ကလေးက ကိုယ်ပူဖျားနာနေတယ်ဆိုပါက ကလေးငယ်ငယ်လေးပဲဖြစ်ဖြစ်ကလေးကြီးကြီးပဲဖြစ်ဖြစ် ပါရာစီတမောအရည်တွေ တိုက်ထားလို့ ရပါတယ်။

ကလေးတစ်ယောက်မွေးဖွားလာပြီဆိုတာနဲ့ အထူးသဖြင့် ကျန်းမာရေးကောင်းမွန်ပြီး မနာမဖျားအောင် ဖေဖေမေမေတို့အနေနဲ့ အထူးစောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ်။

Photo: Freepik

ကလေးဆိုတာ မွေးကင်းစကနေ အသက် ၁ နှစ်၊ အသက် ၁ နှစ်ကနေ အသက် ၅နှစ် ၆ နှစ်အထိ ရောဂါထူပြောနိုင်တယ်လို့ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာခင်ခင်ထားက ဆိုပါတယ်။ ဒါကြောင့်ကလေးတွေမှာ ဘယ်လို ရောဂါတွေ အဖြစ်များသလဲ။ ကလေးတွေအတွက် ဖေဖေမေမေတို့အနေနဲ့ အိမ်မှာ ဘယ်လိုဆေးဝါးတွေ ဆောင်သင့်သလဲ။ ကလေးတွေ မနာမကျန်းဖြစ်ပါက အိမ်မှာ အရေးပေါ်ဘယ်လိုပြုစုကုသသင့်သလဲဆိုတာတွေကို ဖော်ပြပေးသွားမှာြဖစ်ပါတယ်။

Photo: Freepik

ကလေးတွေမှာဘာကြောင့် ရောဂါထူပြောနိုင်သလဲ

ကလေးဆိုတာ မွေးကင်းစနေ အသက် ၁ နှစ်အောက်အတွင်း ခဏခဏနေထိုင်မကောင်းဖြစ်တယ်ဆိုပါက အမေဆီကကူးစက်တယ်လို့ ဆိုရမှာပါ။ အမေက ကိုယ်ဝန်ဆောင်နေစဥ်အတွင်း ကာကွယ်ဆေးတွေ မထိုးထားတာ၊ ကျန်းမာအောင် မနေတာ၊ ရောဂါအခံတွေရှိနေတာစသဖြင့် ဖြစ်ခဲ့ပါက မိခင်ကြောင့် မွေးကင်းစကလေးတွေမှာ ရောဂါထူပြောသွားတတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်စဥ်မှာမိခင်က ကျန်းမာသန်စွမ်းပြီး ‌ရောဂါပိုးမွှားကင်းစင်ပါက မွေးကင်းစကလေးမှာလည်း ကျန်းမာမှာဖြစ်တယ်လို့ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာခင်ခင်ထားက ဆိုပါတယ်။ အမေ ကိုယ်ဝန်ဆောင်စဥ်မှာ ဖျားနာတာ၊ ရောဂါပိုးမွှားပါခဲ့တယ်ဆိုပါက ကလေးမှာကူးစက်နိုင်တယ်ဆိုတာ သတိပြုသင့်ပါတယ်။

Photo: Today Parent

ဘယ်အရွယ်က ရာသီတုပ်ကွေးတွေ အဖြစ်များဆုံးလဲ

ရာသီတုပ်ကွေးဟာ မွေးကင်းစတွေမှာ ဒီလောက်မဖြစ်ဘဲ အများဆုံးကတော့ ကလေးကြီးတွေမှာ ဖြစ်တတ်တယ်လို့ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာခင်ခင်ထားက ဆိုပါတယ်။ အထူးသဖြင့် ၁ နှစ်ကျော်သွားတဲ့ကလေးတွေမှာ ဖြစ်ပြီး ရာသီအလိုက် မိုးရာသီတုပ်ကွေး ဆောင်းရာသီတုပ်ကွေး စသဖြင့် အများကြီးဖြစ်တတ်ပါတယ်။ အခုချိန် မိုးရာသီမှာ ဖြစ်တဲ့အတွက် မိုးဦး၊မိုးလယ်နဲ့မိုးနှောင်းတွေမှာ သွေးလွန်တုပ်ကွေးတွေ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ရာသီတုပ်ကွေးမှာ ရိုးရိုးတုပ်ကွေး၊ အခုလို ကိုဗစ်ကာလမှာ ကိုဗစ်ရောဂါ၊ ဌက်ဖျားအဖြစ်များတဲ့ဒေသတွေမှာ ဌက်ဖျားရောဂါ စသဖြင့် ဒါတွေဖြစ်နိုင်တယ်လို့ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာခင်ခင်ထားကဆိုပါတယ်။


