အသင်းဖော်လင်ဂတ်၊ မာရှယ်နဲ့ ရက်ရှ်ဖို့ဒ်ချ်တို့က ဂုဏ်ပြုစကားတွေပြောဆိုခဲ့ကြပေမယ့် နယ်သာလန်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဗန်ဒါမေဒီကတော့ ကလေးနာမည်တောင် တခါတည်းပေးသွားခဲ့ပါတယ်။ 


အာဆင်နယ်နဲ့ ဟော်လန်ဂန္ထဝင်ကစားသမားကြီး ဒင်းနစ်ဘားကမ့်ရဲ့ သမီးဖြစ်သူနဲ့လက်ထပ်ထားတဲ့ ယူနိုက်တက်ကွင်းလယ်လူ ဗန်ဒီဘိခ်က အက်စတဲလ်ဟာ ကိုယ်ဝန်လွယ်ထားရပြီလို့ သူ့ရဲ့ အင်စတာဂရမ်ကတဆင့် အသိပေးခဲ့ပြီးဖြစ်ပါတယ်။ ဒါဟာ ယူနိုက်တက်မှာ ပုံမှန်ကစားခွင့်ပျောက်ဆုံးနေတဲ့ ဗန်ဒီဘိခ်အတွက်တော့ ဝမ်းသာစရာသတင်းကောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ အတ္တလန္တာနဲ့ ချန်ပီယံလိဂ်ပွဲမှာ မိနစ်အနည်းငယ်ကြာ ဝင်ကစားခွင့်ရရှိခဲ့ပြီး ထိရောက်တဲ့ကစားဟန်ကို ပြသနိုင်ခဲ့တဲ့ ဗန်ဒီဘိခ်ကို ပရိသတ်တွေက ချီးကျူးပြောဆို်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ ဗန်ဒီဘိခ်ရဲ့ သတင်းကောင်းအတွက် အသင်းဖော်လင်ဂတ်၊ မာရှယ်နဲ့ ရက်ရှ်ဖို့ဒ်ချ်တို့က ဂုဏ်ပြုစကားတွေပြောဆိုခဲ့ကြပေမယ့် နယ်သာလန်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဗန်ဒါမေဒီကတော့ ကလေးနာမည်တောင် တခါတည်းပေးသွားခဲ့ပါတယ်။ 

အဲဗာတန်မှာကစားခဲ့ဖူးတဲ့ ဗန်ဒါမေဒီက "ဂုဏ်ပြုပါတယ် ငါ့ကောင်ရေ၊ ကလေးနာမည်က အိုလေဂန်နာဆိုရင် ဘယ်လိုနေမလဲ" လို့ ရေးသားခဲ့ကာ ရယ်မောနောက်ပြောင်နေတဲ့ အီမိုဂျီလေးပါ ထည့်သွင်းပြီး နောက်ပြောင်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ ယူနိုက်တက်မှာ ဆိုးလ်ရှားကြောင့် ကစားခွင့်ပျောက်ဆုံးနေတဲ့ ဗန်ဒီဘိခ်ကို နောက်ပြောင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေကတော့ ဗန်ဒါမေဒီရဲ့ ပြောဆိုခဲ့မှုအပေါ် တော်တော်လေးကို သဘောကျနေခဲ့ကြပါတယ်။ 

 အတ္တလန္တာနဲ့ပွဲမှာ အသင်းအနိုင်ဂိုးရလုနီးနီးအထိ ဗန်ဒီဘိခ်က စွမ်းဆောင်နိုင်ခဲ့ပြီး ပြိုင်ဘက်ဂိုးသမားကာကွယ်နိုင်ခဲ့လို့သာ ဂိုးမရခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်က ခြေစွမ်းဟာ ယူနိုက်တက်အတွက် ကစားပေးဖို့ထိုက်တန်တယ်လို့ ပရိသတ်အများအပြားက မှတ်ချက်ပြုခဲ့ကြပြီး ဆိုးလ်ရှားအနေနဲ့ နယ်သာလန်ကစားသမားကို

ဒီတိုင်းပဲ အရန်ခုံမှာ ဆက်ထိုင်ခိုင်းမှာလား၊ ပွဲကစားခွင့်ပေးတော့မှာလားဆိုတာကိုတော့ လာမယ့် မန်ချက်စတာဒါဘီပွဲမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က