မူကြိုအရွယ်ကလေးငယ်တွေ ကိုယ့်အင်္ကျီကိုယ် ကိုက်ဝါးနေတတ်ကြတာက ဘာကြောင့်များပါလိမ့်။

ကိုယ့်ကလေးတွေ ဝတ်ထားတဲ့ အင်္ကျီကို မကြာကြာကိုက်ဝါးနေကြတာကို မိဘတိုင်းကြုံဖူးကြမှာပါ။

Photo: Getty Image



မွေးကင်းစကလေးတွေ ကိုယ့်လက်ကိုယ်စုပ်တာ၊ ပစ္စည်းတွေကို ကောက်ဝါးကြတာတွေက ပတ်ဝန်းကျင်အကြောင်းလေ့လာတာမျိုးဖြစ်ပေမယ့် မူကြိုအရွယ်ကလေးငယ်တွေ ကိုယ့်အင်္ကျီကိုယ် ကိုက်ဝါးနေတတ်ကြတာက ဘာကြောင့်များပါလိမ့်။ ဘာကြောင့် သူတို့ ကိုယ့်အင်္ကျီကို ကိုက်နေကြသလဲဆိုတာ စိတ်ဝင်စားစရာပါ။

ဘာကြောင့် အင်္ကျီကိုက်တာလဲ

Photo: Getty Image

တချို့ကလေးတွေဟာ ကိုယ်ဝတ်ထားတဲ့ အဝတ်အစားတွေကို ကိုက်တာက အကျင့်ဖြစ်ပြီး အသက်အရွယ် အတော်ကြီးတဲ့ အချိန်အထိ အဲ့အပြုအမူမျိုးဆက်ရှိနေတတ်ပါတယ်။ နို့စို့အရွယ်ကလေးငယ်တစ်ဦးဟာ သူတို့ရဲ့ဆာလောင်ခြင်း၊ ရေငတ်ခြင်းတွေကို ပြေပျောက်စေဖို့ ကိုယ်ဝါးတာ၊ စုပ်တာမျိုးကို လုပ်တတ်ကြတာပါ။ အဲ့ဒီနောက်ပိုင်း အရွယ်ရောက်လာချိန်မှာတော့ သူတို့ကိုယ်သူတို့ သက်သောင့်သက်သာဖြစ်စေဖို့အတွက် ငယ်ငယ်တုန်းက နည်းလမ်းမျိုးကို ပြန်သုံးတဲ့သဘောမျိုးပါ။

ဒီအပြုအမူက သူတို့ရဲ့စိတ်ဖိစီးမှုကို သက်သာစေပြီး နေထိုင်ရတာ သက်သောင့်သက်သာဖြစ်စေတယ်လို့ ယူဆကြပါတယ်။ ကလေးတွေ ကိုယ့်အင်္ကျီကိုယ် ကိုက်ဝါးနေတာက သူတို့ကိုယ်သူတို့ ပြန်နှစ်သိမ့်တဲ့ သဘောမျိုးပါ။

အင်္ကျီကိုက်ဝါးနေတာက စိတ်ပူရမယ့် အပြုအမူလား

Photo: Parents

ဒါက သဘာဝကျကျအမြစ်တွယ်နေတဲ့ အမူအကျင့်တစ်ခုပါ။ ကလေးအများစု သုံးနှစ်သားလောက်အထိပဲ ဒီအပြုအမူကိုလုပ်တတ်ပေမယ့် တချို့ကလေးတွေက စတုတ္ထတန်း၊ ပဉ္စမတန်းရောက်တဲ့အထိ ဒီအကျင့်ရှိနေတတ်ပါတယ်။

ဒါက စိုးရိမ်စရာမလိုဘူးလို့တော့ဆိုနိုင်ပါတယ်။ သင့်ကလေး အာရုံစူးစိုက်နိုင်ဖို့အတွက် အန္တရာယ်အကင်းဆုံးနည်းလမ်းလို့တောင်ဆိုရမှာပါ။ ဒါပေမယ့် တစ်ခုသတိထားရမှာက ကျောင်းအင်္ကျီတွေစုတ်ပြဲပျက်စီးတာမျိုး၊ ဗိုင်းရပ်စ်ကြောင့် နှာစေးချောင်းဆိုးဖြစ်စေနိုင်တာမျိုးကိုတော့ ကလေးကို သတိပေးပြောကြားထားဖို့လိုပါတယ်။

အင်္ကျီကိုက်ဝါးတဲ့ အကျင့်ကို တားသင့်လား

ဒါကတော့ မိဘတွေကိုယ်တိုင်ဆုံးဖြတ်ရမှာပါ။ အချိန်ပြည့်နီးပါး အင်္ကျီကိုကိုက်ဝါးနေမယ်၊ အင်္ကျီကိုက်ဝါးတဲ့ အကျင့်က နေ့စဉ်နေထိုင်မှုပုံစံကို ထိခိုက်မှုတွေ ရှိလာစေနိုင်မယ်ဆိုရင်တော့ သူတို့နဲ့စကားပြောဖို့လိုပါလိမ့်မယ်။

တစ်ခါတစ်လေမှာ သူတို့ကိုက်ဝါးဖို့အတွက် တစ်ခုခုအစားထိုးပေးတာမျိုးနဲ့လည်းဖြေရှင်းနိုင်ပေမယ့် အကောင်းဆုံးနည်းလမ်းကတော့ နားလည်တတ်ကျွမ်းတဲ့ စိတ်ပညာရှင်တွေနဲ့ ကလေးကိုစကားပြောကြည့်စေတာမျိုးလုပ်သင့်ပါတယ်။

Ref: verywellfamily.com


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က