Photo: Freepik

ကလေးတွေ ရုတ်တရက် ဖျားနာခဲ့ပါက ဘယ်လိုပြုစုကုသကြမလဲ

အခုလို ဆေးရုံဆေးခန်းတွေ အလွယ်တကူသွားလို့မလွယ်တော့တဲ့အခြေအနေမှာမိဘတွေအနေနဲ့ မိမိတို့ကလေးတွေ ရုတ်တရက်ဖျားနာ နေမကောင်းတာမျိုးဖြစ်ခဲ့ပါက အ‌ရေးပေါ် ဘယ်လိုပြုစုကုသပေးမလဲ။ ဘာဆေးလေးတွေ တိုက်ထားလို့သင့်သလဲဆိုတာကို သိထားသင့်ပါတယ်။

ကလေးက ကိုယ်ပူဖျားနာနေတယ်ဆိုပါက ကလေးငယ်ငယ်လေးပဲဖြစ်ဖြစ်ကလေးကြီးကြီးပဲဖြစ်ဖြစ် ပါရာစီတမောအရည်တွေ တိုက်ထားလို့ ရပါတယ်။ မွေးကင်းစအရွယ် လသားအရွယ်လေးတွေဖြစ်တဲ့အတွက် ဆေးစက်ချက် အရည်လေးတွေ ထည့်ပေးသင့်ပါတယ်။ အစက်ချတဲ့ဆေးရည်တွေကို မွေးကင်းစ လသားကနေ ၁ နှစ်အထိ တိုက်လို့ ရပါတယ်။‌ ၁ နှစ်ကနေ ၅ နှစ်အတွင်း ကလေးဆိုပါက ကလေးကြီးရင်ကြီးသလို သူ့အသက်‌ေရွယ်အပိုင်းအခြားအလိုက် ပါရာစီတမော အမျိုးမျိုးရှိပါတယ်။ အဲဒါတွေကို သင့်တော်သလို တိုက်လို့ ရပါတယ်။ ကလေးအသက်အပိုင်းအခြားအလိုက် ဘယ်လောက်တိုက်သင့်သလဲဆိုတဲ့ အညွှန်းလေးတွေကို ကြည့်ပြီးတိုက်ပါလို့ ကလေးအထူးကုဆရာဝန်ဒေါက်တာ ခင်ခင်ထားက အကြံပြုပါတယ်။

ကိုယ်အပူချိန်တအားကြီးနေတယ်ဆိုပါက ရေ‌‌‌‌ပတ်တိုက်ပါ။ ချောင်းဆိုးမယ်ဆို ပဋိဇီဝဆေးတွေ တိုက်ပါ။ အဲဒါမှ မသက်သာပါက အ‌ရေးပေါ်ဆေးရုံပြေးပါ။ ကလေးအသက်အန္တရာယ် စိုးရိမ်ရသလားကြည့်ပါ။ ကလေးက နို့မစို့နိုင်အောင်ဖြစ်နေတယ်။ ချွဲတအားကျပ်နေတယ်ဆိုပါက ဆေးရုံသွားသင့်ပါတယ်လို့ ကလေးအထူးကုဆရာဝန်ဒေါက်တာ ခင်ခင်ထားက အကြံပြုပါတယ်။

နောက်ပြီးကလေးဆိုတာ အခန့်မသင်ပါက ဝမ်းသွားနိုင်တဲ့အတွက် အိမ်သုံးဓာတ်ဆားလေးတွေ ဆောင်ထားဖို့ လိုအပ်ပါမယ်။ ဝမ်းသွားတဲ့ကလေးတွေ အဝင်လွယ်တဲ့ ဓာတ်ဆားတွေတိုက်ပါ။ တအားပြင်းထန်တဲ့ လက္ခဏာတွေကတော့ ကလေးက တအားမှိန်းနေတယ်။ မျက်လုံးတွေလဲ ချိုင့်နေပြီ။ မွေးစ လနုနုလေးဆိုငယ်ထိပ်လေးတွေ ချိုင့်နေပြီ။ သေးလည်းမပေါက်တော့ဘူးဆိုပါက ကလေးက သွေးပေါင်တအားကျနေတဲ့ အခြေအနေကို ရောက်နေပြီဆိုတာကို သိထားသင့်ပြီး အမြန်ဆုံး ဆရာ၀န်နဲ့ ကုသမှုခံယူသင့်ပါတယ်။

Share

Loading Next Article...
က္က