သားသမီးဆိုတာ ရတနာတစ်ပါးလို့ ဆိုကြပါတယ်။ ကလေးတစ်ယောက်ကို ကိုယ်ဝန်ဆောင်ရတယ် မီးဖွားရတယ်ဆိုတာ အင်မတန်ခက်ခဲ အန္တရာယ်များပါတယ်။ဒါပေမယ့် ကလေးမွေးဖွားခြင်းနဲ့ ကြုံလာရတဲ့ ပြောင်းလဲမှုအချို့ကခန္ဓာကိုယ်၊ ဦးနှောက်နဲ့ လိင်မှုဘဝအတွက် အမှန်တကယ် ကောင်းမွန်တယ်တဲ့ အကျိုးကျေးဇူးတွေရှိနေပါတယ်။
ရာသီလာချိန်မှာ ဝေဒနာတွေသက်သာနိုင်တယ်
Photo: Get The Gloss
ရာသီလာတဲ့အခါ နာကျင်ကိုက်ခဲတတ်တဲ့ အမျိုးသမီးတွေဟာ ကလေးမွေးပြီးတဲ့နောက်ပိုင်းမှာ သက်သာရာရစေနိုင်တယ်လို့ ဆိုပါတယ်။ အမျိုးသမီးအများစုဟာ သားဦးမွေးဖွားပြီးနောက်မှာ ရာသီလာတဲ့အခါ နာကျင်မှုနည်းသွားတာ ဒါမှမဟုတ် ပျောက်ကင်းသွားတာကို တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် ရိုးရိုးမွေးတဲ့အမျိုးသမီးတွေဟာ ခွဲမွေးသူတွေထက် နာကျင်မှု ပိုပြီးနည်းတဲ့ ရာခိုင်နှုန်းပိုများတယ်လို့ ဆိုပါတယ်။ဒါဟာ ကလေးမီးဖွားချိန်မှာ သားအိမ်ဆန့်တာကြောင့် ဖြစ်မယ်လို့ ယူဆကြပါတယ်။တကယ်လို့ ကလေးမွေးပြီးတဲ့နောက် နာကျင်မှုရှိသေးရင် တင်ပါးဆုံတွင်းရောင်ရမ်းခြင်းလိုမျိုးကို စစ်ဆေးသင့်ပါတယ်။
ရင်သားကင်ဆာဖြစ်နိုင်ခြေ နည်းပါးစေတယ်
Photo: sog
လေ့လာမှုတွေအရ ကလေးမီးဖွားပြီး မိခင်နို့တိုက်ကျွေးခြင်းဟာ ရင်သားကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ကိုယ်ဝန်ရှိလာတဲ့အခါ ရာသီမလာတော့တာဟာ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းထိတွေ့မှုကို ကန့်သတ်ပေးပါတယ်။မျိုးဥအိမ်က ထုတ်တဲ့ ဒီဟော်မုန်းတွေဟာ ဆဲလ်များကြီးထွားမှုကို လှုံ့ဆော်ပေးပြီး အမျိုးသမီးတစ်ဦးရဲ့ ရင်သားကင်ဆာဖြစ်နိုင်ခြေကို တိုးမြင့်စေနိုင်တာကြောင့်ပါ။ နို့တိုက်နေစဉ် ကြုံတွေ့ရတဲ့ ရင်သားဆဲလ်ပြောင်းလဲမှုများဟာ ကင်ဆာဆဲလ်များအဖြစ် ပြောင်းလဲခြင်းကို ပိုမိုခံနိုင်ရည်ရှိစေပါတယ်။ အသက်၃၀နောက်ပိုင်း ကိုယ်ဝန်ဆောင်တာဟာ ဒီအကျိုးကျေးဇူးရရှိမှု လျော့ကျတာကြောင့် မိခင်နို့ကို အချိန်ကြာကြာတိုက်ကျွေးပြီး ရင်သားကင်ဆာကို ကာကွယ်နိုင်ပါတယ်။
ကင်ဆာဖြစ်နိုင်ချေကို လျော့ကျစေတယ်
ကလေးမွေးတာဟာ ရင်သားကင်ဆာတစ်ခုတည်းကိုပဲ ဖြစ်နိုင်ချေလျော့ကျစေတာ မဟုတ်ပါဘူး။ကိုယ်ဝန်ဆောင်ခြင်းနဲ့ နို့တိုက်ခြင်းကြောင့် ဖြစ်တတ်တဲ့ ဟော်မုန်းအပြောင်းအလဲက သားအိမ်ကင်ဆာဖြစ်နိုင်ချေကိုပါ ကာကွယ်စေပါတယ်။ ကိုယ်ဝန်သက်တမ်းပြည့်လေလေ ပိုပြီးကောင်းကျိုးရှိလေလေပါပဲ။ဒါပေမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေကို အမြင့်ဆုံးရဖို့အတွက် ကလေးအများကြီးမွေးဖို့ လိုတယ်လို့တော့ တွေးစရာမလိုပါဘူး။ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချဖို့ ဆေးလိပ်မသောက်ပါနဲ့။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ (ဟင်းသီးဟင်းရွက်များ များများစားပါ) ။
