အသက် (၁၃)နှစ်အရွယ် မိန်းကလေးဖြစ်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ (၁၄)ရက်နေ့ နေ့လယ် (၃)နာရီ ဝန်းကျင်အချိန်ခန့်က မရမ်းကုန်းမြို့နယ်အတွင်းရှိ မုဒိတာ အိမ်ယာ (၆)လွှာမှ ကလေးငယ်တစ်ဦးပြုတ်ကျသေဆုံးခဲ့ပါတယ်။

photo- ရွှေရောင်သမိုင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့

သေဆုံးခဲ့တဲ့ ကလေးက အသက် (၁၃)နှစ်အရွယ် မိန်းကလေးတစ်ဦးဖြစ်ပြီး မိသားစုဝင်တွေရဲ့ ပြောပြချက်အရ ဆော့ကစားနေရင်းကနေ ပြုတ်ကျသေဆုံးခဲ့တာဖြစ်တယ်သိရပါတယ်။

“ ဖြစ်စဉ်တော့ အသေးစိတ်မသိရဘူး။ မိသားစုဝင်တွေပြောတာတော့ ကစားနေရင်းက ပြုတ်ကျတာတဲ့။ ကျွန်တော်တို့ဆီ ဖုန်းဆက်အကူအညီတောင်းလို့ ဖြစ်တဲ့နေရာကို သွားပြီးလူနာကိုသွားခေါ် ပြီး ဆေးရုံပို့ပေးတယ်။ ဖုန်းဆက်အကူအညီတောင်းတာတော့ ကလေးတစ်ဦးပြုတ်ကြပြီး သတိလစ်နေတယ်ဆိုပြီးပဲသိရပါတယ်။ လူနာကိုခေါ် ဆေးရုံကိုပို့ဆောင်ပေးခဲ့ပေမယ့် ဆေးရုံမှာ ဆရာဝန်တွေ စမ်းသပ်တော့ အသက်မရှိတော့ဘူးလို့ပြောတယ်” လို့ သွားရောက်ကူညီဆောင်ရွက်ပေးခဲ့တဲ့ ရွှေရောင်သမိုင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ 

အဆိုပါတာဝန်ရှိသူရဲ့ ပြောပြချက်အရ ကလေးဆီကို သူတို့ရောက်တဲ့အချိန်ကတည်းက ကလေးက အသက်မရှိတော့ဘူးဆိုပေမယ့် မိသားစုတွေရဲ့ စိတ်ဆန္ဒအရသာ ဆေးရုံကိုပို့ဆောင်ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

photo- ရွှေရောင်သမိုင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့

ဆေးရုံ ရောက်တဲ့အခါမှာလည်းမှာလည်း ဆရာဝန်တွေရဲ့ ပြောပြချက်အရ မရတော့ဘူး လမ်းမှာကတည်းက ကလေးက အသက်ပါမလာတော့ဘူးလို့ပြောကြားခဲ့တာဖြစ်ပါတယ်။

ရွှေရောင်သမိုင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့အနေနဲ့ ကလေးကို သတိပြန်လည်အောင် ကနဦးပြစုနည်းများနဲ့ ဆောင်ရွက်ခဲ့ပေးသော်လည်း သတိပြန်လည်လာခြင်းမရှိဘဲ မိဘတွေရဲ့ ဆန္ဒအရ ဆေးရုံကိုဆက်လက်ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ 

လက်ရှိမှာတော့ ကလေးရဲ့ အလောင်းကို အင်းစိန်ဆေးရုံမှာဘဲ ထားရှိထားတယ်လို့ သိရပါတယ်။


Share

က္က