လက်စတာနဲ့ပွဲမှာ ပင်နယ်တီလွဲခဲ့တာပါ။

တနင်္ဂနွေနေ့ညက ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ လက်စတာတို့ပွဲမှာ ချဲလ်ဆီး တိုက်စစ်ကစားသမား စတာလင် ကိုးလ်ပါးလ်မားဆီက ပင်နယ်တီယူကန်တဲ့အပေါ် ပရီးမီးယားလိဂ်ဂန္တဝင် တိုက်စစ်မှူးကြီး အလန်ရှီးယားက ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ ဒါ့အပြင် ဒီပင်နယ်တီကိုလည်း စတာလင်က ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့ခြင်းမရှိပါဘူး။



ဒီပွဲရဲ့ ပွဲကစားချိန် (၂၆) မိနစ်မှာ ရရှိလာခဲ့တဲ့ ပင်နယ်တီကို ချဲလ်ဆီးရဲ့ ပင်တိုင် ပင်နယ်တီကန်သွင်းတဲ့ ကစားသမား ပါးလ်မားက မကန်ဘဲ စတာလင်က တောင်းကန်ခဲ့တာပါ။ ဒါပေမယ့်လည်း စတာလင်ရဲ့ ပင်နယ်တီကန်ချက်က ပြိုင်ဘက်ဂိုးသမားနဲ့ ထိထွက်ခဲ့တာကြောင့် ဂိုးမဝင်ခဲ့ဘဲ ချဲလ်ဆီးအတွက် နှစ်ဂိုးပြတ်နဲ့ ဦးဆောင်နိုင်မယ့် အခွင့်အရေးကို ဆုံးရှုံးခဲ့ရပါတယ်။

ဒီရာသီမှာ ပါးလ်မားက ချဲလ်ဆီးရဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေသလို အသင်းရရှိလာတဲ့ ပင်နယ်တီတိုင်းကိုလည်း ဂိုးဝင်အောင် ကန်သွင်းထားနိုင်ပါတယ်။ ဒီလိုအနေအထားမျိုးကြောင့် ရှီးယားက “အဲ့ဒီပွဲမှာ ဘာတွေဖြစ်သွားခဲ့ကြတာလဲ? ကျွန်တော် တော်တော်လေး ဒေါသထွက်ခဲ့ပြီး ဘာကိုမှလည်း ဂရုမစိုက်ပါဘူး”

“စတာလင်က ဘာလို့ ပါးလ်မားဆီက ပင်နယ်တီကို သွားယူကန်ခဲ့တာလဲလို့ ကျွန်တော် စဉ်းစားနေမိခဲ့ပါတယ်။ ပါးလ်မားက ပင်နယ်တီငါးလုံးမှာ အားလုံးဝင်အောင် ကန်ထားပါတယ်။ ပြီးတော့ ချဲလ်ဆီးရဲ့ အကောင်းဆုံးကစားသမားပါ။ ပင်နယ်တီကန်ဖို့အတွက်လည်း သူက အမြဲတမ်း ယုံကြည်ချက်ရှိနေပါတယ်”

“ဘာကြောင့် ဒီလိုကစားသမားမျိုးကို ကျော်ပြီးတော့ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်ရတာလဲ” လို့ ပြစ်တင်ဝေဖန်သွားခဲ့ပါတယ်။ ဒါ့အပြင် ဒီပွဲမှာ ရရှိခဲ့တဲ့ ပြိုင်ဘက်ဂိုးဧရိယာထိပ်က ပြစ်ဒဏ်ဘောတစ်ကြိမ်ကိုလည်း စတာလင်က ကန်သွင်းခဲ့သေးပြီး ဒီကန်ချက်ကလည်း ဆိုးဆိုးရွားရွားနဲ့ကို မိုးပေါ်ထောင်တက်သွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က