ကလေးမြို့ကို ကျန်းမာ‌ရေးအရေးကြီးကိစ္စကလွဲလို့ အသွားအလာကန့်သတ်ထားပါတယ်။

ကလေးမြို့မှာ လူနာ ၆ဦးတွေ့ရှိလာချိန်မှာတော့ မြို့ကိုအသွားအလာကန့်သတ်လိုက်ပြီဖြစ်ပြီး ကျန်းမာရေးကိစ္စက လွဲပြီး အဝင်အထွက်ပိတ်ထားတယ်လို့လည်းသိရပါတယ်။

ကလေးမြို့မှာ COVID-19 ရောဂါပိုး ကူးစက်ခံထားရသူ ၆ဦးရှိလာခဲ့ပြီ ဖြစ်ပြီး ၆ဦးစလုံးက မြန်မာနိုင်ငံရဲ့ ပထမဆုံး COVID-19 လူနာ နံပါတ် ၁နဲ့ ထိတွေ့မှုရှိခဲ့သူတွေ ဖြစ်တယ်လို့ ကလေးမြို့နယ် ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ် ဒေါ်အေးအေးမူက Duwun ကိုပြောပါတယ်။



ကလေးမြို့နယ်မှာ ပထမဆုံး ရောဂါပိုးကူစက်ခံရတဲ့သူက တောင်ဇလပ်ရပ်ကွက်မှာနေသူဖြစ်ပြီး ဒုတိယ‌‌မြောက် တွေ့သူကတော့ ‌တောင်ဖီလာရပ်ကွက်မှာ နေထိုင်သူဖြစ်ကာ မနေ့ည(ဧပြီလ ၂၀)မှာထပ်မံတွေ့ရသူ ၄ဦးကလည်း တောင်ဖီလာက ရောဂါပိုးတွေ့သူရဲ့ မိသားစုဝင်တွေ ဖြစ်တယ်လို့သိရပါတယ်။

“မြန်မာနိုင်ငံရဲ့ ပထမဆုံး လူနာနံပါတ် ၁က နိုင်ငံရပ်ခြားကနေ မင်္ဂလာဆောင်ဖို့ ပြန်လာတော့ သူတို့ သွားကြိုကြတယ်၊မင်္ဂလာဆောင်ပွဲတော် ကျင်းပဖြစ်လားမဖြစ်ဘူးလားတော့ သေချာမသိဘူး၊ဒါပေမယ့် မိတ်ဆုံထမင်း စားကြတယ်။အဲ့လိုနဲ့ပဲ ကူးသွားကြတယ်လို့ ကောက်ချက်ချထားကြပါတယ်။”လို့ ဒေါ်အေးအေးမူ ကပြောပါတယ်။

ကလေးမြို့နယ်ရဲ့ ပထမဆုံးပိုးတွေ့လူနာကတော့ မြန်မာနိုင်ငံက ပထမဆုံးပိုးတွေ့လူနာ နံပါတ် ၁ ကို အိမ်မှာ တည်းခိုခွင့်ပြုခဲ့သူဖြစ်ပြီး မြို့ရဲ့ ဒုတိယမြောက်လူနာကတော့ မိသားစု ထမင်းမိတ်ဆုံစားပွဲမှာ ပါဝင်ခဲ့သူလို့လည်း သိရပါတယ်။

လက်ရှိမှာတော့ ကလေးမြို့နယ်က ဒုတိယမြောက် လူနာရဲ့ မိသားစုဝင်တွေမှာ ရောဂါပိုးတွေ့ရပြီးတဲ့နောက် သူတို့နဲ့ ထိတွေ့မှုရှိခဲ့ သူတွေကို ဆက်လက်ရှာဖွေပြီး Quarantine ထားရှိနိုင်ရေး ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က