သူ့ရဲ့ငယ်ဘ၀အဖြစ်နဲ့ နှိုင်းယှဉ်ပြီးတော့ ပေးနေခဲ့တာပါ။

အဲဗာတန်အသင်းတိုက်စစ်မှူး ရစ်ချာလီဆန်ကတော့ သူ့ဆီကနေ ဂျာစီအမှတ်တရတောင်းတဲ့ ကလေးငယ်တိုင်းကို ဘယ်တော့မှ မငြင်းဆန်ဘဲ လက်ဆောင်ပေးလေ့ရှိသူပါ။ ဘရာဇီးလ်သားဟာ ငယ်စဉ်က ရေခဲချောင်းရောင်းခဲ့ရတဲ့ဘ၀မှာ ကျင်လည်ခဲ့ရဖူးပြီး မဆုတ်မနစ်ကြိုးစားမှုနဲ့အတူ ဒီနေ့လို အောင်မြင်မှုမျိုးကို ပိုင်ဆိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ကလေးတွေကို အခုလိုမျိုး သူ့ဘက်ကနေ နွေးနွေးထွေးထွေးဆက်ဆံရတဲ့အကြောင်းရင်းကိုလည်း ရစ်ချာလီဆန်က ရှင်းပြခဲ့ပါတယ်။ အဓိကအကြောင်းရင်းကတော့ ကိုယ်ချင်းစာနာစိတ်ဖြစ်ပြီး သူ ငယ်စဉ်ကလေးဘ၀တုန်းက အခုလိုမျိုး ဂျာစီတွေလိုက်တောင်းခဲ့ပေမယ့် မရရှိခဲ့တာကို နှိုင်းယှဉ်ပြီး သူ့ဆီကနေ အမှတ်တရလာတောင်းတဲ့ ကလေးတွေကို ပေးနေတာလို့ ဆိုပါတယ်။

"ကျနော့်ဆီကနေ ဂျာစီရမလားလို့ ကလေးတွေ လာမေးတိုင်းမှာ ကျနော်ဘယ်တော့မှ မငြင်းဘဲ အမြဲတမ်းပေးခဲ့တယ်၊ ကျနော်ကလေးဘ၀တုန်းကလည်း ဒီလိုမျိုး အမှတ်တရအဖြစ်နဲ့ လိုချင်ခဲ့တာပါ၊ ဒါပေမယ့် ဘယ်တုန်းကမှ ကျနော်မရခဲ့ဖူးဘူး၊ အဲဒါကြောင့် ကလေးတယောက်က ကျနော့်ဆီက ဂျာစီလာတောင်းတာမျိုးဆိုရင် ဂျာစီမဟုတ်ရင်တောင် ဖိနပ်တွေ ကျနော်အမြဲတမ်းပေးတယ်"

"ကျနော့်အတွက် အဲဒါတွေက မလိုအပ်တော့ပါဘူး၊ ဒါကြောင့်လည်း အမှတ်တရလာတောင်းတိုင်းမှာ ကျနော်ဂုဏ်ယူမှုအပြည့်နဲ့ ပေးခဲ့ပါတယ်" လို့ ရစ်ချာလီဆန်က ပြောဆိုဖူးကြောင်း Football Tweet က ဖော်ပြခဲ့ပါတယ်။ ရစ်ချာလီဆန်ဟာ မထင်မရှားကစားသမားဘ၀နဲ့ ဝက်ဖို့ဒ်ကိုရောက်လာခဲ့ပြီးနောက် နာမည်ကျော်ခဲ့တာဖြစ်ပြီး အဲဗာတန်ကိုပြောင်းရွှေ့နိုင်ခဲ့သလို ဘရာဇီးလ်လက်ရွေးစင်အသင်းကြီးအတွက်လည်း ကစားပေးနေပြီဖြစ်ပါတယ်။ 

Share

က္က