လိင်ဆက်ဆံတာ ပိုကောင်းစေတယ်
Photo: the Asian Parent
ကိုယ်ဝန်ဆောင်ဟော်မုန်းကြောင့် ဖောရောင်တာ ၊ ရင်ပူတာ ၊ အဖုအပိန့်ထွက်တာနဲ့ မျက်နှာကမွေးညင်းတွေပိုသန်လာတာ ဖြစ်နိုင်ပါတယ်။ဒါပေမယ့် Testosterone နဲ့ Estrogen တို့ဟာ လိင်ဟော်မုန်းတွေဖြစ်ပြီး ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ ခန္ဓာကိုယ်က တက်လာတဲ့ ပရိုဂျက်စတီရုန်းက သင့်လိင်ဆက်ဆံမှုကို ပိုပြီးကောင်းမွန်စေပါတယ်။ကိုယ်ဝန်ဆောင်လအစပိုင်းတွေဟာ လိင်ခံစားမှု အထွဋ်အထိပ်ရောက်စေနိုင်ပါတယ်။
အာရုံကြောရောဂါ လျော့ကျစေတယ်
ဦးနှောက်နဲ့ ကျောရိုးရှိ အာရုံကြောဆဲလ်တွေကို ထိခိုက်စေတဲ့ Multiple sclerosis (MS) ဟာ ကလေးမွေးခြင်းကြောင့် ဖြစ်နိုင်ခြေကို ထက်ဝက်လောက် လျှော့ချပေးတယ်လို့ သြစတြေးလျ လေ့လာမှုတစ်ခုအရ သိရပါတယ်။ကိုယ်ဝန်ဆောင်စဉ်အတွင်း အမျိုးသမီးတစ်ဦးရဲ့ ကိုယ်ခံအားစနစ်ဟာ ရင်သွေးကို တိုက်ခိုက်ခြင်းက ရှောင်ရှားဖို့ ချိန်ညှိပေးပြီး ဒီလုပ်ဆောင်ချက်ဟာ အာရုံကြောတွေ ပျက်စီးစေတဲ့ ရောင်ရမ်းမှုကို လျှော့ချနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ယူဆပါတယ်။
လေဖြတ်နိုင်ခြေနည်းပါတယ်
လေဖြတ်ရောဂါဟာ အမေရိကန်မှာ အမျိုးသမီးများ သေဆုံးရခြင်းရဲ့ အဓိကအကြောင်းအရင်းဖြစ်ပေမယ့် မိခင်နို့တိုက်ကျွေးတဲ့ အမျိုးသမီးတွေဟာ နို့မတိုက်ဖူးသူတွေထက် လေဖြတ်နိုင်ခြေ နည်းပါးတာကို လေ့လာမှုတစ်ခုက တွေ့ရှိခဲ့ပါတယ်။ကလေးတစ်ဦးကို အနည်းဆုံး ခြောက်လအထိ မိခင်နို့တိုက်ကျွေးခြင်းက နှလုံးရောဂါဖြစ်နိုင်ခြေအပြင် ဆီးချိုရောဂါ ၊ သွေးတိုးရောဂါဖြစ်နိုင်ချေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ နို့တိုက်စဉ်အတွင်း ထုတ်လွှတ်တဲ့ အောက်ဆီတိုစင်ဟာ လေဖြတ်ခြင်းကို ကာကွယ်ပေးပြီး နှလုံးကျန်းမာစေတဲ့ ဂုဏ်သတ္တိရှိပါတယ်။
ကလေးမွေးတယ်ဆိုတာ အံ့သြစရာကောင်းတဲ့ အတွေ့အကြုံဖြစ်သလို ကျန်းမာရေးကောင်းကျိုးတွေလည်း ရှိပါတယ်။ ကလေးမွေးတာကြောင့် အိပ်ချိန် စားချိန်မမှန်ဖြစ်နိုင်ပေမယ့် ကိုယ်ဝန်ဆောင်ချိန်နဲ့ မိခင်ဖြစ်ခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေက ဒီယာယီစိန်ခေါ်မှုတွေကို လိုက်လျောညီထွေဖြစ်စေနိုင်ပါတယ်။ကိုယ်တိုင် ကျန်းမာရေးကို အမှန်တကယ်အာရုံစိုက်ဖို့ အခွင့်အရေးလည်းဖြစ်ပြီး ကိုယ်ဝန်ဆောင်စစ်ဆေးမှုများတွေဟာ သင့်ခန္ဓာကိုယ်တွင် တတ်နိုင်သမျှကျန်းမာကြောင်း သေချာစေပါတယ်။
Ref: Healthline