမျိုး အောင်မြင်မှုရရှအောင် စွမ်းဆောင်ပေးခဲ့တဲ့ ကလော့ပ်ကို ကမ္ဘာ့အကောင်းဆုံးနည်းပြလို့လည်း ဂျရတ်က ချီးကျူးခဲ့တယ်လို့ The Athletic က ဖော်ပြခဲ့ပါတယ်။ 

"ကလော့ပ်က ကမ္ဘာ့အကောင်းဆုံးနည်းပြလို့ ကျွန်တော်ထင်တယ်၊ ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ ကျွန်တော်မန်နေဂျာတစ်ယောက်ဖြစ်လာခဲ့လို့ ဒီအလုပ်က ဘယ်လောက်ထိခက်ခဲလဲဆိုတာကို သိပါတယ်၊ ကျွန်တော့်မှာ ဘာအောင်မြင်မှုမှမရှိသေးပေမယ့် ယာဂင်ကလော့ပ်အပေါ်ကိုတော့ လေးစားမိပါတယ်၊ သူ့ကိုယ်သူထိန်းကျောင်းနိုင်ပုံ၊ သူကိုယ်တိုင်နဲ့ အတူတူရှိနေပုံ၊ သူ့ရဲ့အလုပ်လုပ်ပုုံတွေက တကယ်ကျေနပ်စရာပါ၊ သူက လီဗာပူးလ်အတွက်ပဲ အလုပ်လုပ်နေခဲ့ပြီးတော့ အသင်းကိုရောက်လာပြီးနောက် နောက်တဆင့်ကို သူ မြှင့်ပေးနိုင်ခဲ့ပါတယ်"

"ကျွန်တော့်အတွက်တော့ သူ့လိုလူတစ်ဦးကို ဆုပေးအပ်သင့်တယ်လို့ မြင်ပါတယ်၊ ဘောလုံးလောကမှာ သူတို့ရဲ့အောင်မြင်မှုကို အပြည့်အဝအသိအမှတ်ပြုခံရဖို့ အသက်အရွယ်ကြီးရင့်တဲ့အထိ စောင့်နေကြရတာပါ၊ ဒါပေမယ့် လီဗာပူးလ်ပိုင်ရှင်တွေက ဒါကိုမျက်ကွယ်ပြုထားမယ်လို့တော့ ကျွန်တော်မထင်ဘူး၊ ကလော့ပ်အနေနဲ့ အမှတ်ပေးဖလားကို ရယူပေးပြီးနောက်မှာ သူ့အတွက် ရုပ်ထုပြုလုပ်ပြီးဂုဏ်ပြုပေးဖို့ စတင်သင့်ပါတယ်" လို့ ဂျရတ်က ပြောဆိုသွားခဲ့ပါတယ်။ 

ဂျရတ်ကတော့ လီဗာပူးလ်အသင်းရဲ့ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်ပြီး အသင်းကို ချန်ပီယံလိဂ်ဖလားအပါအဝင် အောင်မြင်မှုတချို့ရယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကစားသမားဘဝမှာတော့ ဂျရတ်ဟာ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ခြင်းမရှိဘဲ သူ့အတွက်တော့ ဝမ်းနည်းစရာအကောင်းဆုံးဖြစ်ရပ်တစ်ခုလို့လည်း ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။ 

Share

Loading Next Article...
က္က