ကိုဗစ်ရောဂါဖြစ်ပွားနေတဲ့ကာလအတွင်းပုံမှန်ကာကွယ်ဆေးထိုးခြင်းကို ခေတ္တရပ်နားထားတာပါ။

မိုးတွင်းမှာ ဖြစ်တတ်တဲ့ သွေးလွန်တုပ်ကွေး၊ဆင်တုပ်ကွေးတွေကိုလည်း အထူးဂရုစိုက်ကြဖို့နဲ့ နေမကောင်းဖြစ်လာရင် နီးစပ်ရာကျန်းမာရေးဌာနကို သွားပြဖို့ သတိပေးထားပါတယ်။

မိုးရာသီဖြစ်တဲ့ မုတ်သုန်ရာသီကို ဝင်ရောက်လာပြီဖြစ်တာကြောင့် မိုးတွင်းမှာ ဖြစ်တတ်တဲ့ ရာသီတုပ်ကွေးရောဂါတွေဖြစ် တဲ့ သွေးလွန်တုပ်ကွေး၊ဆင်တုပ်ကွေးရောဂါတွေကိုလည်း ဂရုပြုကြဖို့နဲ့ ကလေးတွေအတွက် ပုံမှန်ကာကွယ်ဆေးထိုးရမယ့် အစီအစဉ်တွေကိုလည်း လုပ်ဆောင်နေပြီလို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ မေ ၃၀ရက်နေ့ ညနေပိုင်းက လူမှုကွန်ရက်ကတဆင့် သတိပေးပြောကြားလာပါတယ်။

ကိုဗစ်နဲ့ နပန်းလုံးနေရပေမယ့်လည်း မိုးတွင်းမှာ ဖြစ်တတ်တဲ့ ဖျားနာရောဂါတွေကိုလည်း သတိပြုကြဖို့နဲ့ ဖျားနာတယ်ဆိုရင် အနီးဆုံးကျန်းမာရေးဌာနကို သွားရောက်ပြသပြီး အကြောက်မလွန်ကြဖို့ အတိုင်ပင်ခံက သတိပေးထားတာတွေ့ရပါတယ်။ ကလေးတွေအတွက် လိုအပ်တဲ့ကာကွယ်ဆေးတွေထိုးခြင်းလုပ်ငန်းကို ကိုဗစ်-၁၉ရောဂါဂယက်ကြောင့် ရပ်နားထားတာဖြစ်ပြီး ဇွန်လ(၁)ရက်မှာ ပြန်လည်စတင်ဖို့ စီစဉ်ထားတယ်လို့ ဒေါ်ထားထားလင်းက Duwunကိုပြောပါ တယ်။

“ဇွန်လ ၁ ရက်နေ့ ပြန်ထိုးဖို့ မူလစီစဉ်ထားပြီးသားအတိုင်း လုပ်ဆောင်ဖို့ လုပ်နေပါတယ်။တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကလေးတွေအတွက် ပုံမှန်ထိုးရမယ့် ကာကွယ်ဆေးအကုန်လုံးကို သူ့အသက်အရွယ်အလိုက် ထိုးပေးနိုင်ဖို့ လုပ်ဆောင် နေပါတယ်။” လို့ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဌာနခွဲ ညွှန်ကြားရေးမှူးဒေါ်ထားထားလင်းက Duwun ကို ပြောပါတယ်။

“ Covidကြောင့် ကလေးများ ပုံမှန်ထိုးရမဲ့ ကာကွယ်ဆေး ထိုး နှံ/တိုက်ကျွေးရေးအစီအစဉ်တွေ အချိန်ကျ မဆောင် ရွက်နိုင်ခဲ့ပါဘူး။ကာကွယ်ဆေးများဟာ ကလေးတွေ တစ်သက်တာအတွက် အလွန် အရေးကြီးတာကြောင့် covid ကာကွယ်၊ ထိန်းချုပ်ရေးနဲ့လုံးပန်းနေရသခိုက်မှာပဲ၊ ကျန်းမာရေးဝန်ကြီးဌာနကဒီအစီစဉ်ကိုစတင် ဆောင်ရွက်နေပါပြီ။ ကလေးမိဘများကလည်း အထူး ဂရုစိုက်ပြီးပူးပေါင်းဆောင်ရွက်စေချင်ပါတယ်။”လို့လည်း အတိုင်ပင်ခံက တိုက်တွန်းထားပါတယ်။ 

ကာကွယ်ဆေးထိုးခြင်း အစီအစဉ်ကို ပုံမှန်အတိုင်းပြန်လည်လုပ်ဆောင်ပေးရာမှာတော့ ကလေးမိဘ/အုပ်ထိန်းသူတွေအနေနဲ့ COVID-19နဲ့ပတ်သက်တဲ့ သတ်မှတ်စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့လိုအပ်တယ်လို့လည်း သိရပါတယ်။ တစ်ရက်ကို ကလေး ၅၀ ဦးနှုန်းသာ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးသွားမှာ ဖြစ်လို့ စာရင်းအရင် ပေးသွင်းဖို့ လိုအပ် တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက မေလ ၁၅ ရက် မှာ သတင်းထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က