သူ့ရဲ့ မိသားစုတောင် အခုမှသိခဲ့ကြတာပါ။

သူ့ရဲ့ I Love This Game ဆိုတဲ့ ကိုယ်တိုင်ရေးစာအုပ်မှာ ထည့်သွင်းရေးသားထားခဲ့တာဖြစ်ပြီး အိမ်ကနေထွက်ခွာကာ အဆိုပါဆရာရဲ့နေအိမ်မှာ နေထိုင်နေစဉ် ရင်ဆိုင်ခဲ့ရတာလို့ ဆိုပါတယ်။


ပြင်သစ်နဲ့ ယူနိုက်တက်နောက်ခံလူဟောင်းပက်ထရစ်အီဗရာက သူ့အသက် ၁၃ နှစ်အရွယ်မှာ စာသင်ကျောင်းက ဆရာတစ်ဦးရဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှုကို ခံခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ သူ့ရဲ့ I Love This Game ဆိုတဲ့ ကိုယ်တိုင်ရေးစာအုပ်မှာ ထည့်သွင်းရေးသားထားခဲ့တာဖြစ်ပြီး အိမ်ကနေထွက်ခွာကာ အဆိုပါဆရာရဲ့နေအိမ်မှာ နေထိုင်နေစဉ် ရင်ဆိုင်ခဲ့ရတာလို့ ဆိုပါတယ်။

အီဗရာက ရှင်းပြရေးသားထားရာမှာတော့ အဆိုပါဆရာက သူ့ရဲ့အိပ်ရာဆီရောက်ရှိလာခဲ့ပြီး သူအိပ်ပျော်နေချိန်မှာ ကိုင်တွယ်ပွတ်သပ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီအကြောင်းကို အီဗရာက လူသိရှင်ကြားပြောဆိုခဲ့ဖူးခြင်းမရှိဘဲ စာအုပ်ရေးသားချိန်မှသာ ထည့်သွင်းရေးသားထားခဲ့တာဖြစ်တယ်လို့ စပိန်သတင်းစာ Marca က ဆိုပါတယ်။ 

"ကျွန်တော့်အတွက် အရမ်းခက်ခဲတဲ့အခိုက်အတန့်ဖြစ်ခဲ့တာပါ၊ ကျွန်တော့် အကိုနဲ့ အစ်မတွေ၊ ရင်းနှီးတဲ့သူငယ်ချင်းတွေကို ပြောပြဖို့ ကျန်နေပါသေးတယ်၊ လူတွေကို မသနားစေချင်ဘူး၊ ဒါက ခက်ခဲတဲ့အခြေအနေတစ်ခုပါ၊ မိခင်တစ်ယောက်ကလည်း ကိုယ့်ကလေးဆီကနေ ဒီလိုကြားရဖို့တွေကို မမျှော်လင့်သင့်ပါဘူး၊ အခု အသက် ၄၀ အရွယ်ရောက်မှ ကျွန်တော်အမေ့ကို ပြောဖြစ်ခဲ့ပါတယ်၊ ကျွန်တော့်အမေအတွက်တော့ ဒါကအကြီးအကျယ်ထိတ်လန့်သွားစေခဲ့ပြီး ဒေါသလည်း အကြီးအကျယ်ထွက်ခဲ့ပါတယ်"

"အမေက သူ အရမ်းစိတ်မကောင်းဘူးလို့ ပြောခဲ့ပါတယ်၊ ဒါကို စာအုပ်ထဲထည့်မရေးဖို့လည်း သူပြောခဲ့ပါတယ်၊ ဒါက ပုဂ္ဂိုလ်ရေးကိစ္စပက်ထရစ်ဆိုပြီး ပြောခဲ့တာပါ၊ ဒါပေမယ့် ကျွန်တော် အမေ့ကို ပြန်ပြောခဲ့တာက ဒါက ကျွန်တော့်အကြောင်းမဟုတ်ဘူး၊ ဒါက အခြားကလေးတွေအကြောင်းလို့။ အဲဒီတော့မှ အမေက ကောင်းပြီလို့ ပြောခဲ့ပြီး သူ နားလည်သွားခဲ့ပါတယ်' လို့ အီဗရာက The Times နဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။ 

"လူအများကြီးကို ကူညီနိုင်ခဲ့ဖို့အတွက် ကျွန်တော့်ဘဝရဲ့အကြီးမားဆုံးနောင်တတွေထဲကတစ်ခုနဲ့အတူ နေထိုင်ခဲ့ရပါတယ်၊ သားကောင်တစ်ဦးဖြစ်ခဲ့ရတာထက် အတုယူစရာ၊ စံနမူနာရှင်ဖြစ်ရတာကို ပိုသဘောကျပါတယ်" လို့ လည်း အီဗရာက ပြောဆိုခဲ့ပါတယ်။ အီဗရာကတော့ ငယ်ငယ်လေးမှာပဲ အစ်ကိုဖြစ်သူ သေနတ်နဲ့ပစ်သတ်ခံရတာကို မြင်တွေ့ခဲ့ဖူးသူဖြစ်ပြီး ဆင်းရဲနွမ်းပါးတဲ့ မိသားစုမှာ မွေးဖွားလာခဲ့ကာ ပဲရစ်မြို့မှာ တောင်းစားခဲ့ရတဲ့ဘဝကိုလည်း ကြုံတွေ့ခဲ့ဖူးသူဖြစ်ပါတယ်။

Share

က္က