ဒီနေ့ည(၈)နာရီမှာ ကံစမ်းမဲ ဖောက်ပေးမယ်လို့ ဆိုပါတယ်။

နန်းမြတ်ဖြိုးသင်းဟာ သားဖြစ်သူ ငယ်ငယ်က လက်ဆောင်ရထားတဲ့ ပစ္စည်းလေးတွေကို သူမရဲ့ ပရိသတ်တွေအတွက် ကံစမ်းမဲဖောက်ရင်း ပြန်လည်ဝေမျှသွားမှာ ဖြစ်ပါတယ်။

Photo: Nann Myat Phyo Thin



သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းက သူမမှာရှိနေတဲ့ ကလေးပစ္စည်းလေးတွေကို လိုအပ်နေတဲ့ မိခင်တွေအတွက် ကံစမ်းမဲဖောက်ပေးသွားမယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ဒီနေ့ (မေလ ၁၅ ရက်)ည ၈ နာရီအချိန် Live လွှင့်ပြီး ကံစမ်းမဲဖောက်ပေးသွားမယ်လို့ Duwun Media ကနေ ပြောပြလာပါတယ်။  

“နန်းမြတ် ဒီအစီအစဉ်လေး လုပ်ဖြစ်တာကလည်း Stay Home ကျေးဇူးကြောင့်ပါ။ အရင်တုန်းကဆိုရင် သွားစရာရှိတာတွေ၊ အလုပ်တွေ လုပ်နေတာနဲ့တင် လည်ပတ်နေတာဆိုတော့ အချိန် မပိုဘူး။ အခုကျတော့ Stay Home ကာလဆိုတော့ အိမ်မှာပဲနေတယ်။ အိမ်မှာ ပစ္စည်းတွေကို နေရာတကျ ပြန်သိမ်းတဲ့ အခါမှာ Jack Jack ငယ်ငယ်တုန်းက လက်ဆောင်ရတာတွေရော၊ ဝယ်ထားပြီး မသုံးဖြစ်တဲ့ ပစ္စည်းတွေရော ရှိတဲ့အခါကျတော့ ကိုယ့်ဆီမှာ ထားထားရင် ဒီအတိုင်းကြီး မသုံးလိုက်ရလို့ အလကားဖြစ်သွားနိုင်တယ် ဆိုတော့ လိုအပ်တဲ့သူတွေလည်း ရအောင် စီစဉ်လိုက်တာပါ” လို့ သူက ဆိုပါတယ်။ 

Photo: Nann Myat Phyo Thin

နန်းမြတ်ဖြိုးသင်းဟာ Facebook ကနေတဆင့် Live လွှင့်ရင်း အဝတ်အစားတွေကို ကံစမ်းမဲဖောက် လှူခဲ့ကြတဲ့ မိုးယုစံနဲ့ နန်းဆုရတီစိုး တို့ကို အားကျလို့ အခုလို စီစဉ်ရတာဖြစ်တယ်လို့လည်း သူကဆိုပါတယ်။ 

“ သားလေးရလာတော့ ကလေးတွေကိုလည်း ပိုချစ်တတ်လာတယ်။ ပြီးတော့ မိုးယု တို့ ၊ မနန်းဆု တို့ အဝတ်အစားတွေကို Live လွှင့်ပြီးတော့ ဝေပေးတာတွေလည်း တွေ့တော့ အရမ်းအားကျတယ်။ အဝတ်အစားတွေလည်း နန်းမြတ် ပေးစရာရှိပေမယ့် မလုပ်နိုင်သေးဘူး။ လောလောဆယ် ကိုယ့်မှာရှိတာလေးတွေ၊ ကိုယ်လုပ်နိုင်တာလေးတွေကို ဝေမျှမယ်။ ပစ္စည်း အရေအတွက် (၃၀၊ ၄၀) လောက်တော့ ပါမယ်။ မေမေ တွေနဲ့လည်း အေးအေးဆေးဆေး စကားပြောကြမယ်ပေါ့နော်။ ဒီကာလလေးမှာ ကိုယ့်အတွက်ရော အများအတွက် ပါ အကျိုးရှိစေမယ့် အစီအစဉ်လေး လုပ်ဖြစ်တာပါ” လို့လည်း ဆက်လက် ပြောပြထားပါသေးတယ်။ 

Photo: RBV

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း (Nann Myat Phyo Thin) ဟာ သားလေး jack jack ကို မွေးဖွားပြီးတဲ့နောက် အနုပညာအလုပ်တွေကို ခဏတာ ရပ်နားထားတာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ သူမရဲ့ သားလေးဟာ အသက် (၁) နှစ်ပြည့်ပြီးဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းက ခင်ပွန်းဖြစ်သူ ကိုတာတာမျိုးနဲ့ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ(၂၆) ရက်နေ့က လပ်ထပ်ခဲ့တာ ဖြစ်ပါတယ်။ သားဦးလေးကို ၂၀၁၉ခုနှစ်၊ ဧပြီလ(၁၂) ရက်နေ့က ဂရန်းဟန်သာ ဆေးရုံကြီးမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က